ညီစေ
hive-122133·@ansoe·
0.000 HBDညီစေ
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ... စာရေးဖို့တာစူနေသည်... တာစူမရ... ရေးစရာခေါင်းထဲရောက်လိုက် အလုပ်ကလေးထလုပ်လိုက်ဆိုတော့ ရေးစရာပျောက်ပျောက်သွားပေသည်... အားမလျော့ ဇွဲမလျော့ ကြိုးစားပမ်းစား စဉ်းစားတွေးလို့ ပို့စ်တစ်ခုဖြစ်အောင် ရေးလိုက်ပါသည်... ကောင်းသည် မကောင်းသည် ဤနှစ်လီ ကျွန်တော်မသိပါ... ရေးသာရေးပါ တွေ့ကရာ စေရာရေးကြပါ 😁 အဟုတ်ပါဗျာ... တကယ့်ကို တွေ့ကရာ ပေါက်ကရ ဖော်တီး ရေးရမလိုပဲ... ဘာမှ စဉ်းစားလို့မရဘူး... ________________  ____________________ အဲ-အခုတစ်လော ရပ်ကွက်တွေထဲမှာ ညညဆိုရင် ဆိုင်ကယ်အုပ်စုတွေ ကားတွေနဲ့ အုပ်စုလိုက် အိမ်တွေကို ဖောက်ထွင်း ခိုးယူ ဓားပြတိုက်နေတဲ့အသံတွေ ကြားနေရသဗျ... အုပ်စုလိုက် ပစ္စည်းစုံ ရေးမီးအကုန်နဲ့ သံပန်း သံတံခါး ချိန်းကြိုး မိန်းကြိုး အကုန်အစုံ ဖြတ်တောက်ပြီး အလွယ်တကူ ခိုးယူနေကြလေရဲ့... မြင်သူလည်း အန္တရာယ်ပြုမစိုးလို့ မပြောရဲ မအော်ရဲ မဆိုရဲ အသာငြိမ်ကုပ် တုတ်တုတ်မှ မလှုပ်ရဲကြပဲ သူခိုးပြေးမှ ထိုးကွင်းထပြီး ခိုးခံရသူတို့အိမ်ကိုနှိုး ဓားကိုကိုင်လို့ တုတ်ကိုဆွဲ သူခိုးအုပ်စုကတော့ အပြုံးမပျက် ဝါးလုံးကွဲရယ်နေကြလေရဲ့... လူကမညီ အကြောက်ကပိုတော့ ညစဉ် ညတိုင်း သူခိုးတွေ အတင့်ရဲ သောင်းကျန်းလို့ ငါ့အိမ် ငါ့ယာ ဘယ်အချိန်လာဖောက်မလဲ စိုးထိတ်နေရတဲ့အဖြစ်တွေ သူခိုးအော်လို့ အရင်လို တစ်ရပ်ကွက်လုံးထွက်လိုက်ဖို့နေနေသာသာ သူခိုး ခိုးနေတာကို မြင်နေတာတောင် ကိုယ့်အိမ်တံခါး လုံအောင်ပိတ်ပြီး တိတ်တဆိတ်နေကြလေတော့ သူခိုးတွေ အတင့်ရဲပြီး သောင်းကျန်းလာတာ အဆန်းမဟုတ်တော့ဘူးပေါ့... ဟဲ့ကောင်ရေ ငါ့အိမ် သူ့အိမ် မခွဲခြားနဲ့ သူခိုး သူခိုး အော်သံကြားရင် မီးခလုတ်လေးတွေကို အိမ်တိုင်းဖွင့်လို့ အဟွတ် ဟွတ် ချောင်းသံပေး ဒုတ်ဆွဲသလို ဓားဆွဲသယောင် လုပ်ပေးရင်ကို သူခိုးပြေးပါတယ်... ကိုယ့်အိမ်ကိုယ်စောင့်နေရုံနဲ့ သူခိုးကမပြေးဘူး... သူခိုးအော်ပြီး လူစွမ်းကောင်းလုပ် တစ်ယောက်ထဲတော့ မထွက်လေနဲ့ အပြင်မရောက်ခင် သူခိုးအုပ်စုက ဓားနဲ့ဆီးခုတ်လို့ ဇတ်ပြုတ်ပြီး မာလကီးယားသွားနိုင်တယ်... သူခိုးမြင်ရင် အသံပေး ဘေးအိမ်ကလူတွေနှိုးလို့ တီးစရာမရှိ ဒန်အိုးသာနာနာတီးရင်ဖြင့် မနိုးဘယ်သူရှိလိမ့်မလဲနော်... ကူပါ ညီပါ တိုက်တွန်းနေလဲ ကိုယ့်အိမ်မဟုတ် ကိုယ့်ပစ္စည်းမဟုတ်လေတော့ မမြင်ချင်ယောက်ဆောင်လို့ မသိချင်ယောင်ဆောင်လို့ နေလေသမျှတော့ သူခိုးအုပ်စုအကြိုက်ပေါ့မောင်ရယ်... ဒီတော့ လူညီ လူညီ တစီစီအော်နေတာ အလကားမဟုတ်... တိုင်စရာ တောစရာ ကိုလှရွှေလည်း မသိချင်ယောင်ဆောင်လို့ နေလေရဲ့... ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ်တိုင်ကာကွယ်မှ သူခိုးအုပ်စု ရန်ကနေ လွတ်နိုင်မယ်လေးလို့သာ အော်လိုက်ပါရဲ့... လူညီကြပါစေသတည်း... အားလုံးကို လေးစားလျှက် - __________________ # @ansoe _____________________ 
👍 limka, mariuszkarowski, fatman, investegg, voter003, tin.aung.soe, myintlwinsoe, princekham, caesarsupaimin, lwanwai, sawlwin, aunggyi100, suhlaing, viviankay00, myanmarkoko, walarhein, saikaungzawthant, donjaun, johndieo, ansoe, dpakyaw, mamamyanmar, htwegyi, heinkhantmaung, harpreetjanda, kachinhenry, sayalu, kaunglay2, callmemaungthan, bhattg, good-karma, esteemapp, esteem.app, ecency, ecency.stats, photographercr, waivio.welcome, waivio.com,