ယူတက်ပါစေ
myanmar·@ayemomo·
0.000 HBDယူတက်ပါစေ
 Steemit members အားလုံးမင်္ဂလာပါရှင်။ ဒီတစ်ခါတော့ မိုနှင့်တစ်ကွ မြန်မာ ပြည်မှ မိန်းကလေး အကြီး၊အငယ်၊အလတ်နှင့် ယောကျာ်းလေးများပါ မကျန်အောင် စွဲဆောင်ထားနိုင်တဲ့ ကိုးရီးယားကားလေးတွေ အကြောင်းကို မိုအမြင်နဲ့ မိုသိသလောက်လေး ဝေဖန်ကြည့်လေးပါ။ ကိုးရီးယားကားကို မိုအရမ်းကြိုက်သလို လူတော်တော်များများလည်း ကြိုက်ကြတယ်လို့ မိုယုံကြည်တယ်။ မကြိုက်တဲ့သူ မရှိဘူးလို့ မိုမပြောဘူးနော်။ ရှိတော့ရှိတယ် အနည်းစုသာဖြစ်လိမ့်မယ်။ ဒီအကြောင်းလေးရေးဖို့ တွေးမိတာက မီးပူတိုက်ရင်း တီဗီစင်ရှေ့က ကိုးရီးယားခွေပုံကြီးကို ကြည့်မိပြီး အတွေးလေးဝင်လာလို့ပါ။ မိုအပါအဝင် လူတော်တော်များများဟာ နေ့စဉ် စားဝတ်နေရေးတွက် လှုပ်ရှား ရုန်းကန်နေကြရသူတွေလေ။ ချမ်းသာသူရော ဆင်းရဲသူရော အလုပ်ကတော့ နေ့စဉ် အနည်းနဲ့အများ လုပ်နေကြတာပါပဲ။ မနက်ခင်း မျက်စိနှစ်လုံးပွင့်လို့ တစ်နေ့တာ စတော့မယ်ဆိုတာနဲ့ လုပ်ငန်းခွင်တွက် ပြင်သူကပြင်၊ ချက်ပြုတ်ဖို့ ပြင်သူကပြင်၊ ကျောင်းသွားဖို့ ပြင်သူကပြင်နဲ့ တစ်နေ့တာ လုပ်ငန်းစဉ် အသီးသီးကို သွားဖို့ လုပ်ဖို့ ပြင်ဆင်လုပ်ကိုင်နေသူတွေမို့ တစ်နေ့တာ ကုန်ဆုံးလို့ အိမ်ပြန် ရေမိုးချိုး ထမင်းစား အနားယူချိန် ရောက်လာတဲ့ခါမှာတော့ လူတိုင်းဟာ စိတ်အပန်းဖြေမှု တစ်ခုတွက် ကိုယ်နှစ်သက်ရာ ကိုယ်ဝါသနာပါရာ ကိုယ့်စိတ်အပန်းဖြေရာ တစ်ခုခုလုပ်လေ့ ရှိကြတယ်မဟုတ်လား။ ဘာလို့ဆို တစ်နေ့တာလုံး ပင်ပန်းခဲ့သမျှ ဒီချိန်လေးသာ အနားယူကြရတာ မဟုတ်လား။ ဖုန်းကြည့်သူ၊ဂိမ်းဆော့သူ၊ ရုပ်ရှင်ကြည့်သူ စသော အမျိုးမျိုးသော ကိုယ့်စိတ်ကျေနပ်မှု ရစေနိုင်သော အရာများကို ဖန်တီးတက်ကြတာလေ။ ဒါမှလည်း တစ်နေ့တာလုံး မောခဲ့သမျှကို မေ့ပျောက်နိုင်မယ်လေ မဟုတ်ဘူးလား။  အဲဒီထဲမှာမှ မိုနှစ်သက်ရာ မိုတွက် အပန်းဖြေရာ တစ်ခုကတော့ ရုပ်ရှင်ကြည့်ခြင်းပါပဲ။ ရုပ်ရှင်ကြည့်ချိန် ခဏမှာတော့ ရုပ်ရှင်ထဲ နစ်မျောနေတာမို့ လောကအပူ စိတ်ညစ်စရာများ ရှိရင်လည်း ထိုချိန်ခဏလေးမှာတော့ မေ့ပစ်ထားနိုင်လို့ပဲ။ ရုပ်ရှင်ကြည့်တာ နှစ်သက်သလို အများဆုံး ကြည့်တာလည်း ကိုးရီးယားကားများသာ ဖြစ်ပါတယ်။ ဘာလို့ဆို ကိုးရီးကားဟာ ကြည့်လိုက်ပြီးဆိုတာ ကြည့်သူတိုင်းကို စွဲဆောင်မှု အပြည့်ပေးနိုင်တယ်။ တစ်ခန်းပြီးလို့ နောက်တစ်ခါခန်း ဘာဖြစ်မယ်မသိနိုင်တာမို့ လူတွေစိတ်ကို ကြိုသိချင်အောင် မကြည့်ပဲ မနေနိုင်အောင် လုပ်နိုင်စွမ်းရှိတယ်။ ကိုးရီးယားကားများ မြန်မာပြည်ကို ဆောင်းဦးရွက်ကြွေချစ်သက်သေ ဆိုတဲ့ကားမှစလို့ စတင်လွှမ်းမိုးလာခဲ့တာလေ။ အဲဒီကားလေးဟာ ရုပ်ရှင်ကြိုက်သူတိုင်းကို ကိုးရီးယားကားပေါ် စွဲလမ်းမှုစတင်စေခဲ့တာပါပဲ။  အဲဒီကားလေးဟာ မြန်မာပြည်မှ ရုပ်ရှင်ကြည့်သူ ကြိုက်သူများရင်ကို ဝမ်းနည်းမှု သနားမှုတို့နှင့်အတူ သရုပ်ဆောင်ပိုင်နိုင်မှုတို့က ဖမ်းစားခဲ့တယ်လေ။ အွန်စော၊ဂျွန်စောဆိုတာ မသိသူမရှိသလောက် လူတွေရဲ့ ပါးစပ်ဖျားတွင်ခဲ့တာမို့ မြန်မာပြည်ကို ကိုးရီးယားကားများ လွှမ်းမိုး လာခဲ့တော့တာပေါ့။ ကိုးရီးယား ဇာတ်လမ်းတွဲများမှာ လူတွေကို ခံစားမှု ရသတစ်ခုခု ပေးစွမ်းနိုင်စွမ်းရှိသလို သူတို့၏သရုပ်ဆောင်များမှာ တကယ့်အပြင်မှာ လက်တွေ့ဖြစ်နေသလို သရုပ်ဆောင်ချက်များမှာ ပီပြင်လွန်းလှပါတယ်။ သူတို့ဟာ ကျရာနေရာ ဇာတ်ကွက်မှာ ဟာကွက်မရှိအောင် သရုပ်ဆောင်နိုင်တယ်။ ဒီတစ်ခုတော့ တကယ် မချီးကျူးပဲ မနေနိုင်ဘူး။ တကယ့်ကို တော်လွန်းလှပါတယ်။ သူတို့လေးတွေမှာ အရမ်းကိုချောလွန်းပြီး ချစ်စရာ သေးသေးသွယ်သွယ် လေးတွေမို့ သူတို့ဝတ်စားဆင်ယင်မှုက သူတို့နဲ့တော့ လိုက်ဖက်လွန်းလှပါတယ်။ သူတို့နိုင်ငံ သူတို့ယဉ်ကျေးမှုမို့ ပြောစရာမလိုပင်မယ့် မိုတို့နိုင်ငံ မိုတို့ယဉ်ကျေးမှုနဲ့တော့ သဟဇာတ မဖြစ်နိုင်တာမို့ ရုပ်ရှင်ကြည့်တာ ကြည့်ပါ အတုယူတော့ မမှားစေချင်ဘူး။ ကိုးရီးယားကားကြည့်ခြင်းဖြင့် ကောင်းတာတွေ ရှိသလို မကောင်းတာတွေလည်း ရှိနိုင်ပါတယ်။ ကိုးရီးယားကားများဟာ ဇာတ်လမ်း၊ဇာတ်ကွက်၊သရုပ်ဆောင်ပီပြင်မှုတို့က စွဲဆောင်ထားနိုင်ပေမယ့် သူတို့ကားတွေမှာ ရိုးသားသူဟာ တစ်ကားလုံးခံရပြီး နောက်ဆုံးမှ စံရတဲ့ ကားများသလို တစ်ချို့သောကားများ ဇာတ်သိမ်းများ မရေမရာပြီးဆုံးသွားတက်တာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကားအများစုမှာ မိုတို့ကို အများစု စွဲဆောင်နိုင်တာကတော့ သရုပ်ဆောင်ပီပြင်ချက်၊ စိတ်ဝင်စားအောင် ဇာတ်လမ်းဆင်နိုင်မှုတို့ပဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်အပန်းဖြေမှုတွက် ရုပ်ရှင်ကြည့်ကြပင်မယ့် တစ်ချို့မှာ အတုမြင်အတက်သင် ဆိုသလို အတုယူတက်ကြတာမို့ ကိုးရီးယားကားများမှာ အတုယူသင့်တာ ရှိသလို အတုမယူသင့်တာတွေလည်း အများကြီးပါလို့ ပြောပါရစေ။ ဒါကိုတော့ ကိုယ်ဟာ မြန်မာလူမျိုး တစ်ယောက်ပါဆိုတဲ့ အသိနဲ့ ကောင်းတာ မကောင်းတာ ကိုယ်ပိုင် ဆင်ခြင်အတုယူရင်း စိတ်အမောပြေစေဖို့ ရုပ်ရှင်ကြည့်သူများကို မိုနှင့်အတူ တိုက်တွန်းလိုက်ပါတယ်။ ဒါကတော့ မိုအပေါ် လွှမ်းမိုးထားသော ကိုးရီးယားကားများနှင့် ပက်သက်ပြီး မိုရဲ့ဝေဖန်သုံးသပ်မှု အမြင်သက်သက်မို့ အမှန်ရှိသလို အမှားလည်း ရှိနိုင်ပါတယ်နော်။ တီဗီစင်မှ မကြည့်ရသေးသော ကိုးရီးယားကားများကို ကြည့်ရင်း ရေးဖြစ့်ခဲ့တဲ့အကြောင်းလေးပါရှင်။ steemit members အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပြီး ကိုယ်နှစ်သက်ရာ အပန်းဖြေမှု တစ်ခုခုဖြင့် တစ်နေ့တာ အမောများ ပြေပျောက်နိုင်ကြပါစေနော်။ Author@ayemomo(MSC-051) Photo by my phone& google
👍 ayemomo, htinlinaung, good-karma, mysteem, esteemapp, christoryan, bitcoiner, meysam, juicypop, doctor.steemit, paingphyothu, myothuzar, vitalkakrav4enko, aburmeseabroad, mamamyanmar, minsoenaing, evernew, nainghtetlin, honeysara, arkarphyo, yethihakyaw, zinzin, zarmanizawlinn, eieikhing, domelay, thethtooaung, kyawhlaing, mgtoetat, nyinyiwin, camelot, curie, anwenbaumeister, hendrikdegrote, kushed, pharesim, crimsonclad, ausbitbank, roelandp, bue, gunapeya,