လက်လှမ်းမီသမျှ အတွေးစများ
msu·@ayethatmon·
0.000 HBDလက်လှမ်းမီသမျှ အတွေးစများ
ကျွန်မတို့ဟာ သီချင်းအဆိုသိပ်ကောင်းတယ်ဆိုရုံနဲ့ အဒဲလ် ဖြစ်မလာတော့ဘူး..ဆလင်းဒီယွန်ုဖြစ်မလာတော့ဘူး ဂျနီဖာလိုပက်ဖြစ်မလာတော့ဘူး.. တီထွင်ဖန်တီးမှု အားကောင်းရုံနဲ့ အက်ဒီဆင်ဖြစ်မလာနိုင်ကြတော့ဘူး။ဂရေဟမ်ဘဲလ် ဖြစ်မလာတော့ဘူး ။မဒမ်ကျူရီဖြစ်မလာတော့ဘူး.. ဘောလုံးကစားတာ တော်လွန်းရုံနဲ့ ဘက်ဟမ်း ဖြစ်မလာတော့ဘူး..ရော်နယ်ဒင်ဟို ဖြစ်မလာတော့ဘူး..ရောနယ်ဒို ဖြစ်မလာတော့ဘူး မက်ဆီုဖစ်မလာတော့ဘူး..  ကိုယ်ပိုင်တဲ့ဘဝတွေနဲ့ ကိုယ်သာ ဖြစ်နေကြရတော့မှာပဲဖြစ်တယ်..။ ဘယ်လောကဓံကိုမှ ငြင်းဆန်ခွင့်မရှိကြတဲ့လူသားတွေအဖြစ်နဲ့ ကျွန်မတို့ အပြင်းအထန် ရုန်းကန်ခွင့်တော့ရှိကြတယ်..။အပြင်းအထန်ကြိုးစားခွင့်တော့ရှိကြတော့ရှိကြတယ်။ ကျွန်မတို့ဟာ လူသားတွေထဲက လူသားတစ်ယောက်ပဲလေ..။ ဘယ်လိုအရာမျိုးကို ပိုင်ဆိုင်ချင်သလဲ အိမ်မက်မက်ခွင့်ရှိတယ် ..ကြိုးစားခွင့် ရှိတယ်..ပိုင်ဆိုင်ခွင့်ရှိတယ်..ဒါပေမဲ့ လောဘထက် လွတ်လပ်ပေါ့ပါးတဲ့ စိတ်ခံစားမှုကလည်း မက်မောဖို့ ကောင်းနေတတ်တာပဲ ဖြစ်တယ်..  ကျွန်မတို့ ဘယ်လောက်ပဲ တော်တော် ကျွန်မတို့ဟာ တခြားသူ ဖြစ်မလာနိုင်ကြတော့ဘူး..ကျွန်မတို့ဘဝမှာ အသက်ရှူသံ ရပ်တန့်ချိန်ကို တခြား သူတစ်ယောက်ရဲ့ဘဝဆီမှာ သွားပြီး တပ်ဆင်ထားလို့မရဘူး..ကိုယ်တည်ဆောက်ရာကိုပဲ ကိုယ်ပိုင်ဆိုင်ထားကြရမှာ ဖြစ်တယ်..ကိုယ့်သမိုင်းကို သူတပါးရဲ့စာမျက်နှာမှာ သွားကပ်လို့တော့ မရဘူး.. ကိုယ်ရေးသမျှသမိုင်း ကိုယ်လျှောက်သမျှသမိုင်းကို ကိုယ်တိုင်ပဲ ပိုင်ဆိုင်ကြရမှာပဲ ဖြစ်တယ်။ အခြားသူတစ်ယောက်ရဲ့ဘဝကို ကျွန်မတို့ အားကျခွင့်အတုယူခွင့်ရှိပေမဲ့ ရယူခွင့် ပိုင်ဆိုင်ခွင့်တော့ မရကြတော့ဘူး..  လောကကြီးရဲ့ မျှတတဲ့ ဥပဒေခေါ်ရမလား.. လူတိုင်းကို ကြိုးစားခွင့်ကိုယ်စီနဲ့ မျှတတဲ့ အချိန်တွေကို ပေးထားတတ်တယ်.. ဖန်တီးခွင့်နဲ့ ပိုင်ဆိုင်ခွင့်ကို စီမံခွင့်ရတယ်..ကိုယ် လုပ်သမျှရဲ့ တန်ပြန်အကျိုးသက်ရောက်မှု အချိုးအဆကတော့ ကိုယ့်ကြိုးစားမှုအတိုင်း ကိုယ်လက်ခံရရှိတာပဲ ဖြစ်တယ်..။ငြင်းဆန်ခွင့် မရှိဘူး လက်မခံခွင့်မရှိဘူး..ကျွန်မတို့ လက်ခံရရှိမှုကို စိတ်ကျေနပ်ဖို့ ကျွန်မတို့ လုပ်နိုင်တဲ့အရာက ကြိုးစားမှုအပေါ်မှာ အရင်းစိုက်မှုပဲဖြစ်တယ်။ ကိုယ့်ကြိုးစားအားထုတ်တဲ့အတိုင်းအဆအပေါ် ကျော်လွန်သွားတဲ့အရာတွေဆီကို လှမ်းမျှော်ပြီး တရားတယ် မတရားဘူးလို့ အော်နေကြရတာ ရူးမိုက်မှုတစ်ခုပဲ ဖြစ်မယ်..။ကျွန်မတို့ လုပ်သလောက်ပြန်ရခြင်းအပေါ်မှာ စောဒကတက်ခြင်းဟာ အချိန်တွေကို အလဟဿဖြုန်းတီးဖို့ ပေးမိကြတဲ့ ဆင်ခြေပဲလို့ မြင်မိတယ်။ အခုခေတ်မှာ ကိုယ်ပိုင်ခြယ်လှယ်ခွင့်ရတဲ့ ဘဝတစ်ခုစီနဲ့ ကိုယ့်ကိုယ်ကို မမြင်နိုင်ကြတဲ့ လူသားတွေက ပိုပိုပြီးများလာကြတယ်လို့ ကျွန်မထင်တယ်..( ကျွန်မကိုယ်တိုင်အပါအဝင်ပေါ့ )  တခြားသူတစ်ဦးတစ်ယောက်ရဲ့ ပိုင်ဆိုင်နိုင်မှုတွေကို သဘောကျရင်း ကျွန်မတို့ အဒဲလ် ဖြစ်ချင်ခဲ့ကြမယ်၊ အေဗရာဟင် လင်ကွန်းဖြစ်ချင်ခဲ့ကြမယ်..ပီကာဆို ဖြစ်ချင်ခဲ့ကြမယ်.. မာသာထရီဇာ ဖြစ်ချင်ခဲ့ကြမယ် လီကွမ်းယုဖြစ်ချင်ကြမယ်..ဒိုင်ယာနာ ဖြစ်ချင်ခဲ့ကြမယ်..ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ချင်ကြမယ်.ဘီဂိလ်ဖြစ်ချင်ခဲ့ကြမယ်..လီကာရှင်းဖြစ်ချင်ခဲ့ကြမယ်..တေလာဆွစ်ဖြစ်ချင်ခဲ့ကြမယ်....အို...စုံလို့ စုံလို့ နယ်စုံ ပယ်စုံမှာ ကျွန်မတို့ မဖန်တီးခဲ့တဲ့အရာတွေအတွက်ပါ ကျွန်မတို့ လက်ခံရယူချင်ခဲ့ပါလိမ့်မယ်..။ အဲ့ဒီလောဘတရားတွေကို ဖယ်ပြီး ကိုယ့်ကိုယ့်ကို မြင်အောင်ကြည့်နိုင်ကြရင် ကိုယ်ကိုယ်တိုင်ကလွှဲပြီး တခြားသူ ဖြစ်ခွင့်မရှိကြဘူးဆိုတာတော့ တကယ်ကို တရားမျှတတဲ့ အဖြေတစ်ခုအဖြစ် ကိုယ်ကိုယ်တိုင် လက်ခံရရှိကြပေလိမ့်မယ် လို့ ကျွန်မ ထင်ပါတယ်..။  I'm ATM. @ayethatmon Msu no.021 Photo credit by google image.