ကိုယ့်ဒုက္ခ ကိုယ်ရှာ ဒုက္ခိတဖြစ်နေသူ

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@ansoe·
0.000 HBD
ကိုယ့်ဒုက္ခ ကိုယ်ရှာ ဒုက္ခိတဖြစ်နေသူ
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းရှိတဲ့အတွက် ‌မြန်မာနိုင်ငံနေရာအတော်များများမှာ မိုးရွာနေတယ်လို့သိရတယ်။ ကျုပ်တို့ဆီမှာတော့ မိုးတဖြောက်ဖြောက်ကျနေတာ နှစ်ရက်နဲ့တစ်ည ရှိသွားပြီ။ မိုးရာသီမှာ မိုးကောင်းကောင်းမရွာခဲ့ပါပဲနဲ့ ဆောင်းဦးကာလရောက်မှ မိုးရွာတော့ တစိမ့်စိမ့်နဲ့ အအေးဓာတ်က နှိပ်စက်နေသဗျ။ နေလုံးကို တိမ်ထုကြီးက ဖုံးကွယ်ထားတဲ့အတွက် နေရောင်မမြင်ရတာ နှစ်ရက်ရှိသွားပြီပေါ့ဗျာ။
___________


![](https://images.ecency.com/DQmT81UKMz6xXnMgFG2uSeQYm16WrCN6uWkEVBk2tLtRJBz/1700297155153.jpg)

____________

ရေးချင်တာက မိုးအကြောင်းမဟုတ်ပေမယ့် ကြုံကြိုက်လို့ထည့်ရေးတာပါ။ ‌ကမ္ဘာပေါ်မှာ အချို့လူတွေက ကိုယ့်ဒုက္ခကိုယ်ရှာပြီးတော့ ဒုက္ခိတဖြစ်နေကြတယ်။ အများအားဖြင့်ကြည့်လိုက်ရင် ထူးဆန်းအံ့ဩဖွယ်ဖြစ်နေတတ်ကြတယ်။ အဲဒီလိုလူတွေက ဘယ်သူ့အတွက်မှ အကျိုးမပြုသလို သူတို့အတွက်လည်း ဘာမှအကျိုးမဖြစ်တာကို မြင်မိတယ်။
________


![](https://images.ecency.com/DQmQDbYQygP5yjYZTpwVGJfSFK8Td1cXFAiCTZzHGA4GkKg/1700297221343.jpg)

________

ကမ္ဘာ့ ဆံပင်အရှည်ဆုံးလူသားတို့ လက်သည်းအရှည်ဆုံးလူသားတို့ စသည်ဖြင့် ဂရင်းနစ် စံတော်ချိန်တင်သွားကြတဲ့လူအချို့ကို ဆိုလိုတာပါ။ မရိုးမသားဘက်မလိုက်ပဲ အမှန်အတိုင်းစဉ်းစားကြည့်ပါ။ ဆံပင်အရှည်ဆုံးဆိုတဲ့လူတစ်ယောက်ရဲ့ ဆံပင်ကို ထိန်းသိမ်းရမယ့်ဒုက္ခ၊ လက်သည်းအရှည်ဆုံးဆိုတဲ့လူရဲ့ ကွေးကွေးကောက်ကောက်လက်သည်းတွေကို ထိန်းသိမ်းရတဲ့ ဒုက္ခကိုတွေးကြည့်ပါ။
________


![](https://images.ecency.com/DQmcrtUpbeVe8TESEVpuc6cmUNQJ5DxFMAQsmz4eFjmuYJZ/1700297327136.jpg)

_________

ဆံပင်အရှည်ဆုံးလူသားက လူသားတွေရဲ့အကျိုးကို ဘယ်လိုများအထောက်အကူရသလဲ။ လက်သည်းအရှည်ဆုံးလူသားကရော သူ့ထမင်းဟင်းတောင် ကောင်းကောင်းစားနိုင်ရဲ့လား။ ကိုယ့်ဒုက္ခကိုယ်ရှာနေတဲ့သူတွေပဲလို့မြင်မိတယ်။ ဘယ်သူ့မှအထောက်အကူမပေးနိုင်တဲ့အပြင် သူတို့ကိုတောင် အခြားလူအနည်းဆုံး တစ်ယောက်လောက်က အကူအညီပေးနေကြရအုံးမယ်ထင်တယ်။
_______


![](https://images.ecency.com/DQmYfsxYnVtKLnQTwWRCBWmnF8WiPKTrLEcBhHFmRsJDJ5o/1700297546531.jpg)

________

ဒီလိုဘာမှ အကျိုးမပြုတဲ့သူတွေကို မှတ်တမ်းတင်နေကြတဲ့သူတွေကိုလည်း အံ့ဩမိပါရဲ့။ မှတ်တမ်းတင်သင့်တာတွေ လူအများရဲ့အကျိုးဖြစ်စေတဲ့အရာကို တီထွင်ဆန်းသစ်ပြီး အကျိုးပြုသူကို မှတမ်းတင်တယ်ဆိုတာကမှ ဟုတ်ပါသေးတယ်။ ရူးကြောင်ကြောင်အတွေးနဲ့ ရူးကြောင်ကြောင်အလုပ်က ဘယ်သူတွေကို အထောက်အကူရလို့ မှတ်တမ်းတင်သလဲတော့ နားမလည်နိုင်ပါဘူး။ စိတ်ထဲ‌ဘဝင်မကျလို့ တင်ပြဖို့ စာအဖြစ်ရေးလိုက်တာဖြစ်လို့ မတိုက်ဆိုင်ခဲ့ရင် ခွင့်လွှတ်ကြပေတော့ဗျို့။


__________

**သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။**
___________
အားလုံးကို လေးစားလျှက် -
____________
## @ansoe


![](https://images.ecency.com/DQmVNF6MFLEEvvqqQnVtraAqhWJZnyvjdVg9mnnzNQLY1MR/1700314117670.png)


(ပုံတွေနဲ့ စာနဲ့တော့ သက်ဆိုင်မှုရှိမှာမဟုတ်ပါ။ အခြားသူတွေရံ ပုံကို ယူမသုံးချင်လို့ ကိုယ့်မှာ ရှိတဲ့ပုံနဲ့ တင်လိုက်ရခြင်းဖြစ်ပါတယ်။)
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,