Today My Painting

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@asterkame·
0.000 HBD
Today My Painting
ဒီနေ့ပန်းချီပုံလေးနှစ်ပုံနဲ့ပိုစ့်တင်ချင်ပါတယ်။စက္ကူအလှဆင်တွေမပြုလုပ်ဖြစ်ပဲပန်းချီဆွဲလိုက်ပါတယ်။မနေ့ကဆွဲထားတာပါ။ဒီနေ့မှစာရေးပြီးပိုစ့်တင်ဖြစ်ပါတယ်။ပုံနှစ်ပုံကတစ်ခုမှပြတင်းပေါက်တစ်ခုပါပြီး၊ပန်းအိုးတစ်လုံးပါပါတယ်။ဒီပုံမှာကအတွင်းကနေမြင်ရတဲ့ပုံစံမျိုးဆွဲထားပါတယ်။အပြင်ဘက်ကသစ်ကိုင်းတွေလည်းမှန်ပေါ်မှာမြင်နေရတဲ့ပုံစံမျိုးပါ။နောက်တစ်ပုံကသစ်ကိုင်းမှာငှက်တစ်ကောင်နားနေတဲ့ပုံပါ။သစ်ကိုင်း၊သစ်ရွက်နဲ့ငှက်တွေအနက်ရောင်ခြယ်ထားလိုက်ပါတယ်။ဒီပုံတွေကိုဆွဲထားတာကသာမန်အဖြူရောင်စက္ကူပေါ် ရေဆေးနဲ့ဆွဲထားပါတယ်။ဒီပုံနှစ်ပုံလုံးကရိုးရှင်းပါတယ်။


![img_0.9532695734545259.jpg](https://images.ecency.com/DQmcfPkWNh69kvna6PBfAsUx6v6udNYUgsYHnRrmfatv6hT/img_0.9532695734545259.jpg)

![img_0.8736504098170748.jpg](https://images.ecency.com/DQmV9273f2XFk9pB8mTPFXmGrLds6vKtCqqAsCs7wZ5qwM1/img_0.8736504098170748.jpg)

![img_0.9982252902067303.jpg](https://images.ecency.com/DQmb4tcAsCfV9UqHhtK6FMTtojFdxEyuQuTGKJ8wBmNbBAy/img_0.9982252902067303.jpg)

ပထမတစ်ပုံကိုပြတင်းပေါက်ပုံစံအရင်ဆွဲပြီး frame တွေမှာအနက်ရောင်ခြယ်လိုက်ပါတယ်။မှန်ကိုတော့အပြာရောင်ခြယ်လိုက်ပြီးသစ်ကိုင်းနဲ့သစ်ရွက်တွေဆက်ဆွဲလိုက်ပါတယ်။ပန်းအိုးတစ်လုံးကိုလည်းဆွဲပါတယ်။လိမ္မော်ရောင်ဆေးခြယ်ထားပြီး၊သစ်ရွက်တွေ၊ပန်းပွင့်တွေကိုဆက်ဆွဲလိုက်ပါတယ်။ကျန်နေရာတွေမှာလည်းအပြာရောင်ဆေးခြယ်ပါတယ်။နောက်တစ်ပုံမှာတော့ အဖြူ၊အဝါ၊လိမ္မော်ရောင်တို့ကိုပုံအတိုင်းအရင်ဆေးခြယ်ပြီး၊သစ်ကိုင်းပုံဆွဲပါတယ်။သစ်ရွက်တွေလည်းထပ်ဖြည့်လိုက်ပြီး၊သစ်ကိုင်းပေါ်နားနေတဲ့ငှက်တစ်ကောင်ပုံဆွဲပါတယ်။ဒါတွေအကုန်လုံးကိုအနက်ရောင်ခြယ်လိုက်ပါတယ်။ပုံတွေအားလုံးပြီးရင်ပုံလေးတွေရိုက်ပါတယ်။


![img_0.73951695647927.jpg](https://images.ecency.com/DQmTkJfJqrpqqK4DxKyZ3QR5JPYbxkScAv1ViiSHXXE4XKb/img_0.73951695647927.jpg)

![img_0.7604130136563478.jpg](https://images.ecency.com/DQmch7MQwGkc7BmnmZ5N8pkqxNg7YysriUgK3VahUHSG3un/img_0.7604130136563478.jpg)

January 23, 2022
Written by @asterkame
By my photos & made by me
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,