အထောက်အကူ ရပါစေသား
hive-122133·@ansoe·
0.000 HBDအထောက်အကူ ရပါစေသား
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ..... ကျွန်တော်တို့ စာတွေရေးပြီး Post တွေနေ့စဉ်အပြေးအလွှားတင်နေကြရပါသော Hive Platform ကြီးမှာ မြန်မာလိုစာတွေရေးတဲ့အခါ Vote ကောင်းကောင်းမရကြပါဘူး။ English လိုရေးပြီး သူတို့ရဲ့ Community တွေသွားတင်ကြရင်တော့ Vote ကောင်းကောင်းရတတ်ပါတယ်။ _______  _______ English လိုကျွမ်းကျွမ်းကျင်ကျင်ရေးသားနိုင်သူတွေကတော့ အဲဒီ Community တွေမှာ သက်ဆိုင်ရာအကြောင်းအရာတွေရေးတင်နိုင်ကြပေမယ့် ကျွန်တော်လို E လို မကျွမ်းမကျင်တဲ့သူတွေအတွက် အခက်အခဲဖြစ်စေပါတယ်။ E လိုက Post ရေးတင်လိုက်ရုဲ့နဲ့မပြီးပဲ Comment တွေမှာ Reply လည်းပြန်နိုင်မှဖြစ်မယါ။ ဒီတော့ မြန်မာလိုရေးပြီး Hive-Myanmar တင်နေကြပေမယ့် ပြား ၅၀ ပြည့်အောင်မရကြပါဘူး။ ခုရက်ပိုင်းမှာ Ecency က အဆင်မပြေဖြစ်နေတဲ့အပြင် Boost လုပ်ဖို့ ပို့လိုက်သမျှအကုန်လုံးနီးပါးက ပြန်ပြန်ပြီးတော့ ပို့နေပါတယ်။ အဲဒါကြောင့် မဖြစ်စလောက် Point ပိုပိုနေပါတယ်။ ဒီတော့လည်း ရချင်တဲ့သူရပါစေလို့ဆုံးဖြတ်ပြီး Hive-Myanmar မှာတင်တဲ့ Post တွေကို Boost ပေးလိုက်ပါတယ်။ ကံကောင်းကြသူတွေကတော့ Ecency Vote ရကြပေမယ့် ကံမကောင်း အကြောင်းမလှတဲ့သူတွေကတော့ Vote မရကြဘူးပေါ့။ ကံမကောင်း အကြောင်းမလှတဲ့သူတွေထဲမှာ ကျွန်တော်လည်းပါသဗျ။ ဘယ်အချိန်ပို့ပို့ ပြန်ပို့ခံနေရပြီး တခါမှ Vote မရဘူး။ အတော်ချစ်ရှာတယ်ထင်ပါ့ 😁  _____  _____ ပြီးခဲ့တဲ့လကုန်က Power Up Day မှာပါဝင်ခဲ့တဲ့အတွက် ဆုရရှိခဲ့ပါတယ်။ 500 Hive Power Delegate ရခဲ့တာပါ။ အချိန် ၄ ပတ်ပေါ့။ Sponsor ကတော့ @zekepickleman ပဲဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ Thank you so much @zekepickleman. နည်းနည်းလေးပဲဖြစ်ဖြစ် Hive-Myanmar မှ မြန်မာလိုရေးနေကြသူများအတွက် အထောက်အကူရစေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ **သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။** _______ အားလုံးကို လေးစားလျှက် - _________ @ansoe
👍 johndieo, golden.future, tin.aung.soe, naythan, lolz.alive, dmhafiz, lolz.oneup, wearealive, sawlwin, aggamun, lwinlwinmyint, heinkhantmaung, lolz.fun, suhlaing, hiq.hive, hiq.fun, hiq.oneup, hiq.redaktion, hiq.smartbot, hiq.smartcast, quekery, smooms, mary-me, hiq, carmate, patriamcaritatis, damus-nostra, hiq.magazine, hiq.shares, mugglow, hiq.witness, craftink, abenteurer-dan, r0nny, lu1sa, ansoe, aein.shwin.lann, myanmarkoko, princekham, ayemyint, myothuzar, myatnoepro, kachinhenry, htwegyi, saikaungzawthant, zekepickleman, kaunglay2,