Paper Flower Vase Idea
hive-122133·@asterkame·
0.000 HBDPaper Flower Vase Idea
ဒီနေ့တော့ပန်းအိုးတစ်လုံးပြုလုပ်ထားတာပါ။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့စာတို့ဖြင့်အဆင့်ဆင့်ဖော်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြုထားပါတယ်။ပထမအဆင့်မှာကတ်ထူကိုပန်းအိုးပုံစံဖြတ်၍အဝါရောင်စက္ကူဖြင့်ကော်ကပ်တယ်။ပြီးနောက်ဘေးဘက်အနားတွေအတွက်အခြားကတ်ထူအပိုင်းတစ်ခုဖြတ်၍အဝါရောင်ကတ်ထူဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်အဝါရောင်ပန်းပွင့်များပြုလုပ်ပါတယ်။စက္ကူကိုအလျားအနံတူညီစွာဖြတ်၍ဘေးဘက်အစွန်းနှစ်ခုကိုခေါက်လိုက်တယ်။အခြားစက္ကူတစ်ခုပေါ်ထိုစက္ကူခေါက်လေးခုကိုကော်ကပ်၍ပန်းပွင့်ပြုလုပ်တယ်။ပန်းပွင့်နှစ်ပွင့်ပြုလုပ်၍ပန်းအိုးမှာကော်ကပ်ပါတယ်။အခြားပန်းပွင့်အတွက်အရွယ်တူစက်ဝိုင်းပုံစံများညှပ်ပါတယ်။ပြီးနောက်အနားအနည်းငယ်ကိုဖြတ်၍ကော်ကပ်ပါတယ်။အစိမ်းရောင်စက္ကူအလိပ်များလိပ်၍အနီရောင်စက္ကူစတွေကိုပုံအတိုင်းကော်ကပ်ပါတယ်။အရွက်များဖြတ်၍လည်းထပ်မံကော်ကပ်ပါတယ်။ထိုပန်းခက်သုံးခက်ပြုလုပ်၍ပန်းအိုးမှာအလှဆင်ပါတယ်။      Written by @asterkame By my photos & made by me
👍 asterkame, ctime, voter, team, goldcoin, naingtun45, tin.aung.soe, nweoomon, princekham, walarhein, golden.future, sayalu, mrfraenk, stevenson7, good-karma, esteemapp, esteem.app, ecency, ecency.stats, dibblers.dabs, htwegyi, kachinhenry, nyinyiwin, nyimwa, myothuzar, uthantzin, arcange, raphaelle, steemitboard, fengchao, laruche, walterjay, cleanplanet, hive-143869, happydolphin, ace108, sheinthu, ong.aye.myat.mon,