Let Us Discuss To Succeed (10)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@billionairehein·
0.000 HBD
Let Us Discuss To Succeed (10)
မင်္ဂလာပါ စာချစ်သူ မိတ်ဆွေတို့ရေ...
ဒီနေ့တော့ အပိုင်း ၉ အဆက် ပညာဗဟုသုတနှင့် ပတ်သက်၍
ဆွေးနွေးစကားလေးများကို ဆက်ပါမည်။
![orca-image-1519274386055.jpg_1519274386257.jpeg](https://res.cloudinary.com/hpiynhbhq/image/upload/v1519696888/maiakbuads2oijunhv4h.jpg)

HKM။ ။ ပညာတတ်ပြီး မအောင်မြင်တဲ့သူတွေကို ဘယ်လို
မြင်လဲ ဆရာ။
ZY။ ။ ပညာတတ်ပြီး မအောင်မြင်တာက၊ အဲဒီ ပညာတတ်တဲ့
လူတွေဟာ သူတို့ တတ်မြောက်ထားတဲ့ ပညာဗဟုသုတများကို 
လက်တွေ့ အသုံးချရကောင်းမှန်း မသိလို့ပေါ့။ လက်တွေ့ မလုပ်
ဆောင်နိုင်ပါက ဘယ်လောက် ကောင်းတဲ့ ဒသ၁န ဖြစ်ဖြစ် ၊
ပညာဗဟုသုတ ဖြစ်ဖြစ်၊ အသုံးဝင်မှာတော့ မဟုတ်ဘူး။ ဒီလိုပဲ
လက်တွေ့ လုပ်ဆောင်မှု မပါတဲ့ လေ့လာဆည်းပူးမှုဟာလည်း
လေ့လာဆည်းပူးမှု အစစ်အမှန် မဟုတ်ဘူး။ သိပြီး မလုပ်သေး
တာက တကယ် မသိသေးလို့ပဲတဲ့။ ဒါကြောင့် ဂျိုဟန် ဂိုးသေ့*
က "ကိုယ်တိုင် ပညာဆည်းပူးခြင်းသည် အကောင်းဆုံး သင်ယူ
ခြင်း ဖြစ်၍၊ တွေးရုံဖြင့် မရ။ လက်တွေ့ လုပ်ဆောင်မှ တတ်
မြောက်နိုင်သည်။ မိမိတာဝန်ကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်
မိမိလုပ်ရပ်၏ ရလဒ်ကို တွေ့ရှိလာမည်" လို့ ဆိုထားတာပဲ။
HKM။ ။ အောင်မြင်ရေးရဲ့ သော့ချက်ဟာ ဗဟုသုတ လို့
ဆိုကြ မဟုတ်လား ဆရာ။ ဗဟုသုတ ရှိရုံနဲ့ မလုံလောက်ဘူးပေါ့။
![Screenshot_2018-02-26-20-23-42.png](https://res.cloudinary.com/hpiynhbhq/image/upload/v1519696917/xabbyu7pjkwyupdlkj3f.png)

ZY။ ။ ဗဟုသုတ ဆိုတာက တချိန်လုံး တိုးပွားအောင် လုပ်နေ
ရမည့် အရာပဲ။ ဆက်လက် မလေ့လာရင် ပျောက်ကွယ်သွားနိုင်
တာပဲ။ ဗဟုသုတကို ပညာ ဖြစ်အောင် ပြောင်းနိုင်ရမယ်။ ဆိုလို
တာက ရရှိလာတဲ့ ဗဟုသုတတွေကို လေ့လာသင်ယူပြီး၊ တတ်
မြောက်ပညာရပ် အဖြစ် လှုပ်ရှားဆောင်ရွက် စွမ်းအား ပြောင်း
ပေးရမယ်။ ပညာဆိုတာ အတွေ့အကြုံ တွေကို ဆင်ခြင်စဉ်းစား
မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်နိုင်မှု တစ်ခုပဲ။ အမှန်စစ်စစ်
အမြန်အောင်မြင်မှုနည်းကတော့ အောင်မြင်သူရဲ့ အောင်မြင်မှု
အတွေ့အကြုံ တွေကို စံတူ ကူယူးခြင်းပဲ။ ဒီတော့ မင်း အောင်မြင်
ချင်တယ်ဆိုရင် ကမ္ဘာမှာ အောင်မြင်ကျော်ကြားသူတွေရဲ့
အထုပ္ပတ္တိတွေ ရှာဖတ်၊ သူတို့တွေရဲ့ နည်းလမ်း၊ ဗဟုသုတတွေ
ယူ၊ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လုပ်ဆောင်ပါ။ 
"Knowledge is Power." တဲ့။ ဗဟုသုတ ဆိုတာ 
တန်ခိုးစွမ်းအား တစ်ရပ်ပါပဲ။
![Screenshot_2018-02-26-21-16-25.png](https://res.cloudinary.com/hpiynhbhq/image/upload/v1519696948/v0ktk91npasa1togzfzb.png)

HKM။ ။ ဟုတ်ပါပြီ... ဆရာ။ ကျွန်တော်ဟာ တတ်ထားတဲ့
ဆေးပညာလေးဖြင့် အသေးစားရောဂါရှင်လူနာတွေကို ကုသ
ပေးတဲ့ ဆေးဆရာ အဖြစ်နဲ့ စီးပွားရေး အရ မရပ်တည်ချင်သလို
ထိုအရာဖြင့် ချမ်းသာလိမ့်မည်ဟုလည်း မယူဆ၊ မထင်မြင်ပါဘူး။
ချမ်းသာဖို့ အလုပ်တစ်ခုခု ပြောင်းလုပ်မှ ဖြစ်မယ်လို့လည်း တွေး
ထင်နေမိတာပါ။ တကယ်တော့ တတ်ထားတဲ့ ပညာကို တိုးတတ်
အောင်လည်း မလေ့လာ၊ အကျိုးရှိအောင်လည်း အသုံးမချနဲ့၊ 
ဟိုလိုလိုဒီလိုလို ဖြစ်နေတာပါ။ ဒါကြောင့် ကျွန်တော်ဟာ
အတွေးအခေါ် ပဲ ပြောင်းရမလား...၊ လက်ရှိ အလုပ်ပဲ ပြောင်း
ရမလား...၊ ဝေခွဲမရ ဖြစ်နေပါတယ်...ဆရာ။
ZY။ ။ အေး! ဟုတ်ပြီ။ ဆရာ ပြောပြမယ်။ အောင်မြင်တယ်...၊
ချမ်းသာတယ်...ဆိုတာ အလုပ်အကိုင် အပေါ်မှာတင် မူတည်
တာ မဟုတ်ဘူး။ အဲဒီ အလုပ်အကိုင်အပေါ် ထားရှိတဲ့ မိမိရဲ့
သဘောထားအမြင်လည်း လိုတယ်။ မင်းဟာ လက်ရှိအလုပ်
မှာ မပျော်ပိုက်တာလား...၊ အောင်မြင်မယ်လို့ မယုံကြည်တာ
လား...၊ သေချာဆန်းစစ်လေ့လာပါ။ အောင်မြင်မှု ဆိုတာ မိမိ
လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်အကိုင်မှာ ပျော်ရွှင်မှု ရှိဖို့
လည်း လိုတယ်။ Job Satisfaction ပေါ့...။ ဒါတော့
မင်းကိုယ်တိုင် ဆုံးဖြတ်ရမယ်။ မင်းရဲ့ လက်ရှိအလုပ်ဟာ
အောင်မြင်နိုင်မယ်...၊ ဆက်လုပ်ချင်သေးတယ်...ဆိုရင် အလုပ်
အပေါ်မှာ မင်းရဲ့ အတွေးအခေါ် ၊ သဘောထားတွေ ပြောင်းပေး
နိုင်ရမယ်...။ ဒီလိုမှ မဟုတ်ရင်တော့ အလုပ်ပြောင်းပေတော့...။
![Screenshot_2018-02-26-21-10-17.png](https://res.cloudinary.com/hpiynhbhq/image/upload/v1519696984/prbxtsu0nngvu2m796sx.png)

HKM။ ။ ဟုတ်ကဲ့၊ အတွေးအခေါ် ၊ သဘောထားတွေက 
အောင်မြင်မှုသို့ သွားရာမှာ လွှမ်းမိုးမှု ရှိတာပေါ့နော်...ဆရာ။
ZY။ ။ ရှိတာပေါ့... သဘောထား ဆိုတာ မင်းရဲ့ ဝါသနာထက်
ပိုအရေးပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မွေးဖွားလာ
စဉ်က အောင်မြင်သူ၊ ကျရှုံးသူ ဟူ၍ ကွဲပြားလာခြင်း မရှိဘူး။
![Screenshot_2018-02-26-20-22-37.png](https://res.cloudinary.com/hpiynhbhq/image/upload/v1519697034/iqbrmeuzhizfr2cafhhh.png)

"ဘဝမှာ အရှုံးဆိုတာ မရှိဘူး။ သင်ခန်းစာပဲ ရှိတယ်။ ပြသ၁နာ
ဆိုတာ မရှိဘူး။ စိန်ခေါ်မှု ဆိုတာပဲ ရှိတယ်။ "လို့ သဘောထား
နိုင်ရမယ်။ လူဆိုတာ ရှုံးနိမ့်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး။
အောင်မြင်ဖို့ မွေးဖွားလာတာပါ။ ရှုံးနိမ့်ဖို့ ဆိုရင် အသက် ရှင်သန်
ကို မလာနဲ့တော့။ အေး! အတွေးအခေါ် ၊ အပြောအဆို ၊ အပြုအမူ
တွေဟာ အပြုသဘောဆောင်နေဖို့ လိုတယ်။
HKM။ ။ အပြုသဘော ဟုတ်လား...ဆရာ။ ဘယ်လိုဟာကို
ပြောတာပါလဲ... ရှင်းပြပါဦး။
![Screenshot_2018-02-27-08-27-28.png](https://res.cloudinary.com/hpiynhbhq/image/upload/v1519697072/ik38pejmz7annhhxcf4i.png)

ZY။ ။ ဆရာ လေ့လာမိသလောက် ပြောရရင်...
"အပြုသဘောပစ္စည်းဆိုတာ လူတွေက တကယ် အခြေအနေ
ဆိုးပါတယ်လို့ ခံစားရတဲ့ အခါမျိုးမှာ အခြေအနေ ကောင်းပါ
တယ်လို့ ခံစားနိုင်အောင် လုပ်ပေးတဲ့အရာပဲ"တဲ့။ အခြေအနေ
ကောင်းလျှင် သဘောထားများ ကောင်းနေနိုင်ပြီး ၊ အခြေအနေ
များ ဆိုးခဲ့လျှင်လည်း သဘောထားများက ကောင်းနေနိုင်ပါတယ်။
မကြာမီတွင် အခြေအနေများ ကောင်းလာလိမ့်မည်ဟုလည်း
မျှော်လင့်နိုင်သည်။ 
![Screenshot_2018-02-26-20-29-28.png](https://res.cloudinary.com/hpiynhbhq/image/upload/v1519697095/fgvv5mg1juymqes6fxak.png)

ဒီနေရာမှာ ဖြစ်သမျှအကြောင်း အကောင်းကြည့်ပဲ ဆိုတဲ့ 
#Optimism ထက်၊ ကောင်းအောင် ဘယ်လို
တွေးခေါ်မယ်...ပြုမူမယ်...ဆိုတဲ့ #Positive Thinking 
က ပိုထိရောက်ပါတယ်။ အပျက်သဘောပါတဲ့ အကြံပြုချက်တွေ
ကိုယ့်ကိုကိုယ် ပေးမယ့်အစား အပြုသဘောဆောင်တဲ့ အသံတွေ
သာ ပေးရမယ်။ ဘယ်သောအခါမှ မျှော်လင့်ချက်မဲ့၊ အားကိုးရာ
မဲ့သည့် အခြေအနေမျိုး မရှိပါဘူး။ ပုပ်သိုးနေသည့် အတွေးအခေါ်
များကသာ ပြသ၁နာကို ဖြစ်ပေါ်စေတတ်တာပါ။ 
![Screenshot_2018-02-26-20-28-13.png](https://res.cloudinary.com/hpiynhbhq/image/upload/v1519697124/cecwr66mq1pdk0aguyxs.png)

အစ္စရေးနိုင်ငံ
အကြောင်း လေ့လာကြည့်ပါ...။ လွတ်လပ်ရေး ရပြီးစ အစ္စရေး
နိုင်ငံဟာ အကူအညီလည်း မဲ့ခဲ့တယ်...။ ပထဝီအနေအထားက
လည်း သဲကန္တာရ ပဲရှိတဲ့ အရပ်ဒေသ... ။ ဒီလိုနိုင်ငံတစ်ခုဟာ
ဖွံ့ဖြိုးတိုးတတ်လာတာ၊ ကမ္ဘာမှာ စိုက်ပျိုးရေး၌ အထူးချွန်ဆုံး
နိုင်ငံ ဖြစ်လာတာ ဘာကြောင့်လဲ...သိလား။ ဒါဟာ အစ္စရေး
ပြည်သူတွေဟာ "မရှိတာ အတွက် ပူဆွေး မနေသင့်။ ရှိသည့် 
အစွမ်းအစများကို အသုံးမချနိုင်စေရန် ထိုအားနည်းချက်က 
တားဆီးခြင်း မပြုနိုင်" ဆိုတဲ့ အပြုသဘော အတွေးအခေါ်ကို 
လက်ကိုင်ထား ကြိုးစားခဲ့ကြလို့ပါပဲ။ 
![Screenshot_2018-02-26-20-36-08.png](https://res.cloudinary.com/hpiynhbhq/image/upload/v1519697145/c0ck2nkzrtdvhmxpmb73.png)

HKM။ ။ ဒါဆို အပြုသဘော အတွေးအခေါ်တွေ ပြုမူကျင့်ကြံ
နိုင်အောင် ဘယ်လို လုပ်သင့်လဲ ဆရာ။
ZY။ ။ အပြုသဘော အတွေးအခေါ်တွေ ရင့်ကျက်ဖို့ ဆိုရင်
ပထမဦးဆုံး မိမိကိုယ်ကို အထင်အမြင် မသေးဖို့ပဲ။ မိမိကိုယ်ကို
အထင်သေး အမြင်သေး ဖြစ်တတ်သည့် အကြောင်းတရားမှာ
မိမိတို့ရဲ့ အညံ့ဆုံးအချင်းအရာကို အခြားသူတို့၏ အကောင်းဆုံး
အချင်းအရာနှင့် နှိုင်းယှဉ်တတ်လို့ပါပဲ။ အမှန်ကိုလည်း မြင်တတ်
ဖို့ လိုတယ်။ ဒုတိယအနေဖြင့် အခြားလူများတွင် ရှိသည့် 
ကောင်းသော အရည်အချင်းများကို ရှာဖွေကြည့်ရှုခြင်း၊ မည်မျှ
သေးငယ်သည် ဖြစ်စေ အောင်မြင်မှုကို အသိအမှတ်ပြုပေးခြင်း
တို့ ပြုမူရမယ်။ အပြစ်ရှာဝေဖန်မှု ၊ ငြင်းခုန်မှုနှင့် အတင်းအဖျင်း
ပြောခြင်းတို့ကို ရှောင်ကြဉ်ရမယ်။ အထူးသဖြင့် စိတ်ကောင်း
သဘောကောင်း ရှိချင်ရင် စိတ်ကောင်းသဘောကောင်း ရှိမည့်
နေရာသို့ သွားရမယ်။ မှန်ကန်သည့် စိတ်သဘောထား ရှိသူများ
နှင့် ပေါင်းရမယ်။ မင်း စဉ်းစားတွေးခေါ်နေသမျှဟာ မင်းရဲ့
သဘောထား "Attitude ပဲ။ ရောဘတ် တီ. ကီယိုဆာကီ*
ရဲ့ သူဌေးဖေဖေ့ စကားမှာ "ငါ မတတ်နိုင်ဘူးလို့ ဘယ်တော့မှ
မပြောနဲ့...။ ငါတော့ တတ်နိုင်မှာ မဟုတ်ပါဘူးကွာ...ဆိုတဲ့
စကားကို သူဌေးတွေထက် ဆင်းရဲသားတွေက ပိုသုံးတတ်တယ်"
တဲ့။ ဒီတော့ အောင်မြင်ချင်တဲ့သူဟာ အောင်မြင်စေမည့် အတွေး
အခေါ်တွေ စဉ်းစားတွေးခေါ်ပြီး ပြောဆိုရမယ်။ ပြုမူရမယ်။
HKM။ ။ အတွေးအခေါ် သဘောထားတွေ ကောင်းမွန်ဖို့
စိတ်ကောင်းသဘောကောင်း ရှိမယ့်နေရာ သွားပြီး၊ မှန်ကန်တဲ့
စိတ်သဘောထား ရှိတဲ့ လူတွေနှင့် ပေါင်းရမယ် ဆိုတော့
ပတ်ဝန်းကျင်က Attitude အပေါ် လွှမ်းမိုးမှု ရှိတယ်ပေါ့...
ဆရာ။
ZY။ ။ အပြုသဘောထားကောင်း ရှိချင်တဲ့ သူရဲ့ အစဦးစွာ
ပြုမူကျင့်ကြံရာမှာမှာတော့ ပတ်ဝန်းကျင်ကောင်း ဆိုတာ လိုအပ်
တာပဲ။ ဒါပေမယ့် အတွေးအခေါ် သဘောထား ရင့်ကျက်တဲ့သူ
အတွက်တော့ သိပ်လွှမ်းမိုးမှု ရှိမှာ မဟုတ်ဘူး။ အောင်နိုင်သူတို့
ရဲ့ တိုးတတ်အောင်မြင်မှု လမ်းကြောင်းကို အခြားလူများက
ခဏတဖြုတ်သာ ရပ်နားပိတ်ဆို့အောင် လုပ်နိုင်ပေမယ့် အမြဲတမ်း
တော့ မလုပ်နိုင်ပါဘူး။ ဒီတော့ မင်းမှာ သိမ်ငယ်စိတ်တွေ၊ အပျက်
သဘော အတွေးတွေ ရှိနေခဲ့မယ် ဆိုရင် အပြုသဘော အတွေး
ရောက်အောင်သာ ပြောင်းပေတော့။ အတွေးအခေါ် နိမ့်ရင်
စီးပွားရေး နိမ့်မယ်...ဘဝ နိမ့်မယ်။ အတွေးအခေါ် မပြောင်းရင်
ဘဝ မပြောင်းဘူးပဲဟေ့။
ဆက်ရန်....
စာချစ်သူ မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ  အောင်မြင်
ပျော်ရွှင်ကြပါစေ။
Photos from google images
Credit to original uploader
@billionairehein
MSC - 193
Hein Khant Maung ကိုယ်တိုင် စုတုပြု၍
စီကုံးရေးသားသည်။
![Screenshot_2018-02-04-07-28-13.png](https://res.cloudinary.com/hpiynhbhq/image/upload/v1519697242/fcbggp2kgelajvf73xbi.png)



👍 , , , , , , , , , , , , , , , , , , , ,