သူငယ်​ချင်းအပိုင်း(၁)
View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@aunggyi100·
0.000 HBD
သူငယ်​ချင်းအပိုင်း(၁)
ဝသုန်​မိုးတို့ ​ဖျောက်​​ဖျောက်​နှင့်​ သစ်​ပင်​ပန်းပင်​တို့စိမ်းလမ်းစို​ပြေ​နေ​သောရာသီဥတု ဖြစ်​​လေသည်​။ သူငယ်​ချင်းတစ်​စု လုပ်​ငန်းခွင်​သွားရန်​ မနက်​ခင်း လက်​ဖက်​ရည်​ဆိုင်​တွင်
လူစုပြီးသွားတတ်​ကြ​ပေ၏။
      သူတို့ကား ​အောင်​ကြီး၊ဖိုး​ဇော်​၊​ဇော်​ထွန်း၊​ပေါက်​ကြိုင်းတို့ဖြစ်​ကြ​လေသည်​။သူတို့အားလုံး လက်​လုပ်​လက်​စား သမား​တွေဖြစ်​ကြသည်​။ဇော်​ထွန်းသည်​ သားတစ်​​ယောက်​၊သမီးတ​စ်​ယောက်​ နှင့်​အိမ်​​ထောင်​သည်​ဖြစ်​၏။ဖိုး​ဇော်​သည်​လည်းထို့အတူပင်​ အိမ်​​ထောင်​နှင့်​က​လေးနှစ်​​ယောက်​ရှိ​လေသည်​။
  ယခုလည်း ကျန်​သူအားလုံး​ရောက်​နှင့်​၍
အောင်​ကြီးအား​စောင့်​​နေကြခြင်းဖြစ်​​လေသည်​။ဇော်​ထွန်းမှ"အဲ့​ကောင်​ဘာလုပ်​​နေလည်းမသိဘူးကွာ ရှစ်​နာရီခွဲ​တော့မယ်​"ဟု အလုပ်​​နောက်​ကျမည်​ကို​စိုးရိမ်​စွာ​ပြောလိုက်​လျှင်
ဖိုး​ဇော်​မှ"အဲ့​ကောင်​​တော့​ပြောမ​နေနဲ့ ညကြဆယ့်​နှစ်​တစ်​ချက်​ ထိလိုင်း​ပေါ် မနက်​ကြအမြဲ​နောက်​ကျ​နေတာ"ဟူ၍ဆို​လေ၏။ပေါက်​ကြိုင်းမှဝင်​​ရောက်​၍"လာမှာပါကွာ ခနစောင့်​ကြည့်​တာ​ပေါ့"ဟု​ပြော​လေသည်​။သူတို့​ပြော၍ပင်​မဆုံး​သေး ​အောင်​ကြီးတစ်​​ယောက်​ လက်​ဖက်​ရည်​ဆိုင်​ ထဲဝင်​လာသည်​။အောင်​ကြီးပုံစံကား သူတို့​ပြောလည်း​ပြောချင်​စရာဖြစ်​​လေ၏။သူ၏မျက်​လုံးများကား အိပ်​ချင်​မူးတူး၊ဆံပင်​ကလည်း ဘုတ်​သိုက်​ပမာ
အဝတ်​စားမှာ ဖရိုဖရဲနှင့်​ ဘုရားစူး လူပျိုပါဟူ၍ ကြိမ်​​ပြောရမည့်​ အပြင်​အဆင်​မျိုးနှင့်​ဖြစ်​​လေသည်​။သူ၏ထုံးစံအတိုင်း လက်​ဖက်​ရည်​ကို ပြာရာပြာရာ​သောက်​ပြီး "သွားရ​အောင်​"​ပြောလိုက်​​လေသည်​။
အောင်​ကြီးစကားပင်​မဆုံး​သေး ​ဇော်​ထွန်းက"​အောင်​မယ်​ မင်းက​ပြောရတယ်​ရှိ​သေး အကုန်​လုံး ကမင်းကို​စောင့်​​နေကြတာ"ဟုဆို​လေသည်​။ကျသင့်​သည့်​ လက်​ဖက်​ရည်​ဖိုးတို့ရှင်းကြပြီး လုပ်​ငန်းခွင်​သို့ သူငယ်​ချင်းတစ်​စု ထွက်​ခွာသွားပါ​တော့၏။
လုပ်​ငန်းခွင်​သို့ သွားရာလမ်းတ​လျှောက်​တွင်​လည်း တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ဟီး​လေးဟား​လေး နှင့်​စရင်း​နောက်​ရင်းသွားတတ်​ကြ​ပေသည်​။တခါတရံ ဆိုင်​ကယ်​များ ဘီး​ပေါက်​ကြလျှင်​ ​ဘီး​ပေါက်​သည့်​သူပိုက်​ဆံမပါ​သောအခါ တခြားတစ်​​ယောက်​မှစိုက်​​ပေးရသည်​မျိုးလည်းရှိ​ပေးသည်​။ထိုသို့စိုက်​​ပေးရသည့်​ပိုက်​ဆံကား ပြန်​ ရသည်​ဆိုသည်​ကား မရှိသ​လောက်​ပင်​။
. ![image](https://img.esteem.ws/ts49bgmnbd.jpg)
photo credit;Google Image.
အပိုင်း(၂)အားဆက်​လက်​ဖတ်​ရှု့ပါရန်
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,