ခိုးစားတဲ့အသီးတိုင်းမချိုပါဘူး
myanmar·@ahtaroo·
0.000 HBDခိုးစားတဲ့အသီးတိုင်းမချိုပါဘူး
 သေခြင်းတရာနဲ့ ငှက်ဆိုးတွေရဲ့ကြားက အမြင်ရတဲ့ ဆက်သွယ်မှုတစ်ခုလို ထောင်နေတဲ့ လက်ဖက်ခြောက်ရိုးလေးနဲ့ ငါ့အကြားဆက်သွယ်မှု လရောင်အောက်ကျကွဲသွားတဲ့ စဥ့်ပန်းအိုးလေးရဲ့ အနှေးပြကွက်မှာ တစ်စစီပြန့်ကျဲနေသော ထမင်းလုံးတစ္ဆေအခြောက်ခံလိုက်ရတဲ့ အိပ်မက်တွေ လက်ပြန်ငှဲ့သောက်ခဲ့ရတဲ့ညနေခင်းတွေ ကြယ်အကြွေတွေကိုမျှော်မောရင်း ညထဲအဖော်မဲ့နေတဲ့ ဇီးကွက့်ရုပ်လေးတစ်ရုပ်လို ငွေဝင်ဂါထာတစ်ပုဒ်နဲ့ အင်္ကျီကိုပြောင်းပြန်ဝတ်ထားတဲ့စိတ်ကူး တာအထွက်မှာပဲပြတ်ထွက်သွားတဲ့ ဖိနပ်တရံ ရပ်နေတဲ့စနေနံနာရီတစ်လုံး အနာဂတ်ဟောစာတမ်းတစ်စောင်နဲ့ အခန်းလွတ်တွေထဲက ခြေသည်းခွံများ မီးလောင်ပေါက်တွေနဲ့ငါ့မိသားစုခြင်ထောင် အိုးစွပ်မစားခွက်စွပ်မစားသံသယများနဲ့ ငှက်ဆိုးတွေကြောင့်မိုးလင်းခဲ့ရတဲ့ငါ့ဘဝ တကယ်ဆို ခိုးစားတဲ့ အသီးတိုင်းတော့ မချိုခဲ့ပါဘူး......  @ahtaroo MSC- 004  သေခြင်းတရာနဲ့ ငှက်ဆိုးတွေရဲ့ကြားက အမြင်ရတဲ့ ဆက်သွယ်မှုတစ်ခုလို ထောင်နေတဲ့ လက်ဖက်ခြောက်ရိုးလေးနဲ့ ငါ့အကြားဆက်သွယ်မှု လရောင်အောက်ကျကွဲသွားတဲ့ စဥ့်ပန်းအိုးလေးရဲ့ အနှေးပြကွက်မှာ တစ်စစီပြန့်ကျဲနေသော ထမင်းလုံးတစ္ဆေအခြောက်ခံလိုက်ရတဲ့ အိပ်မက်တွေ လက်ပြန်ငှဲ့သောက်ခဲ့ရတဲ့ညနေခင်းတွေ ကြယ်အကြွေတွေကိုမျှော်မောရင်း ညထဲအဖော်မဲ့နေတဲ့ ဇီးကွက့်ရုပ်လေးတစ်ရုပ်လို ငွေဝင်ဂါထာတစ်ပုဒ်နဲ့ အကျႌကိုပြောင်းပြန်ဝတ်ထားတဲ့စိတ်ကူး တာအထွက်မှာပဲပြတ်ထွက်သွားတဲ့ ဖိနပ်တရံ ရပ်နေတဲ့စနေနံနာရီတစ်လုံး အနာဂတ်ဟောစာတမ်းတစ်စောင်နဲ့ အခန်းလွတ်တွေထဲက ခြေသည်းခွံများ မီးလောင်ပေါက်တွေနဲ့ငါ့မိသားစုခြင်ထောင် အိုးစွပ်မစားခွက်စွပ်မစားသံသယများနဲ့ ငှက်ဆိုးတွေကြောင့်မိုးလင်းခဲ့ရတဲ့ငါ့ဘဝ တကယ်ဆို ခိုးစားတဲ့ အသီးတိုင်းတော့ မချိုခဲ့ပါဘူး......  @ahtaroo MSC- 004