နည်းပညာပစ္စည်းတွေက Memory (မှတ်ဥာဏ်) ၏ ယူနစ်
myanmar·@arkarphyo·
0.000 HBDနည်းပညာပစ္စည်းတွေက Memory (မှတ်ဥာဏ်) ၏ ယူနစ်
.jpg) မင်္ဂလာပါ Steemit Community မှ Members များခင်ဗျာ.. ကျွန်တော်ဒီနေ့ နည်းပညာပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာ၊ ဖုန်း နှင့် အခြားသော ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုကြသော မှတ်ဥာဏ်ဖြစ်သည့် Memory ၏ ယူနစ်အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ Hard Drive, Memory Stick, Memory Card စသည့်ပစ္စည်းများကို တိုင်းတာသည့် Unit ကိုအားလုံးသိကြပါတယ်။ မသိဘူးဆိုရင်တော့ မေ့နေတာပဲဖြစ်မှာပါ..။ မှတ်ဥာဏ်ကို Memory ဟုခေါ်သလို Storage လို့လည်းပဲ သုံးနှုံးကြပါတယ်။ ယနေ့ခေတ်မှာ လူတိုင်းအားလုံး ကွန်ပျူတာကို အသုံးမပြုကြသေးရင်တောင်မှပဲ လက်ကိုင်ဖုန်း ဟန်းဆက်များကို တွင်ကျယ်စွာ အသုံးပြုလာနေကြပါပြီ...။ ဖုန်းတစ်လုံးဝယ်လိုက်လျှင်ပင် Memory ဘယ်လောက်ပါလဲဆိုတာ လူတိုင်းကြည့်တက်နေပြီပဲဖြစ်ပါတယ်...။ လူတိုင်းပါးစပ်ဖျားမှာလည်း မီဂါဘိုက် မီဂါဘိုက်ရယ်လို့ ခေါ်ဝေါ်နေတာ မစိမ်းကြတော့ပါဘူး...။ "ငါ့ဖုန်းကတော့ 16 ဂစ် ကွ..။ မင်းဖုန်းက ငါ့ထက်နည်းတယ် ငါ့ဖုန်းက 32 ဂစ်ကွ'' ရယ်လို့ လည်း လူတိုင်းပြောတက်ဆိုတက်နေကြပါပြီ...။ ဒါတင်မကသေး ဖုန်းအတွင်း အော်ရဂျင်နယ် ပါဝင်လာသော Memory ပမာဏကို မကျေနပ်သေးသည့်အတွက် Memory Card များဝယ်ယူ သုံးစွဲကြရာတွင်လည်း 4ဂစ် 8ဂစ် 16ဂစ် စသည်ဖြင့် တဂစ်ဂစ် ဖြင့်ကြားဖူးနေကြပါပြီ...ဒါ့အပြင် မြန်မာနိုင်ငံမှ ဆက်သွယ်ရေး Operator များဖြစ်သည့် Ooredoo,Telenor, MPT တို့၏ အင်တာနက် ၀န်ဆောင်မှုများကို အခကြေးငွေပေး သုံးစွဲနေကြသည့်အတိုင်း Internet Package များကို ၀ယ်ယူသုံးစွဲကြရာတွင် မီဂါဘိုက် ဘယ်လောက်ကို ငွေဘယ်လောက်ပေးရတယ် သီချင်းတစ်ပုဒ် ဒေါင်းလုတ် ဆွဲလိုက်တာ ဘယ်လောက် မီဂါဘိုက် ကုန်သွားတယ်ဆိုတာ အင်တာနက် အသုံးပြုဖူးသူတိုင်း ပြောတက်ဆိုတက်နေကြပြီး မီဂါဘိုက် ဆိုတဲ့ သင်္ကေတ MB ကို ကောင်းစွာမြင်ဖူးတွေ့ဖူးကြားဖူးနေကြပါပြီ...။ ဒါကြောင့် အခုပြောပြတင်ပြပေးချင်တာက လူတွေပြောနေတဲ့ ဂစ် ၊ မီဂါဘိုက် ဆိုတဲ့ Memory (မှတ်ဥာဏ်) ၏ အသေးစိတ် အကြောင်းပဲဖြစ်ပါတယ်...။ Memory အကြောင်းမပြောခင်မှာ Unit ဆိုတဲ့ အကြောင်းလေးအရင်ပြောရအောင်....။ Unit (ယူနစ်) ဆိုတာ တိုင်းတာတဲ့စနစ် တစ်ခုပဲဖြစ်ပါတယ်..။ ဒါကိုကျွန်တော်တို့ ငယ်ငယ်တုန်းက သင်္ချာသင်ခန်းစာတွေမှာ British Unit, Metric Unit စသည်ဖြင့် သင်ကြားခဲ့ဖူးပြီးသားပါ...။ ဥပမာဆိုရင် ကျွန်တော်တို့ ပြင်ပလောကမှာ အလေးချိန် ကိုတိုင်းတာတဲ့အခါ Gram(ဂရမ်), Pound(ပေါင်) စသည်တို့ဖြင့် တိုင်းတာကြတယ်...ဒီလိုပဲ ဈေးဝယ်တဲ့အခါ ကြက်သွန်နီ ၁၀ ကျပ်သား ၁ပိဿာဆိုပြီး ၀ယ်ကြတယ်မလား။ နောက် အလျားအနံအမြင့် တိုင်းတာတဲ့အခါမှာလည်းပဲ Feet (ပေ), Meter (မီတာ) ဆိုပြီးတိုင်းတာကြတယ်...။ အချိန်ရွေ့လျားမှု တိုင်းတာတဲ့အခါမှာလည်း စက္ကန့် မိနစ် နာရီ ပေါ့.. စသည်ဖြင့် သက်ဆိုင်ရာ တစ်ခုချင်းစီကို တိုင်းတာကြတဲ့ယူနစ် အသီးသီးရှိကြတာ သိပြီးသားတွေပါပဲ..။ .jpg) ဒီလိုပဲ နည်းပညာပစ္စည်းတွေက Memory (မှတ်ဥာဏ်) တွေကို တိုင်းတာမယ်ဆိုရင် Unit(ယူနစ်) ကတော့ Byte ပါ။ ယေဘူယျ အားဖြင့် အင်္ဂလိပ် စာလုံးတစ်လုံးကို 1Byte ရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ 1 Character ပေါ့.။ နည်းပညာယူနစ် အခေါ်အဝေါ်အရ ဆိုရင်တော့ 1 Character လို့မခေါ်ဘဲ 1 Byte လို့ခေါ်ပါတယ်။ တကယ်တော့ Byte အောက်မှာ နောက်ထပ် ယူနစ်တစ်ခုရှိသေးပါတယ်။ ဥပမာ ၁ မိနစ် မပြည့်ခင် စက္ကန့် ၆၀ ရှိသေးသလိုပေါ့... အဲ့ဒါကတော့ bit ပါပဲ.. ဖွဲ့စည်းပုံအရဆိုရင်တော့ 8 bit မှာ 1 Byte ရှိပါတယ်။ ဆန်တစ်ပြည်မှာ နို့ဆီဗူး ၈လုံးရှိသလိုပေါ့ဗျာ...။ အချက်အလက်တွေ အလုပ်လုပ်တဲ့အခါမှာ bit နဲ့ အလုပ်လုပ်တာဗျ...လူတွေက bit နဲ့ဆို တွက်ချက်ရ အရမ်းခက်နေလို့ စက်ပစ္စည်းတွေမှာ အချက်အလက်တွေကို ကိန်ဂဏန်းနဲ့ပြမယ်ဆို Byte ဖွဲ့ပြီး ပြန်ပြပေးနေရတာ အဲ့ဒီလို Byte နဲ့ ပြတဲ့နေရာမှာ အရေအတွက်များလာတဲ့အခါ သုည ၃လုံးကိုရောက်လာတဲ့အခါ Kilo ဖြစ်သွားတယ်။ ဆိုလိုတာက 1000 ဆိုတာ 1 Kilo ပေါ့.. သိတယ်မလား 1000 Gram ကို 1 Kilogram လို့ခေါ်တယ်လေ...။ ဒါပေမယ့် Memory ရဲ့ ယူနစ်မှာတော့ 1024 ပြည့်မှ 1 Kilo ပါ..။ သချာင်္နည်းတိုင်းတာရာမှာ ဘယ်ဟာကိုပဲတိုင်းတိုင်း 1000 ပြည့်သွားရင် သုညတွေကို မျက်စိနောက်သက်သာအောင် သုည ၃လုံးဖြုတ်ပြီး 1000 ကို 1 Kilo လို့ခေါ်လိုက်တယ်။ Memory ကိုတိုင်းတာတဲ့အချိန်မှာတော့ 1024 ပြည့်မှသာလျှင် နောက်သုည၃လုံးကိုဖြုတ်ပစ်ပြီး 1 Kilo လို့သတ်မှတ်တာပါ...။ ဆိုတော့ ကျွန်တော်တို့ ပိုနားလည်လွယ်အောင် အောက်မှာ ဆက်လေ့လာကြည့်ရအောင်...။ Memory ကိုတိုင်းတာရာမှာ အသေးဆုံးဖြစ်တဲ့ ယူနစ်က bit ပါ.. အခုခေတ်မှာ bit ကို အသေးစိတ်မပြောတော့ဘဲ Byte နဲ့သာ ခေါ်ဝေါ်ကြပါတော့တယ်...။ 1 Byte မှာ 8 bit ရှိပါတယ်...။ သင်္ကေတ အသုံးပြုတဲ့နေရာမှာ bit ကို b အသေးနဲ့ဖော်ပြပြီး Byte ကို B အကြီးနဲ့ ဖော်ပြပါတယ်...။ ဒါကြောင့် 1 Kb လို့ တွေ့ခဲ့ရင် 1 Kilobit သာဖြစ်ပြီး 1 KB လို့ဖော်ပြရင် 1 Kilobyte ဖြစ်တယ်...။ Byte ပေါင်း 1024 ပြည့်ရင် 1024 Byte လို့ မဖော်ပြတော့ဘဲ 1 KB လို့ဖော်ပြလိုက်ပါတယ်...။ ဒီလိုပဲနောက်တစ်ဆင့် တက်လို့ 1024 Kilobyte ပြည့်ရင် 1 Mega Byte (MB) ဖြစ်သွားပါတယ်..။ တစ်ချို့ မသိသေးသောလူတွေပြောပြောနေတဲ့ မီဂါဘိုက် မီဂါဘိုက် ဖြစ်တဲ့ MB ဆိုတဲ့ အတိုကောက်ဟာ 1024 Kilobyte ပြည့်သွားရင် 1 MB လို့ခေါ်ပါတယ်..။ နောက်ထပ် 1024 Megabyte (MB) ထပ်ပြည့်ရင် 1Gigabyte (GB) လို့ခေါ်ပါတယ်...။ ဂစ်ဂစ်နဲ့ပြောကြတဲ့ 1GB ဆိုတာ 1024 MB ပြည့်သွားတာပါ..။ ဒီလိုဆိုရင် 1 GB ကို Byte ပြန်ဖွဲ့တက်လောက်မယ်ထင်ပါတယ်...။ မဖွဲ့တက်သေးဘူး မရှင်းသေးဘူးဆိုရင်လည်း ကျွန်တော်အောက်မှာ ဆက်သွယ်ချက်လေးတွေကို ဖော်ပြပေးပါမယ်...။ 8 bit = 1 Byte 1024 Byte = 1 Kilobyte (KB) 1024 KB = 1 Megabyte (MB) 1024 MB = 1 Gigabyte (GB) 1024 GB = 1 Terabyte (TB) 1024 TB = 1 Petabyte (PB) 1024 PB = 1 Exabyte (EB) တို့ဖြစ်ပါတယ်...။ ဒီလိုဆိုရင် တစ်ဆင့်နဲ့ တစ်ဆင့်ကို ကောင်းမွန်နားလည်စွာတွက်ချက်တက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ..။ ယနေ့ခေတ်မှာ အကြီးဆုံးအသုံးပြုနေကြတဲ့ Storage မှာ Terabyte (TB) အဆင့်ထိသာရှိပါသေးတယ်...။ နောက်နောင် အောက်မှာဖော်ပြထားတဲ့ Exabyte ကိုကြားရတော့မှာပါ..။ ဘာလို့လဲဆိုရင် ဟိုးယခင်ကဆို 1MB ဆိုတာကိုက တော်တော်ကြီးကို ကြီးလှနေပါပြီ...။နောက်ပိုင်း Media တွေ တွင်ကျယ်လာမှု နည်းပညာတွေ တိုးတက်လာမှုအလျောက် သီချင်းတစ်ပုဒ်ကိုက အနည်းဆုံးအဆင့် 3MB လောက်ရှိနေပါပြီ...။ Video ကား ကြည်ကြည်လောင်လောင်လေးဆိုရင် 1GB ရှိပါတယ်...။ ဗွီဒီယိုသမားတွေ တည်းမဖြတ်ခင် ရိုက်ကူးထားတဲ့ ဖိုင်Size ဟာဆိုရင် 20 GB အထက်တောင် ရှိပါသေးတယ်..။ ဒါ့အပြင် Audio File Type တစ်ခုဖြစ်တဲ့ ရုပ်မပါတဲ့ သီချင်းတစ်ပုဒ်စာတောင် 1GB ရှိလာပါတယ်..။ ကဲ ဒီလောက်ဆိုရင် ကိုယ်ဝယ်ယူတဲ့ ဖုန်း၊ ကွန်ပျူတာတွေရဲ့ ဆန့်ဝင်နိုင်မှု ပမာဏ နှင့် မိမိတို့ အင်တာနက် အသုံးပြုကြတဲ့အခါ အင်တာနက် Package ၀ယ်ရာနှင့် သုံးစွဲကြတဲ့အခါတွေမှာ တွက်ချက်တက်သွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ.. နောက် Post တွေမှာ Memory နှင့်ပတ်သတ်ပြီး Hard Disk, Memory Stick နှင့် Memory Card များရဲ့ ဆန့်ဝင်နိုင်မှုများ နှင့် File Size တွက်ချက်မှုများကို ထည့်သွင်းဖော်ပြပေးသွားပါမယ်.. ကျေးဇူးတင်ပါတယ်... ## ***Author : Arkar Phyo*** **@arkarphyo** ***12.2.2018 (Monday)*** **MSC-214**
👍 arkarphyo, htinlinaung, davidsanoak, zawhtat, yelinn, naw, myanmarpyithar, linnhyotaryar, ansoe, gunapeya, mamamyanmar, htwegyi, aungsanlwin, zarmanizawlinn, bobokyaw, htetwaihin, kyawkohtet, pyaesonekhinkhin, honeysara, aunggyi100, kyawsantun, zawmyo, shweyaungmyanmar, camelot, curie, liberosist, meerkat, locikll, hendrikdegrote, markangeltrueman, aboutyourbiz, howtostartablog, justdentist, spectrums, jasimg, emanuellindqvist, jga, tensor, anwenbaumeister, kushed, yemin,