How to Make Paper Photo Frame
myanmar·@asterkame·
0.000 HBDHow to Make Paper Photo Frame
ဒီတစ်ခါပုံထည့်လို့ရတဲ့paper photo frameတစ်ခုပြုလုပ်ထားပါတယ်။ဆန်းဆန်းပြားပြားလှပစွာပြုလုပ်ထားပြီး၊ပန်းပွင့်များဖြင့်လည်းအလှဆင်ထားပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကရောင်စုံစာရွက်၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံ၊ပလပ်စတစ်ဘူးခွံစသဖြင့်လိုအပ်ပါတယ်။    ပထမအဆင့်မှာတော့အနီနှင့်အပြာရောင်စာရွက်အပိုင်းများဖြတ်မယ်။ပြီးနောက်အလယ်မှခေါက်ချိုးမယ်။ကော်ကပ်ရန်နေရာချန်ပြီး၊စာရွက်ကိုအပိုင်းငယ်များထပ်မံဖြတ်မယ်။စာရွက်ခေါက်ကိုဖြန့်၍အနားတွေကိုကော်ကပ်မယ်။ထိုနည်းအတိုင်းစက္ကူခေါက်သုံးခုပြုလုပ်ပြီး၊ပလပ်စတစ်ဘူးခွံကိုမှောက်၍စာရွက်ခေါက်တွေကိုတစ်ခုစီကော်ကပ်လိုက်ပါတယ်။ပြီးတော့ကတ်ထူကိုစက်ဝိုင်းပုံစံဘောင်အတွက်ဖြတ်မယ်။ကျောဘက်မှာကော်ကပ်ထားရန်အခြားကတ်ထူတစ်ခုကိုလည်းဖြတ်မယ်။ထိုကတ်ထူတွေကိုရောင်စုံစာရွက်ကော်ကပ်ပါ့မယ်။ဓာတ်ပုံဘောင်မှာကျောဘက်မှကော်ကပ်ရန် photo standအဖြစ်ကတ်ထူကိုသုံးခေါက်ချိုးပြီး၊ရောင်စုံစာရွက်ကော်ကပ်ထားပါတယ်။       ဒီအဆင့်မှာတော့ပန်းပွင့်များနှင့်အရွက်များပြုလုပ်မယ်။ပန်းပွင့်ပြုလုပ်နည်းကစာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊အလယ်မှတစ်ဝက်တိတိ၊ထောင့်စွန်းနှစ်ဘက်မှခေါက်၍ပုံပါအတိုင်းအတွင်းသို့ခေါက်ပါတယ်။ပြီးနောက်အစွန်းမှအနည်းငယ်ခေါက်၍စာရွက်ကိုပြန်ဖြန့်ကာ၊ပုံပါအတိုင်းဆက်လက်ခေါက်ရပါတယ်။ရလာတဲ့စာရွက်ခေါက်ရဲ့ဘေးဘက်အစွန်းတွေကိုဆက်လက်ခေါက်ပြီး၊အတွင်းဘက်သို့ပြန်ခေါက်မယ်။အနားတွေကိုခဲတံဒါမှမဟုတ်ပေတံသုံး၍အတွင်းသို့ကွေး၍ခေါက်လိုက်ပါတယ်။စုစုပေါင်းသုံးပွင့်ခေါက်မှာပါ။အစိမ်းရောင်အရွက်များလည်းဖြတ်ပြီး၊ပန်းပွင့်အရွက်များနှင့်ဘောင်ပေါ်အလှဆင်ကော်ကပ်ပါတယ်။           Written by @asterkame MSC-008 By my photos & made by me
👍 ramu1, anomaly, golden.future, nyinyiwin, suhlaing, sawlwin, billionairehein, lwanwai, nannhtike, aunggyi100, mmunited, demo, esteem.app, good-karma, feruz, azirgraff, mysteem, esteemapp, enki, k3t3r, startist, asterkame, htwegyi, sheinthu, myothuzar, aggamun, camelot, curie, tensor, pechichemena, travisung, mahdiyari, schroders, blervin, juli1, evanpetzer, gpcx86, herculean, chrisluke, qberry, inkmaster007, joshmania, cryptokrieg, ziox, alaqrab, drmake, the.success.club, matt-a, joshman, musicvoter2, adalger, epicdice, vact, zipporah, hairgistix, locikll, stayoutoftherz, ash, hendrikdegrote, sco, tombstone, sisygoboom, musicvoter, pulleyhead, bitrocker2020, blacklux, lillywilton, bilpcoinrecords, blewitt, neneandy, yaelg, anwenbaumeister, jk6276, sagesigma, earnlogy, brendanweinhold, bitcoingodmode, rival, buttcoins, mariusfebruary, wackou, vannfrik, cryptofuwealth, goodcontentbot, thetechspot, poppie-schultz, longer, bitcoinportugal, sumotori, jiujitsu, mammasitta, massivevibration, macoolette, backtomining, eric-boucher, yomismosoy, kafupraise, lk666, oghie,