I Made Beautiful Paper Box
hive-122133·@asterkame·
0.000 HBDI Made Beautiful Paper Box
ဒီတစ်ခုကတော့အိမ်ပုံစံဘောက်စ်တစ်ခုဖြစ်ပြီး၊ပြုလုပ်နည်းကိုပုံစာတို့ဖြင့်ဖော်ပြထားပါတယ်။ပထမအဆင့်မှာကတ်ထူပေါ်အိမ်ပုံစံဆွဲ၍အဝါရောင်စာရွက်ကော်ကပ်ပါတယ်။အိမ်ခေါင်မိုးကိုတော့ကတ်ထူကိုခေါက်ပြီးအစိမ်းရောင်စာရွက်ကော်ကပ်ပြီးကော်ကပ်ထားပါတယ်။ဆက်လက်ပြီးကတ်ထူဘူးခွံတစ်ခုကို ဖြတ်ပြီးစာရွက်ဖြင့်ကော်ကပ်ထားပါတယ်။ထို့နောက်အိမ်ပုံစံကတ်ထူမှာကော်ကပ်လိုက်ပါတယ်။ပြီးနောက်ထိုဘောက်စ်ပေါ်မှာရောင်စုံစာရွက်ကိုဖြတ်၍ပုံဖော်ထားပါတယ်။  ပြီးနောက်ဒီအဆင့်မှာအရွယ်တူပန်းပွင့်ပုံများနှင့်အရွက်များဖြတ်ရမှာပါ။ရောင်စုံအရွယ်တူပန်းပွင့်များပြုလုပ်ပြီး၊အစိမ်းရောင်အရွက်များလည်းပြုလုပ်လိုက်ပါတယ်။အိမ်ပုံစံကတ်ထူပေါ်သစ်ပင်ပုံလေးပြုလုပ်ချင်တာကြောင့်အညိုရောင်ကတ်ထူကိုသစ်ပင်ရဲ့ပင်စည်ပုံစံဆွဲ၍ဖြတ်ပြီးကတ်ထူပေါ်ကော်ကပ်လိုက်ပါတယ်။ပြီးနောက်ပန်းပွင့်နှင့်အရွက်များဖြင့်ကော်ကပ်လိုက်ပါတယ်။  Paper boxပြုလုပ်ရန်လိုအပ်တဲ့ပစ္စည်းတွေကကတ်ထူ၊ကော်ဘူး၊ခဲတံ၊ပေတံ၊ရောင်စုံစက္ကူ၊ကတ်ထူဘူးခွံတစ်ခုလိုအပ်ပါတယ်။ Written by @asterkame By my photos & made by me