Android System များအတွက် လေ့လာမိသလောက် (၁၅)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@arkarphyo·
0.000 HBD
Android System များအတွက် လေ့လာမိသလောက် (၁၅)
![Android.jpg](https://steemitimages.com/DQmRghFo5iBEe91zhhbr2C3GyLdcVj9xahuE9rwKZsW1RKQ/Android.jpg)

မင်္ဂလာပါ Steemit မန်ဘာများ ခင်ဗျာ...
ကျွန်တော် အရင် Posts မှ Setting အကြောင်းများကို ဆက်လက်၍ ပြောပြပေးပါမယ်... အားပေးကြပါဦးခင်ဗျ..

အောက်မှာ Setting ပုံကိုပဲ ထပ်မံထည့်သွင်းပြီး ပြောပေးပါမယ်...အောက်ပါပုံသည် Samsung Galaxy J7 Prime Android Version 6.0 UI တွင် ရိုက်ကူးထားသော Screenshoot ဖြစ်ပါသည်။ အခြားဖုန်းများနှင့် စကားလုံးများ ကွဲလွဲမှု ရှိနိုင်ပါသည်။ သို့ပေမယ့် သဘောတရားများမှာ အတူတူသာဖြစ်ပါတယ် ခင်ဗျာ။

ယခင်Post တွင် Smart Manager နှင့် Smart Manager အတွင်းရှိ Settings များကို တင်ပြခဲ့ပြီးဖြစ်သောကြောင့် ယခု Smart Manager အောက်မှာ Applications မှစတင် ဖော်ပြပေးပါ့မယ်..

![Screenshot_20180113-202131.png](https://steemitimages.com/DQmNXaYbWzBvrP7zWvxBHBAxyP4GdYDtc7fBtdCfqAYH3mC/Screenshot_20180113-202131.png)

![Screenshot_20180203-112435.png](https://steemitimages.com/DQmWZBF2S6r2Xe46JAb7jKqcepzDqZRBSZCJwNbW8Etovw7/Screenshot_20180203-112435.png)

Applications အတွင်းသို့ဝင်ရောက်လိုက်လျှင် အထက်ပါ ပုံအတိုင်းမြင်တွေ့ရမှာပါ...
Application manager နှင့် Default applications ဆိုပြီးထပ်ရှိပါတယ်..
Application manager အတွင်းသို့ ၀င်ပြီး ညာဘက် အပေါ်ထောင့်မှ More ကိုနှိပ်ကြည့်ပါ...

![Screenshot_20180203-112442.png](https://steemitimages.com/DQmY4FjCujh5ize9qxTw8rx2FJCovfhAAwuEoXErww5RNDh/Screenshot_20180203-112442.png)

![Screenshot_20180203-112452.png](https://steemitimages.com/DQmZz8QiE953UkwRfSL3sh8sarK2nhNX6TEKkPtDA6j3oBm/Screenshot_20180203-112452.png)

Sort by size ဆိုတာ Application တွေကို MB အနည်းအများ စီစဉ်ပေးမှာဖြစ်ပါတယ်..
Sort by size ကို နှိပ်ပြီးသွားလို့ တစ်ခါ ပြန်နှိပ်ရင် Sort by name ဖြစ်သွားပါမယ်.. နာမည် အစဉ်အလိုက် စီမှာပေါ့ဗျာ...
Show system apps ကတော့ System အတွက် လိုအပ်တဲ့ Applications တွေကို ယခုအနေအထားမှာ ဖျောက်ထားတယ် ပေါ်ချင်ရင် Show system apps ကိုနှိပ်ပေးရမှာပါခင်ဗျ... သူ့ကို နှိပ်ပြီး တစ်ခါ ပြန်နှိပ်မယ်ဆိုရင် Hide system apps ဖြစ်မှာပါ.. ပြန်ဖျောက်ထားမယ်ပေါ့... အသုံးလိုရာ သုံးနိုင်ပါသည်။ ထွေထွေထူးထူးပြောရန်မရှိပါ..

နောက်တစ်ခု Apps that can appear on top ဆိုတာကို နှိပ်လိုက်ပြီး Lock Screen လိုနေရာမျိုးနဲ့ Pop Up ကျတဲ့ Apps တွေကို ပိတ်ချင် ရင်ပိတ်ထားလို့ရပါတယ်.. ဥပမာ Viber ကနေ မက်ဆေ့ဝင်လာရင် အပေါ်မှာ ကိုယ်ဘာသုံးနေနေ တက်လာတယ်မလား... အဲ အဲ့လို တက်လာတဲ့ ဟာကို တက်မလာစေချင်ရင် Apps that can appear on top ကို ၀င်ပြီး Viber ဘေးက ခလုတ်ကို ပိတ်ထားလိုက်ရင် တက်ပါဆိုတောင် မတက်တော့ဘူး ... အဲ့လိုပြောတာ...
Change  system settings ကတော့ ပြောရမယ်ဆိုရင် တစ်ချို့ Applications တွေက System ထဲက Settings တွေကို အလိုအလျောက် ပြုပြင်ပြောင်းလဲနိုင်တယ်ဗျ.. wifi ဖွင့်တာတို့ bluetooth ဖွင့်တာတို့ စသည်ဖြင့်ပေါ့... ဒါမျိုးတွေ မလုပ်စေချင်ရင် သူတို့ကို system change ခွင့်မရှိအောင် သွားပိတ်ထားလို့ရပါတယ်..
အောက်ဆုံးက Reset app preferences ကတော့ Application တွေကို default ထားထားတာတို့ system အတွင်းက settings တွေကို ပုံသေ သတ်မှတ်လိုက်တာမျိုးတို့ကို ပြန်ပြီး reset လုပ်တဲ့ သဘောပါပဲ...
ဥပမာဗျာ... Video တွေဖွင့်လိုက်တဲ့ အချိန်မှာ Gallery ကို Default ထားမိလိုက်ပြီး ဖွင့်တိုင်းမှာ Gallery ရဲ့Video Player နဲ့ ပဲပွင့်နေတဲ့အခါ ကိုယ်က MX Player ကို ပြောင်းသုံးချင်တဲ့အခါ Default ကို reset ပြန်လုပ်တဲ့သဘောပေါ့.. ဒါပေမယ့် Default ကို Change ချင်ရုံနဲ့ အခုလို reset လုပ်စရာမလိုပါဘူး နောက်တစ်ခုကျ ပြောပြပါမယ်... ဒါပေမယ့် Application တိုင်းအားလုံးကို တပြိုင်တည်းလုပ်ချင်ရင်တော့ reset လုပ်ရတာ ပိုမြန်တာပေါ့.... နောက်တစ်ခု ကိုယ်က Application တစ်ခုခုမှာ Tutorial တို့ ဘာတို့ ပါတာကို Don't show again လုပ်ထားခြင်းကြောင့် ဘယ်တော့မှ ထပ်ပေါ်မလာတော့တဲ့အချိန်တွေမှာ ပြန်ကြည့်ချင်တယ်ဆိုတာမျိုး အဲ့ကျရင်လည်း Reset app preferences လုပ်ခြင်းဖြင့် အဆင်ပြေနိုင်ပါတယ်...ဥာဏ်ရှိသလိုသာ အသုံးပြုကြပါ... Reset app preferences လုပ်ခြင်းအားကြောင့်တော့ ဘာဒေတာ အချက်အလက်မှ ပျက်စီးခြင်းမရှိပါဘူးခင်ဗျာ...

ဒါဆိုရင် Application manager အောက်က မိမိတို့ ကြည့်ရှုချင်သည့် ကြိုက်နှစ်သက်ရာ Software တစ်ခုခုကိုဝင်လိုက်ပါ...

![Screenshot_20180203-152133.png](https://steemitimages.com/DQmcRgvLco3UbwvNQjiZRhPKjdQ8TVJz9VP6DrQwY5SkDB9/Screenshot_20180203-152133.png)

Uninstall ကတော့ သိပြီးသားဆိုတော့ မပြောတော့ဘူးဗျာ... Force Stop ကတော့ မပိတ်ပိတ်အောင် ပိတ်ပစ်တာပါပဲ .... System အတွက် မဖြစ်မနေ အသုံးပြုရမယ့် App ကတော့ Force Stop ဆိုတာ ပါဝင်ခြင်းမရှိပါဘူး.. သို့မဟုတ် မှိန်နေလိမ့်မယ် နှိပ်မရဘူးပေါ့.. တခြား Apps တွေကတော့ မလိုအပ်ရင် အခုလို တစ်ခုချင်းစီ ၀င်ပိတ်နိုင်ပါတယ်... အရင် Posts တွေတုန်းကလည်း ပါခဲ့ပြီးသားမို့ အကျယ်တ၀င့် မရေးတော့ပါဘူးဗျ...

![Screenshot_20180203-152133.png](https://steemitimages.com/DQmcRgvLco3UbwvNQjiZRhPKjdQ8TVJz9VP6DrQwY5SkDB9/Screenshot_20180203-152133.png)

Storage ထဲ ၀င်လိုက်ရင် အထက်ပါ ပုံအတိုင်းမြင်နိုင်ပါတယ်... Total တွင် ယင်းSoftware ၏ File Size ကိုဖော်ပြပြီး Application Size နှင့် အတူ Data Size ကိုလည်းဖော်ပြပေးထားပါသည်။ Application Size သည် ယင်း software ၏ မူလပမာဏ သာဖြစ်ပြီး Data Size သည် ယင်း software ကို install လုပ်ပြီးနောက် သိမ်းဆည်းလာရသော မှတ်ဥာဏ်ဖြစ်ပါသည်။ ဥပမာ ဂိမ်းတစ်ခုတွင် မူလ ပကတိတုန်းက မည်သည့် level ကိုမျှမဖြတ်ကျော်ရသေးသော Application သက်သက်သာဖြစ်သည်။ ထို့နောက် ဂိမ်းကစားသင့်အခါ level တစ်ဆင့်ပြီး တစ်ဆင့်တက်လာသည်ကို မှတ်သားထားခြင်းသည် Data ဖြစ်သည်။ အောက်တွင် Clear Data ဆိုတာရှိပါသည်။ ထို့ကြောင့် Clear Data ကို နှိပ်လိုက်လျှင် ထို Application ၏ Data ကို ဖျက်ပစ်လိုက်ခြင်းကြောင့် install တင်ပြီးခါစ အတိုင်းသာဖြစ်သွားမည်ဖြစ်သည်။ Clear Cache ဆိုတာကတော့ ထို Application အတွက် ယာယီမှတ်သားထားသော Files များကို ဖျက်ပေးမှာဖြစ်ပါတယ်။

Data Usage တွင်တော့ ထို Application မှ အင်တာနက် သုံးစွဲမှု မည်မျှရှိသည်ကို ယခင် Post မှ ရှင်းပြခဲ့သည့်အတိုင်းကြည့်ရှုနိုင်ပါသည်။

![Screenshot_20180203-152145.png](https://steemitimages.com/DQmQpwdLxKM6E4Hqu3A9DwBDmcahBcYfFB1t6HPGivRNk9v/Screenshot_20180203-152145.png)

![Screenshot_20180203-152150.png](https://steemitimages.com/DQmVmnu9MLGY5wFV2qDHHEhNdkaM1guM3w32hUdTCZKvbmb/Screenshot_20180203-152150.png)

App permission ဆိုသည့်နေရာတွင်တော့ ထို Application ကို ခွင့်ပြုမိန့်များကို အဖွင့်အပိတ်လုပ်ဆောင်နိုင်ပါသည်။
အမှန်တော့ Software တစ်ခု တင်ခါစပင်လျှင် ထို Software သည် ဖုန်း၏ မည်သည့် အခွင့်အရေးများကို လုပ်ဆောင်လိမ့်မည်ဟု ပါရှိပါသည်။ လူအများစုသည် စာကို မဖတ်ကြလို့သာ သတိမထားမိကြတာပါ.. ဖော်ပြပါ Software ဖြစ်သည့် CB Mobile ကတော့ Location နှင့် Phone SMS Storage စသည်တို့ကို အသုံးပြုပါမည်။ မိမိက အသုံးမပြုစေချင်လျှင် Permission ကို ပိတ်ထားနိုင်ပါသည်။ ဥပမာ SMS ကို ပိတ်လိုက်ခြင်းဖြင့် SMS အတွက် ခွင့်ပြုချက်မရတော့သောကြောင့် CB Mobile မှ ပို့မည့် SMS များမရောက်ရှိနိုင်သလို ထို Software မှတဆင့်လည်း SMS များထွက်နိုင်မည်မဟုတ်တော့ပါ။

App notification အတွင်းသို့ ၀င်လိုက်လျှင်တော့ အောက်ပါပုံအတိုင်းမြင်တွေ့နိုင်ပါသည်။

![Screenshot_20180203-152157.png](https://steemitimages.com/DQmeE84uyd9T7a1teVqzgG5bGv6heKmx55HDNMrmFFJje2z/Screenshot_20180203-152157.png)

စာတိုင်းတွင် အဖွင့်အပိတ်လုပ်ရန် ခလုတ်များပါရှိပါသည်။
Allow Notification ကို ဖွင့်ထားခြင်းအားဖြင့် ထို Application နှင့်ပတ်သတ်သမျှ Noti များကို သိရှိနိုင်မည်ဖြစ်ပြီး ပိတ်ထားလိုက်ပါက သူနှင့်ပတ်သတ်သမျှ Noti ဘာတစ်ခုမှ ၀င်တော့မည်မဟုတ်ပါ.. Message ကို ပိတ်ထားမိခြင်းကြောင့် Message ၀င်ခြင်းများ မသိလိုက်ခြင်း ကြုံရနိုင်ပါသည်။ ဥာဏ်ရှိသလို ဖြေရှင်းကြပါကုန်။
Set as priority ဆိုတာကတော့ ဦးစားပေးကိုပြောတာပါ..
သတ်မှတ်ထားသော စာရင်းထဲမှ Application များကို အစဉ်အလိုက်ဦးစားပေးစနစ်ဖြင့် Noti ပြတဲ့အခါ အောက်ရောက်မသွားစေဘဲ အပေါ်ဆုံးမှာပြပေးမှာဖြစ်ပါတယ်..။
Previews in Pop-us ကတော့ Viber လို ဆော့ဝဲလ်မျိုးအသုံးပြုရာတွင် မက်ဆေ့ဝင်လာသောအခါ အပေါ်တွင် Box နှင့် စာပေါ်လာသည်ကို Pop-us ဟုခေါ်ပါသည်။ Previews in Pop-us ကို ပိတ်ထားလိုက်လျှင် ထိုသို့ ပေါ်တော့မည်မဟုတ်ပါ..။
Show on lock screen ကတော့ Lock ဖြစ်နေစဉ်အချိန်တွင် Lock မဖွင့်ရသေးခင်အနေအထား Lock Screen နေရာတွင် ထို Application ရဲ့ Noti ပေါ်စေချင်လား မပေါ်စေချင်လားသတ်မှတ်ပေးလို့ရပါတယ်..

ဒီလောက်ဆို အနည်းငယ်သိသွားမယ်ထင်ပါတယ်ခင်ဗျာ...နောက် Post များကျရင် ကျန်ရှိနေသေးသော Settings များကို ထပ်မံဖော်ပြပေးသွားပါမယ်ခင်ဗျာ.. ကျေးဇူးတင်ပါတယ်..

***Author : Arkar Phyo***
**@arkarphyo**
***4.2.2018 (Sunday)***
**MSC-214**
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,