Huawei P20 နှင့် P20 Pro တို့ ရဲ့ Price များ rumors များ ထွက်ပေါ်လာ

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@arrwoot·
0.000 HBD
Huawei P20 နှင့် P20 Pro တို့ ရဲ့ Price များ rumors များ ထွက်ပေါ်လာ
Huawei က တော့ သူ့ရဲ့  high end flagship Huawei P20 နဲ့ P20 Pro တို့ ကို လာမယ့် မတ်လ 27 ရက်နေ့မှာ စတင် မိတ်ဆက်တော့ မှာ ဖြစ်ပါတယ်.  ထုတ်ပြရတော့ မယ့် အချိန် နီးလာလေ သူ့ ရဲ့ Specification တွေ Price တွေ ကတော့ တဖြေးဖြေး နဲ့ ကောလဟာလ တွေ ထွက်ထွက် လာပါတယ်.  အခုနောက်ဆုံး ထွက်လာတဲ့ သတင်းကတော့ Price ပဲ  ဖြစ်ပါတယ်. ဆိုတော့ Huawei P20 ကတော့ Euro 679 နဲ့ ထွက်ရှိလာမှာ ဖြစ်ပြီး Huawei P20 Pro ကတော့ Euro 899 နဲ့ ရောင်းချသွားမှာပါ. ပုံအရ ခန့်မှန်း ကြည့်ရင် P20 က မျက်နှာပြင် 5.8 လက်မ နဲ့ ထွက်လာမှာ ဖြစ်ပြီး P20 Pro ကတော့ မျက်နှာ ပြင် 6.01 လက်မ နဲ့ ထွက်ရှိလာမယ် လို့ သတင်းကြားရပါတယ်. အဲ့ P20 က Euro 679 ဆိုတော့ ကျွန်တော် တို့ မြန်မာ ကျပ်ငွေ ၁၁ သိန်း ၂ သောင်း ကျော်လောက်ရှိပြီး Ram 4 GB ROM 128 GB နဲ့ လာမှာ ပါ. P 20 Pro က တော့ Euro 899 ဆိုတော့ မြန်မာကျပ်ငွေ ၁၅ သိန်း ပတ်ချာလည် ရှိမှာ ပါ.  Huawei က တော့ သူ့ High end flagship ဖုန်းတွေ ကို တဖြေးဖြေး ဇေး မြှင့်လာတယ် လို့ မြင်မိပါကြောင်း သတင်းဆိုး ပါးလိုက်ရပါတယ် ဗျို့ ....![Untitled.jpg](https://steemitimages.com/DQmesi1gTuUtq8RkjYViRJf1eskW65MmpiEKGUqkqwm94Za/Untitled.jpg)
photos from gsmarena
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,