MSC Gathering Encapsulation
myanmar·@billionairehein·
0.000 HBDMSC Gathering Encapsulation
Nice a day...all steemians and MSC friends... Thanksgiving to @donkeypong (Tom) , @kachinhenry, Admin group and Members.  မင်္ဂလာပါ... ရှေးဦးစွာ MSC Members တိုးတတ်ခိုင်မာဖွံ့ဖြိုးရေး အတွက် ဦးဆောင်ပေးသော ကိုဟင်နရီအောင် @kachinhenry, Admin များနှင့် Supporting ပေးလျက် ကူညီပေးကြသော @donkeypong (Tom) နှင့် အဖွဲ့သားများအား ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့် အနေဖြင့် MSC gathering အကြောင်း မတင်တော့ဘူးလို့ စိတ်ကူး ရှိခဲ့ပေမယ့် မှတ်တမ်းမှတ်ရာ ကျန်ရှိစေချင်သော ဆန္ဒ ဖြစ်ပေါ်လာ၍ အကျဉ်းချုပ်မှတ်တမ်း အဖြစ် အမှတ်တရ ဓာတ်ပုံလေးများကို တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့အဖွဲ့သည် မန္တလေးမှ @aunggyi100 , @myanmarkoko နှင့် @konyinyitun ၊ တို့သည် စစ်ကိုင်းမြို့သို့ လာရောက်ဆုံကြ၍ @ansoe နှင့် စုစုပေါင်း ၆ ယောက်တို့သည် စစ်ကိုင်း- တံတား-မြင်းခြံ- ညောင်ဦးလမ်း အတိုင်း ဆိုင်ကယ်များဖြင့် စီးနင်းလာခဲ့ကြသည်။ 03:08:2018 ညနေတွင် ပုဂံညောင်ဦးသို့ ရောက်ရှိခဲ့ပြီး တည်းခိုရာ ဝါးကျောင်း ဘုန်းတော်ကြီးကျောင်းတွင် MSC အဖွဲ့တော်သားများနှင့် ဆုံစည်းခဲ့ပါတယ်။  ညဦးပိုင်းတွင် MSC leader ကိုဟင်နှင့်တကွ Admin များနှင့် ကျွန်တော်တို့ အဖွဲ့ဝင်အချို့သည် ပုဂံမြို့ဟောင်း သရပါတံခါးဝနားမှ သရပါစားသောက်ဆိုင်တွင် စင်ကာပူမှ ကိုဟင် ယူဆောင်လာသော Whisky ဖွင့်ဖောက်ကာ Cheer MSC လုပ်၍ အဖွင့် တွေ့ဆုံပွဲ ကို ကျင်းပခဲ့ကြပါတယ်။ ကြိုရောက်နှက့်သော အဖွဲ့ဝင်များကတော့ နေ့လည်ခင်းပိုင်းမှာ မြန်မာ့ရိုးရာ ပင်ကျရေများဖြင့် ပွဲတော်တည်ပြီးခဲ့ကြတာပါ။  04:08:2018 မနက်ခင်းပိုင်းတွင် ကျွန်တော်တို့ MSC အဖွဲ့သည် @thatkozaw စီစဉ်ပေးသော MSC Breakfast ကို စားသောက်ပြီး ပုဂံဘုရားစုံဖူးခြင်းကို ဆောင်ရွက်ခဲ့ကြပါတယ်။ ပုဂံဘုရားဖူရင်းနှင့်ပဲ MSC Gathering အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ကြပါတယ်။     နေ့လည်ခင်းပိုင်းတွင် MSC Gathering Meeting ကို ကျင်းပဆွေးနွေးခဲ့ကြပါတယ်။ MSC Leader ကိုဟင်နရီအောင် မှ MSC ရည်ရွယ်ချက်များ ၊ လုပ်ဆောင်မည့် စီမံကိန်းများ၊ အဖွဲ့တိုးတတ်ရာတိုးတတ်ကြောင်းများနှင့် အနာဂတ် Steemit Platform အခြေအနေများကို အကျဉ်းချုပ် ဟောပြောပေးသွား ခဲ့ပြီးနောက် Admin များနှင့် အဖွဲ့ဝင်များမှ တစ်ဦးချင်း မိမိတို့၏ သဘောထားအမြင်၊ အကြံဉာဏ်များ ဖွင့်ဆိုပြောကြား မိတ်ဆက်ခြင်းများ လုပ်ဆောင်ခဲ့ကြပါတယ်။  ညနေပိုင်းတွင် အဖွဲ့ဝင်အချို့ နေရပ်ပြန်ကြပါတယ်။  05:08:2018 မနက် 4:30 နာရီလောက်တွင် တည်းခိုသည့် ဘုန်းတော်ကြီးကျောင်း၌ MSC Donation အာရုံဆွမ်း လောင်းလှူခဲ့ကြပါတယ်။  ထို့နောက် @thatkozaw နှင့် ကျန်ရှိအဖွဲ့ဝင်များမှ လုပ်စရာ များ လက်စသတ်သိမ်းဆည်းရှင်းလင်းပြီး နေရပ်ပြန်ခဲ့ကြပါတယ်။ ဤသည်မှာ MSC တွေ့ဆုံပွဲ အကျဉ်းချုပ်မှတ်တမ်း သဘောမျှသာ ဖြစ်ပါသည်။ တွေ့ဆုံပွဲ ရလဒ်၊ သဘောထားအမြင်များနှင့် ဆွေးနွေးခဲ့သော အချက်အလက်များအား ချန်လပ်ထားခဲ့ပါသည်။ မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ MSC ၏ မှတ်တိုင်တစ်ခု ပင် ဖြစ်ပေသည်တကား။ တွေ့ဆုံပွဲတွင် တွေဆုံသိကျွမ်းခဲ့ရသော မိတ်ဆွေအားလုံးကို ခင်မင်လေးစားတန်ဖိုးထားကာ ကျေးဇူးတင်ရှိပါသည်။ မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ... @billionairehein MSC - 193
👍 billionairehein, zawmyintkhaing, mitul214, shollstun, poemlover, khatwai, thanlwin, hein.khant, thwinhtataung, copyseeker, richardsowen, jordanrogers, lucafernandez, enricobarbieri, barbiericamilla, gutierresraul, htataung, zhtat, hthin, phoh, georgepalmer, mg1686073, ka6695674, aungzawhtwe, sbi3, myintlwinsoe, zayam, nyinyiwin, shwemon, zarzar1989, moewaikamawet, caesarsupaimin, komoezaw, zinminhtet, myanmarkoko, saipanpha, tharpauk, sawlwin, jamunawng, smiing11, glorialion, golden-myanmar, thinzarnyinyi, liongyi, sasansam, plo, desg, nrlio, pcwor, soulkeeper, joot, monst, snowred, phantomassassine, jacklin19, hoverbooker, naruhokage, hanobooy, minhtet, aungzin, kokyawlinoo, kokyawmyanmar, thithisann, dailyupvotes, lwanwai, pyaesonekhinkhin, asterkame, gunapeya, minnowvotes, steempowergroup1, koayezaw, suhlaing, zarmanizawlinn, linthitsar, panpan24, thatkozaw, mahaw, domelay, ansoe, konyinyitun, donjaun, kyi, tunnaingwin, waizinthwe, kokonaing, naingwintun, nyinyizin, kyawaung4, kyawkyaw5, khinzarwin, khinzawlatt, uthantzin, sneaky-ninja, camelot, curie, aboutyourbiz, cryptokrieg, morbyjohn, liberosist, dashfit, wstanley226, kevinwong, locikll, tombstone, meerkat, vact, peaceandwar, raymondspeaks, anikekirsten, hansmast, moksamol, stahlberg, anwenbaumeister, anouk.nox, didic, hendrikdegrote, neumannsalva, janine-ariane, drmake, mangoish, mrday, romanleopold, call-me-howie, jefpatat, adamzi, muratkbesiroglu, kind-sir, gatis-photo, javier.dejuan, tuck-fheman, lola-carola, bitland, melvin7, rival, afrikablr, wackou, massivevibration, benleemusic, lk666, theunlimited, daydreaming, jaydih, minnowsupport, roelandp,