Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၂)
myanmar·@arkarphyo·
0.000 HBDSteemit အကြောင်းတစေ့တစောင်း (သိသလောက် ၂)
Steem အကြောင်း သဘောတရား အကြမ်းဖျင်းပြောပြပြီးပြီဆိုတော့ စိတ်ဝင်စားသူများ အကောင့်ဖွင့်လှစ် အသုံးပြုနိုင်ရန် တင်ပြပေးချင်ပါသည်။ Steem အကြောင်းသိပြီး စိတ်ဝင်စား လုပ်ကိုင်လိုပါက Steemit အကောင့် တစ်ခု ဖွင့်လှစ်ရပါမည်။ ဖုန်း (သို့) ကွန်ပျူတာဖြင့် အသုံးပြုနိုင်ပါသည်။ ပထဆုံး Steem အကောင့် ဖွင့်မည်ဆိုလျှင် ဖုန်း (သို့) ကွန်ပျူတာ မှ Chrome ကဲ့သို့ Browser တစ်ခုခုဖြင့် address bar တွင် steemit.com ဟု ရိုက်သွားလိုက်လျှင် steemit ဆိုက်သို့ ရောက်ရှိသွားမည်။ Home Page မှ Join ခလုတ်ကိုနှိပ်ကာ ဖုန်းနံပါတ် နှင့် Gmail ၂မျိုးလုံးဖြင့်Sign Up ပြုလုပ်ရမည်။ Sign Up ပြုလုပ်ကာ အကောင့်ဖွင့်နိုင်ပါပြီ။ အကောင့်ဖွင့်လျှင် ဖွင့်ပြီးချင်း မိမိထည့်လိုက်သော ဖုန်းနံပတ်နှင့် Gmail သို့ Verify လုပ်ရန် မက်ဆေ့ ရောက်လာမည်ဖြစ်ပြီး Verify လုပ်ရမည်။ ထို့နောက် Steemit မှ Password ပြန်ပေးရန် 3ရက်မှ 1လ ခန့် စောင့်ရဦးမည်။ ပုံမှန်အတိုင်းဆိုလျှင်တော့ 3ရက်မှ 1ပတ်အတွင်းသာ ကြာပါသည်။ Steemit မှ ပြန်ပေးသော Password နှင့် Sign In ၀င်ရောက်ရမှာဖြစ်ပါတယ်။ Password ရလျှင်ရချင်း Notepad တွင်လည်းမှတ်သားထားပါ။ စာရွက်ပေါ်တွင်လဲ ချရေးထားရပါမည်။ နောက်ထပ် Password များကိုလဲ Generate လုပ်နိုင်သော်လည်း ကိုယ်တိုင်မမှတ်သားနိုင်သော Password ပုံစံမျိုးသာထွက်လာမှာဖြစ်လို့ Copy ကူးပြီး Notepad တွင်သိမ်းဆည်းထားခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ Steemit မှ ပေးထားသော Password ပျောက်ဆုံးခဲ့လျှင် မည်သည့်နည်းနှင့်မျှ ပြန်၍ Recovery လုပ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့်ပေးထားပြီးသော Password ကို အသေအချာသိမ်းဆည်းရန် ထပ်မံ သတိပေးပါသည်။ အကောင့်ရရှိပြီးနောက် Post များတင်ရန်သာဖြစ်ပါသည်။ ဆောင်ရန် ရှောင်ရန်များကို ကျွန်တော်၏ Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၃) တွင် ထပ်မံအားပေးကြပါဦး ခင်ဗျာ ## ***Author : Arkar Phyo*** ***25.12.2017*** *** ***.jpg)