way pyee tae nauk

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@ayaechanm·
0.000 HBD
way pyee tae nauk
ဝေးပြီးတဲ့ နောက် 
ထီးကောက်ကလေးကို လက်မှာ ချိတ်
စနေထောင့်မှာ ပုတီးကြာကြာလေး စိပ်မယ်!ခေါင်းငုံ့ပြီးလျှောက်ခဲ့ရတဲ့လမ်းတွေမှာမှ

ခလုတ်တိုက်ပြီးလဲရတာ 

ပိုပြီးနာကျင်စရာမကောင်းဘူးလား

အခုလည်း

သတိထားနေတဲ့ကြားက

ကျွန်တော်တစ်ယောက်တည်းဖြစ်သွားပြန်ပြီ

ရယူလိုစိတ်မရှိသလောက်နည်းပါးခဲ့တဲ့အတွက် 
ဆုံးရှုံးမှုတွေ ဆိုလည်း သိမ်းထားလိုက်ဖို့ 
ဝန်မလေးခဲ့ပါဘူး 
![9gfuvei5rz.jpg](https://img.esteem.ws/9gfuvei5rz.jpg)
ဆုံဖို့ကျန်သေးလို့ ပြန်တွေ့တဲ့အခါ 
လိပ်ပြာလုံစွာ ပြုံးပြ နှုတ်ဆက်ဖို့ 
ကိုယ် သူ့ကို ခွင့်လွှတ်ခဲ့တယ် 

သူ့မှာ အဖြူရောင်မျက်ဝန်းတွေ ရှိနေပြီး 
ကိုယ့်မှာ အပြာရောင် အလွမ်းတွေ ရှိတယ် 

👍 , , , ,