NC က ပေးသော အတွေးစ - ၁ (@aggamun)
gaming·@aggamun·
0.000 HBDNC က ပေးသော အတွေးစ - ၁ (@aggamun)

ဒါကတော့ NC ရဲ့ Explorer design ပဲ ဖြစ်ပါတယ်။ ကျွန်တော်က တော့ shipyard lvl 12 တင်နေတုန်းပါ။ Explorer skill ကလည်း lvl 2 ပဲရှိသေးတာကြောင့် မပိုင်ဆိုင်သေးပါဘူး။ miner တွေတင်တဲ့ နေရာမှာ RSS တွေရဲ့ လိုအပ်ချက်က မြင့်မားနေတာကြောင့် ကစားရတာ တန့်နေသလို ဖြစ်နေပါတယ်။ chest ကို ဝယ်ယူဖို့ အချက်ပြနေပြီလို့ ထင်ပါတယ်။ အခုနေ မဝယ်ရင်တော့ အချိန်မီ မပြီးနိုင်ဘဲ battle တွေမှာ နောက်ကျနေနိုင် ပါတယ်။ ဝယ်သုံးလိုက်ရင်တော့ top 100 မှာပါ ဝင်ဖို့ အနေအထားတွေ ရှိပါတယ်။

ဝယ်သုံးပြီး ရောက်လာနိုင်မယ့် lvl ကို သေသေချာချာ ချိန်ပြီး ဝယ်လိုက်တော့ပါမယ်။ ဒီအချိန်က ဝယ်ယူဖို့ အကောင်းဆုံး အချိန်လို့ အချက်ပြနေပါပြီ။ ဒီလအကုန် miner တွေ lvl အကုန် တင်မယ်လို့ ချိန်ထားပေမဲ့ skill ရော building ရဲ့ RSS လိုအပ်ချက်က ထုတ်လုပ်နိုင်စွမ်း ထက်ကို ပိုမို ကုန်ကျနေပါတယ်။ ဒါကို အာရုံစိုက်မိရင် တစ်လလောက် ထပ်စောင့် ရတော့မှာပါ။ ဂိမ်း အသစ်များရဲ့ ထုံးတမ်း အစဉ်အလာ အရ ဒီတစ်လက တန်ဖိုးကြီးပါတယ်။ နောက်ကျခဲ့ရင် ကိုယ့် သမိုင်းနဲ့ ကိုယ် ပဲ ဖြစ်သွားလိမ့်မယ် ထင်ပါတယ်ဗျ။

miner တွေက မတင်လို့လည်း မရဘူးနော်။ Explorer ရဲ့ build cost မှာပဲ ကြည့်ကြည့် ဂိမ်းတည်ထောင်သူ တို့ရဲ့ ဆိုစကား ကို ပဲ ကြည့်ကြည့် Uranium ရဲ့ ကဏ္ဍက မြင့်မားနေပါပြီ။ လေးခု လုံး ပြည့်စုံမှ လုပ်လို့ရတဲ့ အလုပ် တစ်ခုအတွက် တစ်ခုခုက လိုအပ်နေမယ်ဆို အသည်းယားဖို့ ကောင်းနေမှာပါ။ ပြီးတော့ Uranium ရဲ့ miner ကို ကောင်းကောင်း အဆင့်မြင့်ပေးနိုင်တဲ့ skill ကလည်း lvl 20 နားမှာ ဆိုတော့ ကျွန်တော်တို့ STEEM လေးတွေက အငွေ့ ပြန်နိုင်စွမ်း မြင့်မား လာမှာတော့ သေချာနေပါတယ်။ ဟုတ်တယ်လေ နဂိုတည်းက ဘယ်လောက်မှ ရှိတာ မဟုတ်။

ဆိုတော့က ဒီစိန်ခေါ်မှုတွေ ကြားထဲမှာ ကျွန်တော်တို့ အတွက် အကျိုးအမြတ် ကျန်အောင် လှုပ်ရှားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အင်အား နည်းသူတွေဆိုတော့ စုပေါင်းအား မဟုတ်ရင်တော့ ခက်ခဲနေမှာ သေချာနေပါတယ်။ အခုထဲက plan ချပြီး အဆင်သင့် ပြင်မထားခဲ့ရင် နောက်လ battle တွေ ပွင့်လာရင် ပိုခက်ခဲနိုင်စရာ ရှိမယ်လို့ မြင်ပါတယ်။ အခုအခါ တော့ community တစ်ခုရဲ့ ရုန်းကန်နိုင်စွမ်း ကိုလည်း မြင်နိုင်လာခဲ့ပါပြီ။

တကယ်တော့ ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော်တို့ myanmar community မှာ အမြင် တစ်မျိုးဆီနဲ့ ထူးချွှန်သူတွေ ရှိပါတယ်။ သူတို့ အားလုံးကို စုစည်းနိုင်တဲ့သူ ခေါင်းစဉ် တစ်ခုထဲ အောက်ကို ပို့ဆောင်နိုင်တဲ့သူ မပေါ်သေးတာ လို့ ယူဆမိပါတယ်။ ဥပမာ ပေးရရင် ထင်းချောင်း တွေက နေရာအနှံ့ပါ။ စည်းနှောင်ဖို့ ကြိုးတစ်ချောင်း သာ လိုနေပါတယ်။ အဲဒီ ကြိုးလေးက ဘယ်သူ ဖြစ်လာမလဲ?

ပြန့်ကျဲနေတော့ ထင်းစည်းလောက်တော့ ခိုင်မာမှု ဘယ်ရှိပါ့မလဲ။ အခြား ထင်းစည်း တွေကလည်း လေးစားမှု ဘယ်ရှိပါ့မလဲ။ ဒီတော့ ထင်းစည်းတွေကလည်း ကျိုးလွယ်ပြီး တစ်ချောင်းပြီး တစ်ချောင်း ကျိုးကုန် တာပေါ့။ ထင်း မစစ်တာလည်း ပါနိုင်ပါတယ်။ တင်းကျပ်လွန်းတဲ့ ရေပိုက်ခေါင်း တစ်ခုက ပွင့်ထွက်လာရင် ရေတွေ ဒလဟော ထွက်ကျလာသလို ကျွန်တော်တို့ နိုင်ငံကလည်း ဒီမိုကရေစီ ရကာစ ဆိုတော့ ကွဲလို့ ကောင်းလိုက်တာဗျ။ ပါတီတွေလည်း ကွဲ။ အဖွဲ့အစည်း တွေလည်းကွဲ။ အနုပညာ ရှင် တွေ၊ စာရေး ဆရာတွေ၊ ကာတွန်း ဆရာတွေ၊ ကျောင်းသားတွေ၊ ဘုန်းကြီးတွေ၊ ချစ်သူတွေ၊ အကုန်ကွဲလို့ ကောင်းနေကြတုန်း ပါပဲ။ တစ်ချိန်ချိန်တော့ ရေပိုက်ခေါင်းက ရေက ပုံမှန် ရေစီးကြောင်း အတိုင်း ပြန်လည်စီးဆင်းမှာ ဖြစ်သလို ကျွန်တော်တို့ အကွဲတွေလည်း အရှိန်သေရင် ပြန်စုစည်း ကြပါလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အခု စတီးမစ်က community ကြီးလည်း အရှိန် မြန်မြန် ကုန်ပြီး ထင်းချောင်းတွေ စုစည်း ချည်နှောင်မဲ့ ထင်းစည်းကြိုး လေး တစ်ချောင်း မြန်မြန် ထွက်ပေါ်လာပါစေ လို့ ဆုတောင်းနေမိသည်။

https://nextcolony.io

So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

Using share2steem.io : https://share2steem.io/?ref=aggamun

My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-22-aggamun

Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=178

👍 yehtetaung, karpo, cedallesa, arerou, elyas3, ededi, udiors, ogerado, tintu, nensatyou, cuterra, useanen, teecouco, aryanas, tidrail, zaset, inton6, athengus, coonoff, yitra, ofusesess, tisin, ukraineinhard, aybayoon, ichuad, yeress, ronced, ickented, oringong, onononout, inale, greenjoykin, peert, reaten, sarasto, ilasu, dedite, redonese, essotu, ucett, antar7, teessasto, ceary, gurond, tendofile, rioneds, xumsofe, haterored, kedyeano, kanatulio, idime, ezesting, uliowil, ebiresito, lurtomyo, alyishily, edese, horsup, sam99, toneseng, laithut, loffut, tiontusin, blackfrog, zoflichi, ownea, oredonere, olaporac, orold, rambleroid, ofrish, itioro, sindist, offidya, yathusisi, iteneneda, ojulimald, edsay, istou, hitalyet, ederoror, ilyin, futuramer, edeno, amarenti, fullu, suralliti, rende3, yenca, olsedda, rienidl, sbi5, myothuzar, naythan, golden-dream-mm, jarunik, hnineikhaing, nextcolony, potplucker, legendarydragons, lyanna, cpufronz, mmunited, mmcg, prometheus2, ptcmyanmar, yee900, moemoe1998, mmsupporter1, lucifier, lucifer2,