The Heart of Dawei

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@aunghtetkyaw·
0.000 HBD
The Heart of Dawei
ထားဝယ်ဒေသရဲ့ အကျော်အကြားဆုံးအစိတ်အပိုင်းကတော့ ထားဝယ်ကျွန်းဆွယ်ဒေသ ( သို့မဟုတ်)ထားဝယ့် ပန်နီဆူလာ လို့ခေါ်တဲ့ဒေသလေးပဲ့
ဖြစ်ပါတယ် ခင်ဗျား။
ကျွန်တော်ကတော့ ထားဝယ်သားတစ်လောက်အနေနဲ့
ထားဝယ့်နှလုံးသား ( The Heart of Dawei)
လို့ တင်စားလိုက်ပါတော့တယ်.......😍😍😍

 ![image](https://img.esteem.ws/v6ov9xba01.jpg)



အဓိကကျော်ကြားရတဲ့အကြောင်းရင်းကတော့ အဲ့ဒီမှာအင်မတန်လှပပြီး ဟိုတယ် တယ်ခိုခန်းတွေ စားသောက်ဆိုင်တွေ မယ်မယ်ရရမရှိသေးတဲ့
လူတွေလည်းအရောက်အပေါက်နည်းနေသေးတဲ့
အလွန်ကြည်လင်ပြာလဲ့နေတဲ့ပင်လယ်ကြီးကို သဘာဝအတိုင်း ရှိနေသေးလို့ပဲဖြစ်ပါတယ်။ 
သစ်တောအုပ်ကြီးရယ် သဲဖြူဖြူလေးတွေရယ်နဲ့သဘာဝအလှကို 
အပြည့်ခံစားနိုင်မယ့်နေရာဖြစ်ပါတယ် ခင်ဗျား။

ထားဝယ်ရောက်လို့ သွားလည်လို့ရမယ့် ကမ်းခြေတွေက 
တီဇစ်ကမ်းခြေ၊ 
ဆင်ထောင့်ကမ်းခြေ၊
ဝဲမကိုက် ကမ်းခြေ၊ 
ကျောက်တွင်းကမ်းခြေ၊
ဖိုးဖိုးကျောက် ကမ်းခြေ(Grandfather Beach)
မြင်းခွာအော်ကမ်းခြေ၊
Paradise Beach (ဆမ်ဆအော်ကမ်းခြေ)
ပညစ်ကမ်းခြေ လို့ခေါ်တဲ့မျှော်ရစ်ကမ်းခြေ၊ 
သရော့ကမ်းခြေ တွေဆီသွားလို့ရပါတယ် ခင်ဗျား။
(အထက်ဖော်ပြပါ ကမ်းခြေများသည် ထားဝယ်ခရိုင်
လောင်းလုံးမြို့နယ် တစ်ခုတည်းအတွက်သာ ဖြစ်ပါသည်။)

ဒီလိုကမ်းခြေတွေအများကြီးရှိတဲ့ ထဲကမှ ကျွန်တော်ကနေ steemit members များအတွက် အရင်အပတ်က သူငယ်ချင်းတွေနဲ့
သွားရောက်လည်ပတ်ခဲ့တဲ့ ဆင်ထောင့်ကမ်းခြေ နှင့် မြင်းခွာအော် ကမ်း
ခြေတို့အကြောင်း ပြောပြပေးမှာ ဖြစ်ပါတယ် ခင်ဗျား.....
![IMG_20180127_124348.jpg](https://steemitimages.com/DQmcbYjeMkpBgq1VpW4sYdU6EcozKWWcgfKwd1L2jB8bc57/IMG_20180127_124348.jpg)

ဆင်းထောင့်ကမ်းခြေ 

ထားဝယ်ရဲ့ကိုယ်အကြိုက်ဆုံကမ်းခြေလို့ပြောလို့ရတယ်.. 
သဲဖြူဖြူ..ရေပြာပြာနဲ့ 1 မိုင်လောက်ရှိတဲ့ ကမ်းခြေ အ၀ိုက်ကြီးမှာ 
ကျွန်းဆွယ်ကြိးနှစ်ခုက အဲ့ဒီကမ်းခြေကို အနားသပ်ပေးထားသေးလို့ 
သိပ်ကိုလှနေတာ.. ရောက်ခဲ့တဲ့ ကမ်းခြေတွေထဲမှာ သူက သွားရအခက်ဆုံးပဲ့ဗျ......။မြန်မာပြည် အထက်ဘက်ကနေ လာတဲ့ သူတွေအတွက်ကတော့
ထားဝယ်ကနေ ရဘဲအထိကို နှစ်နာရီလောက်ကားစီးရပါတယ်.....
ဆိုင်ကယ်နဲ့ တော်တော်ဝေးလို့ ကားနဲ့သွားတာ ပိုအဆင်ပြေတယ်.....
ကားငှားရတာ ဈေးကြီးရင် လိုင်းကားတွေစီးလို့လဲ၇ပါတယ်.. တယောက်မှ
2000 ပဲ..ထားဝယ် အခွန်လွတ်ဈေးနားမှာ ကားတွေ တစ်နာရီတစ်ခါ
![20180127_110840.jpg](https://steemitimages.com/DQmQ4woyXUrmjC4MfsVQjqGLgYHoos8zANXDte4PikEEYs4/20180127_110840.jpg)
ထွက်တယ်.. ရဘဲရွာ ရောက်ရင်ဆင်း..အဲ့ဒီထိပ်မှာပဲ ဆိုင်ကယ်
ကယ်ရီငှားပြီး ( 5000 ကျပ်) အထဲကို 3 မိုင်လောက် ဆိုင်ကယ်စီးရတယ်..လမ်းကကြမ်းပေမယ့်မောင်းတဲ့သူတွေ
ကျွမ်းတော့ အေးဆေးပါပဲ.....
ကျွန်တော်တို့ကတော့ ထားဝယ်ဒေသခံတွေဖြစ်တဲ့
အတွက် ခရီးစဉ်တစ်လျှောက်လုံး
ဆိုင်ကယ်နဲ့ပဲ့သွားခဲ့ပါတယ်ဗျ.....
လမ်းမှာ ရွာနှစ်ရွာ ဖြတ်ပြီး 30 မိနစ်လောက်မောင်းရင်နောက်ဆုံးရွာ
ရောက်တယ်.. တချို့က အဲ့ဒီအထိကားနဲ့သွားကြတယ်.. 
![20180127_110843.jpg](https://steemitimages.com/DQma1dQKsnNp9BDsCSLYuLzRbHDfki35VM8iSsWorbeUJ7G/20180127_110843.jpg)
4 wheel မှ အဆင်ပြေမှာပါ.. အဲ့ဒီကနေ 
ဆိုင်ကယ်ရပ်ပြီး မိနစ် 20 လောက်
ဒီရေတော ထဲကို လမ်းလျှောက်သွားမှ ကမ်းခြေကိုရောက်တာ.. 
ဒီရေတောက မိုးကုန်ခါစ ဆိုရေတွေ ဒူးလောက်အထိရှိတတ်တယ်.. 
ကိုယ်တွေက ကံကောင်းလို့ ရေမရှိတော့ ပေမယ့် 
ဗွက်တွေ ထဲတော့
ဖြတ်ရတယ်.. နိုင်ငံခြားသားတွေကတော့ ပျော်နေတာပဲ.. သူတို့အတွက်အရမ်းကောင်းတဲ့အတွေ့အကြုံ..ကြိုက်တယ်တဲ့..
 ဗွက်တွေထဲက ရုန်းထွက်ပြီး ဘန်ဂလိုလေးတွေကြားက ရေပြာပြာကမ်းခြေကိုမြင်လိုက်ရ
တော့ အမောကို ပြေသွားတာပဲ.. အထုပ်တွေ ပစ်ချပြီးရေထဲကို 
ပြေးဆင်းတာ.. နိုင်ငံခြားမှာသာဆို ဒီလိုကမ်းခြေဟာ နာမည်ကျော်တွေသာလာတဲ့ 1 ည ဒေါ်လာ 1 သောင်းတန် 
အခန်းတွေနဲ့ resort ကြီးဖြစ်သွားမှာ
သေချာပဲ..ကမ်းခြေမှာ ထူးဆန်းစွာပဲ ဘန်ဂလိုလေးတွေရှိတယ်..
Panorama Tour ကပဲ Booking တင်ပေးတာ.. တစ်ခန်းကို
လေးသောင်းခွဲ ငါးသောင်းဆိုပြီးရှိတယ်ဗျ........
အဲဒီကမ်းခြေမှာ ဖုန်းလိုင်း ..အင်တာနက်လိုင်းတော့ မမိဘူးဗျ
မီးဆိုလဲ ဆိုလာ စနစ် နဲ့ပေးထားတာ.....
သဘာဝတရားရဲ့ လတ်ဆတ်မူ နဲ့ လှပမူတွေ ကြားမှာ
မှိန်းမော သွားခဲ့တယ် ဆိုပါတော့ဗျ.....စာနဲ့ရေးလို့မကုန်နိုင်ဘူးဗျ
ကိုယ်တိုင်ရောက်ဖူးမှ သိလိမ့်မယ် လာခဲ့ဖို့လဲ ဖိတ်ခေါ်ပါတယ်.....
ဘန်ဂလိုလေးမှာ ဆိုင်လေးတစ်ဆိုင်ပဲ ရှိတယ်.. ရတဲ့ မီနူးကလဲ 
လေးငါးမျိုးပဲ့..... ဆင်ထောက်ရဲ့နေ၀င်ချိန်ကတော့ ကျွန်တော်တွေ့ဖူးသမျှအထဲမှာအလှဆုံးပါပဲ........
သွားရတာ ခက်ခဲပေမယ့် ရောက်သွားတာနဲ့ တန်တယ်လို့ 
ချက်ချင်း ကောက်ချက်ချမိမယ့် ကမ်းခြေလေးပါဗျ........

![P70204-061235.jpg](https://steemitimages.com/DQmNtjr1sv5W2KrVmvM44qWoWVkYu51pHBvQch3u5xBweG4/P70204-061235.jpg)
မြင်းခွာအော်ကမ်းခြေ 

ဆင်ထောင့်ကမ်းခြေအလှတွေခံစားပြီး အဝနားပြီးပြီဆိုရင်တော့ 
နောက်ထပ်ကမ်းခြေတစ်ခုစီ ခြေဆန့်ကြမယ်။
ဆင်ထောင့်မှာပဲ တနေကုန်နေချင်တယ်ဆိုလဲ နောက်နေ့မှသွားလို့ရပါတယ်။ မြင်းခွာအော် ကမ်းခြေက ဆင်ထောင့်ကမ်းခြေလောက်မလှပေမယ့် 
ခရီးတစ်ထောက်နား လို့ကောင်းပါတယ်။ အရင်ကလှပတဲ့ကမ်းခြေဖြစ်ခဲ့
ပြီး ကားလမ်းမနဲ့အနီးဆုံးနေရာမှာရှိတာကြောင့် လူသွားထူထပ်တဲ့နေရာဖြစ်ခဲ့တာပါ။ 
အရင်က ကမ်းခြေမှာ ဟိုတယ်တစ်လုံးရှိခဲ့ပေမယ့်
တရားဝင်ခွင့်ပြုချက်မရလို့ ပိတ်ပစ်ခဲ့ရပါတယ်။ လူသွားလူလာများပြီး 
![IMG_20180127_154529.jpg](https://steemitimages.com/DQmVRrnCsvHBpPjh2f7wYwTThE8YDFwghrGuQXttd5ie9RG/IMG_20180127_154529.jpg)
လမ်းနဲ့နီးတဲ့နေရာဖြစ်သလို ထိန်းသိမ်းမယ့်လူတွေ မရှိတော့တာ
ကြောင့် ကမ်းခြေရဲ့ အလှအပကတော့ ပျက်စီးစပြုနေတာပါ။
ကျွန်တော်တို့ကတော့ ရှင်မော်ဘုရားဖူးပြီး မြင်းခွာအော် ကမ်းခြေမှာ ယာယီတဲလေးတွေနဲ့တစ်ညအိပ်ခဲ့ပါသေးတယ်ဗျ...

မီးပုံ......ဂီတာတီး....သီချင်းဆို.....ငါးကင်......လက္ဖက်သုပ်စား......
နောက်နှစ်ရက်ဆို လပြည့်ညဖြစ်တော့မှာဆိုတော့
လသာပြင်သဲသောင်ကြီးမှာ ဘောလုံးလဲကန်ကြသေးတယ်ဗျ....

ကဲ....အခုတော့ဒီမှာပဲ့ အဆုံးသတ်ပါရစေ ခင်ဗျား.....
ဒါကတော့ အရင်ပတ်က ကျွန်တော်တို့သွားခဲ့တဲ့ ကမ်းခြေလေးကို
လမ်းညွှန်အနေနဲ့ ပြောပြပေးထားတာပဲ့ ဖြစ်ပါတယ် ခင်ဗျား...
နောက် post တွေကျမှပဲ့ အခုသွားခဲ့တဲ့ ခရီးရဲ့အသေးစိတ် review
လေးကို တင်ပြပေးမှာမို့လို့ ဆက်လက်ဖတ်ရှူ
အားပေးကြပါဦးလို့ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျား......။

 ![image](https://img.esteem.ws/etqxsks0pb.jpg)
Author~ Aung Htet Kyaw
@aunghtetkyaw
Photographer-Aung Htet Kyaw
MSC-197
Myanmar Steemit Lover
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , ,