အားကျသဗျာ

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@ansoe·
0.000 HBD
အားကျသဗျာ
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

Hive Platform ပေါ်က အချို့ အချို့သော မိတ်ဆွေတွေတော့ အဆင်ပြေပြီး မြေကွက်တွေတောင် ဝယ်ယူပြီး အိမ်ဆောက်ဖို့တောင်အားခဲ‌နေကြတာ မြင်ရတော့ ဝမ်းသာမိသဗျ... Steem Platform ကစလို့ အခု Hive Platform အထိလိုက်လာကြတဲ့သူ‌တွေထဲမှာ မြေကွက်ဝယ်ယူသွားနိုင်သူ နှစ်ဦးရှိသွားပြီထင်ပါတယ်... ပထမတစ်ဦးက @domelay ဖြစ်ပြီးတော့ အခုနောက်တစ်ဦးကတော့ @tin.aung.soe  ဖြစ်ပါတယ်...
______________
![](https://images.ecency.com/DQmb2KRu7AP5CXuM6SdKF8n9ZnDhaTzH5inqRJkwNQH5uU8/river.png)
_______________
အခြားသူတွေရှိရင်လည်းပြောကြအုံး 😅 ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ရသည်ဖြစ်စေ ဝမ်းသာမိတာတော့ အမှန်ပါ... ကောင်းမွန်တဲ့သတင်း‌လေးတွေကို ကြားသိချင်ပါတယ်... ဟိုးအရင်တုံးကလို တစ်ဦးကိုတစ်ဦး အပြန်အလှန်မကူညီနိုင်ကြတဲ့အခြေအနေဖြစ်ပေမယ့် နောင်တစ်ချိန်မှာတော့ အဲသလို အပြန်အလှန်ကူညီနိုင်လာအုံးမယ်လို့ ထင်ပါတယ်...

ကျွန်တော်တို့ရဲ့ Leader ကြီးလည်း ဘာတွေများအလုပ်တွေရှုပ်နေသလဲမသိပါ... Hive Platform ပေါ်မှာ မတွေ့ရတော့ပဲ Vote ပေးပြီးသကာလ ပျောက်ချက်‌သားကောင်းနေပါတယ်... **အလုပ်တွေပဲ ရှုပ်နေသလား? အရှုပ်တွေပဲ လုပ်နေသလား?** ဆိုတာတော့ ကျွန်တော်မသိပါ... Leader ကြီးရဲ့ ပို့စ်တွေကို မတွေ့မမြင်မိတာ အတော်လေးတောင်ကြာသွားပြီလို့ ထင်ပါတယ်...

Steem မှသည် Hive ဆီထိရောက်အောင် ချီတက်‌နေကြသူများကိုလည်း ချီးကျူးမိပါတယ်... ကျွန်တော်ကတော့ ရပ်လိုက် သွားလိုက်လုပ်နေခဲ့မိပါတယ်... အချိန်အားနေရင်တော့ မဖြစ်မနေ Hive ကိုလာဖြစ်ပါတယ်... ရှိသမျှပါဝါလေး ကုန်သွားပေမယ့် အားမလျော့ပါဘူး... ဆက်လက်ချီတက်နေအုံးမှာဖြစ်ပါတယ်... သူများတွေလို မြေကွက်ဝယ် တိုက်ဆောက်နိုင်သည်အထိပေါ့ဗျာ 😝

အဖက်ဖက်က ဖိအားတွေများပြားနေတဲ့အတွက် ခဏလေးမှ စိတ်သက်သာရာရရဆိုပြီး ရေးတင်လိုက်ခြင်းဖြစ်ပါတယ်... စီးပွားရေးလုပ်ငန်းတွေအဆင်ပြေသလားလို့တော့ ‌မမေးတော့ဘူး... အများစုက အဆင်ပြေဖို့မလွယ်ကူဘူးဆိုတာ သိသာနေတာပဲလေ... အာ့ကြောင့် မြေကွက်ဝယ်နိုင်တဲ့နှစ်ယောက်ကို အားကျပြီး လုပ်နိုင်အောင် ရေးမိတာပါ...  တော်လောက်ပါပြီ... ဆက်ရေးရင် အဆဲခံရနိုင်တယ် 😅
_____________
အားလုံးကို‌ လေးစားလျှက် -
____________________
## @ansoe
👍 , , , , , , , , , , , , , , , , ,