အ​ရောင်​လွှင့်​ပုထုဇဉ်
View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@ayethatmon·
0.000 HBD
အ​ရောင်​လွှင့်​ပုထုဇဉ်
***   အ​ရောင်​လွှင့်​ ပုထုဇဉ်​ ​   ***
--------------------------------------------
အချိန်​တိုင်း အချိန်​တိုင်းက 
ကျွန်​မအတွက်​​တော့​နောက်​ဆုံး​တွေချည်းဖြစ်​နိုင်​သလို 
အသစ်​ အသစ်​​တွေလည်း ဖြစ်​နိုင်​တယ်​...
သစ်​လွင်​မှု​တွေတိုင်း လှပ​နေ​လေ့သလို
မနက်​ဖြန်​တိုင်းဟာ 
တောက်​ကြွား​နေလိမ့်​မယ်​ဆိုတဲ့ 
မျှော်​လင့်​ချက်​ကပဲ 
ကျွန်​မကို ရှင်​သန်​​စေတယ်​..​နောက်​တစ်​ကြိမ်​ဆိုတဲ့ အနာဂတ်​ထဲမှာ
အားကိုရာကို ရှာမိတတ်​တဲ့
လူသားအဖြစ်
ကျွန်​မ....
ပုထုဇဉ်​ဆန်​လွန်းလှတယ်​....
ငြိမ်းချမ်း​ရေး​​လေးကိုမှ 
ကြောက်​ရွံ့​နေတတ်​တဲ့ စစ်​ပွဲကြီးလိုမျိုး
တချို့အ​သေးစားလုပ်​ရမဲ့ အရာ​တွေကို 
ကျွန်​မ....
ကြောက်​ရွံ့​နေမိတုန်း....
တချို့မိုက်​မဲမှု​သေး​သေး​လေး​တွေ 
ချည်​​နှောင်​ထားလို့ 
ကြီးမားတဲ့ရုန်းထွက်​ခွင့်​ကို 
လက်​လွှတ်​ပစ်​လိုက်​ရတဲ့အထိ 
ကျွန်​မ...
 လူသားဆန်​ခဲ့ဖူးတယ်​...ေ​​နဝင်​​နေထွက်​​တွေထဲမှာ
အငိုအရယ်​​တွေကိုချန်​ရစ်​ခဲ့ကြ
အလွမ်းအ​ဆွေး​တွေကို 
သွေးနှင့်​ခဲ့ကြ
မေွးဖွားခြင်းနဲ့ ​သေဆုံးခြင်းကြားက
အ​ဖြေ​တွေနဲ့ ​ဝေးကွာ​နေကြတဲ့
အဲ့ဒီ သံသရာထဲကို
သံသယတစ်​ဆုပ်​စာ ပစ်​သွင်းပစ်​လိုက်​ချင်​ပြီ....
သိရက်​နဲ့ တိုးလို့
သာလို့​ဝေးရာဆီကို
ရွက်​လွှင့်​ပစ်​ရတဲ့အခါနက္ခမှားကိုပဲ အပြစ်​တင်​​တော့မယ်​...
အလှတရားလို့ ယူဆမိထားသမျှကို
မှန်​ကန်​မှုကို​ခေါင်းစဉ်​​ရေးပြီး
မျက်​မမြင်​ဖြစ်​ခဲ့ကြရတာ 
တစ်​ခါတစ်​​လေ​တော့ 
လက်​ခံသင့်​တဲ့အရာလို့ပဲ ယူဆပစ်​လိုက်​​မယ်​....
အဲ့ဒီလို သိဒ္ဓိ​တွေနဲ့ပဲ
ကျ​ကျေနပ်​နပ်​ကြီး
ပြုံးတတ်​သွားခဲ့တာ
မိုးခါး​ရေစည်​​ဘေးက
ကျွန်​မတို့​လောကကြီးထဲမှာ​ပေါ့....
I'm ATM.
@ayethatmon
SMT37
 ![image](https://img.esteem.ws/zf2851y56s.jpg)
👍 , , , , , , , , , , , , , , , , , , , , , , , , , ,