အဝေးရောက်ဘ၀များ(3)
myanmar·@bobokyaw·
0.000 HBDအဝေးရောက်ဘ၀များ(3)
 ရွှေလီမြစ်ကူးတံတားကို လွန်သည်နှင့် ဂျေဂေါင်ဟုခေါ်သော ကုန်သွယ်ရေးဇုန်အတွင်းသို့ ရောက်လေသည် လမ်းများကအလွန်ကောင်းမွန်လှသည် ခြောက်လမ်းသွားလမ်းမကြီးဖြစ်သည် ညီညာဖြောင့်ဖြူးသည် လမ်းဘေးဝဲယာတစ်လျှောက် မြတ်ခင်းစိမ်းစိမ်းလေးများကို ညီညာစွာစိုက်ပျိုးထားသည် အလှပန်းပင် သစ်ပင်ငယ်လေးများလဲ အစီအရီ စိုက်ထားသည် လမ်းလယ်ကျွန်းသည် အတော်ကိုနေရာကျယ်လှသည် ထိုလမ်းလယ်ကျွန်းပေါ်တစ်လျှောက်တွင် သစ်ပင်ပန်းပင်များကို စနစ်တကျပင် အမြစ်ကနေတူးပြီး နေရာရွှေ့ပြောင်းစိုက်ထားသောကြောင့် အရိပ်အာဝါသ အလွန်ကောင်းလှသည် အကိုင်းအခက်များက စိမ်းစိမ်းစိုစို ဝေေ၀ဆာဆာဖြင့် အေးရိပ်ခိုရာနေရာလေးတွေဖြစ်လို့နေသည် ထိုလမ်းလယ်ကျွန်းပေါ်တစ်လျှောက် အနားယူသူ အပန်းဖြေသူ လူများကို ဟိုတစ်စု သည်တစ်စုဖြင့် တွေ့ရလေသည် လာရာလမ်းတစ်လျှောက် အမှီုက်လုံးဝမတွေ့ရ ဖုန်လုံးဝမရှိ အလွန်သန့်ရှင်းသပ်ရပ်လှပေသည်။  လမ်းလယ်ကျွန်းပေါ်မှာတွေ့ခဲ့ရသည့် အပင်များအကြောင်း ကိုရင်နာစွာနဲ့ပဲ အနည်းငယ်ပြောလိုပေသေးသည် ထိုအပင်များ၏သက်တမ်းသည် အနည်းဆုံး ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်ရှိသောအပင်များဖြစ်သည် အသေးဆုံးသောအပင်သည် လူကြီးလက်တစ်ဖက်စာခန့်ရှိပေသည် လူလေးငါးယောက်ဝိုင်းဖက်ရင်တောင် မမှီသောအပင်များလဲ အတော်များများရှိလေသည် အပင်တစ်ရာနှစ်ရာမဟုတ်ပါ ယခုတွေ့ခဲ့ရာလမ်းတစ်လျှောက် လမ်းလယ်ကျွန်းသည် မိုင်ချီပြီး ရှည်ပါသည် အပင်အမျိုးအစားများလဲ ရာချီအောင် အမျိုးအမည်စုံလှသည် တစ်မြို့လုံးလမ်းတွေပေါ်က အပင်တွေကို ရေတွက်ကြည့်မည်ဆိုလျှင် အဘယ်မျှရှိလေမည်နည်း ထိုအပင်များအားလုံး၏ဇာတိချက်ကြွေမွေးရပ်မြေသည်အဘယ်နေရာကဟုထင်ပါသနည်း ဟုတ်ကဲ့ မောင်ဇော်တို့ ချစ်သောအမိမြန်မာပြည်ရင်ခွင်တောတောင်တွေထဲက ဖြစ်ပါသည် ရွှေလီကနေ ကားစီးလာရာ လမ်းမတစ်လျှောက်သည် ဟိုယခင်က ကျွဲနွားကျောင်းရာ စားကျက်မြေရိုးတန်းလေးသာဖြစ်သည် သစ်ပင်ဆိုလို့ လူတစ်ရပ်သာသာတောင် အပင်ကြီးမရှိခဲ့ ယခုဂျေဂေါင်ဟုခေါ်ဆိုသောကုန်သွယ်ရေးဇုန်နေရာသည်လွန်ခဲ့သောနှစ်နှစ်ဆယ်က ကွင်းခေါင်ခေါင်လယ်ကွင်းပြင်ကြီးဖြစ်ခဲ့လေသည် အရာအားလုံးသည် အချိန်နှင့်အတူ ပြောင်းလဲလို့သွားခဲ့လေပြီ။  မြန်မာပြည်မှာ အလွန်ပူသည်ဟုပြောကြသည် ရာသီအုတုမမျှတဟုဆိုကြသည် တရုတ်ပြည်သူအချို့ကတော့ မြန်မာ့သစ်ပင်ပန်းမာန်များအောက်မှာ အေးချမ်း စိတ်ငြိမ်စွာ အေးရိပ်ခိုလို့နေလေသည် မွှေးပျံ့တဲ့ပန်းရနံ့ကိုအပူပင်ကင်းစွာ ရှူရှိုက်လို့နေကြလေသည် နေခွင့်ရကြသည် မကြာသေးသော နှစ်ကာလဆီက မြင်ကွင်းတစ်ချို့ အာရုံမှာ ထင်ဟပ်လို့လာလေသည် ကားကြီးကားငယ်အသွယ်သွယ်နှင့် သစ်ကြီးဝါးကြီးတွေကို ခက်ခက်ခဲခဲ ဒုက္ခခံကာ သယ်ယူကြသည့်မြင်ကွင်း အတော်ပိန်းတဲ့လူတွေပဲ အကိုင်းအခက်အမြစ်တွေနဲ့ မသပ်မရပ်သယ်နေလိုက်ကြတာ သူများတွေလို ဖြတ်တောက်ပြီး သစ်အလုံးလိုက်သယ်ပါတော့လား(ဟိုယခင်မကြာခဏမြင်မိတာနှင့်သာနှိုင်းလို့်ပြောခြင်းဖြစ်ပေသည် အတွေးမနက်ကြပါကုန်) မောင်ဇော် တစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် အံကိုသာတင်းတင်းကြိတ်မိသည် သူ့အကြောင်းနဲ့သူ အပန်းဖြေ အနားယူနေကြသူတွေအပေါ် မနာလိုမရှုစိမ့်သောငှာ မုဒီတာ မပွားနိုင်ခြင်းကို နားလည်ပေးနိုင်ကြမည်လို့ မျှော်လင့်ပါသည်။  ကားလေးသည် ဖြေးညင်းစွာပင်ရပ်လေပြီ ခရီးဆုံးပြီမလို့ ကားပေါ်မှာဆင်းကြသည် ရှေးဘုရင်မင်းများလက်ထပ်က နန်းတော်တစ်ခုရှေ့ရောက်သွားသလိုပင်ထင်မိသည် တရုတ်မြန်မာ နှစ်နိုင်ငံဝင်ထွက်ရာ ဂိတ်ဖြစ်လေသည် ရွှေနန်းပြသာဒ်မုဒ်ဦးကြီးသည် ကနုတ်ပန်းဆွဲများနှင့် ခန့်ညားထည်ဝါလို့နေပေသည် ဂိတ်ရှေ့နေရာသည် အတော်ကျယ်ဝန်းသောကွင်းပြင်ကြီးဖြစ်သည် အမှတ်တရဓါတ်ပုံရိုက်ကြသူများနှင့် ခရီးသွားများလှည့်လည်လေ့လာရာနေရာလဲဖြစ်သည် ထိုနေရာမှာ ထူးခြားသော မြင်ကွင်းအချို့ကိုတွေ့ရသေးသည် မြန်မာပိုက်ဆံအဟောင်းများ(ယခုအချိန်အသုံးမပြုတော့သည့်ငွေ)ကို အစီအရီကြီးစဉ်ငယ်လိုက် ထည့်သွင်းထားသော အတွဲလေးတွေကို ရောင်းချနေခြင်းဖြစ်သည် အကြွေစေ့များပင်ပါသေးတော့သည် သေချာကြည့်တော့ငွေအစစ်များဖြစ်လေသည် မြန်မာပြည်မှာတောင် အတော်ရှာရ တွေ့ရခက်နေပြီဖြစ်သည် ရောင်းသူများက တရုတ်လူမျိုးများ၊ ထိုအနီးမှာ မြန်မာခလေးပရိတ်သတ်များ အသည်းကျော် စွမ်းဝူခုန်းတို့လည်းရှိလို့နေကြသည် အမှတ်တရဓါတ်ပုံတွဲရိုက်ရန် ပြင်ဆင်ထားခြင်းဖြစ်သည် စီးပွားကွက်များ မြင်တက် လုပ်တက်ကြပေသည်။  ကောင်းခန်းက အခုမှရောက်လေသည် ထိုနေရာတွင် နောက်ထပ် လူတစ်စုရှိနေသေးသည် ရှူတင်ဝင်ရန် အသင့်အနေအထားပုံစံများဖြင့် ဖီးလိမ်းပြင်ဆင် ထားကြသော နတ်မိမယ်လေးများ တရုတ် မြန်မာ ရိုးရာဝတ်စုံများနှင် မြင်သူတကာငေးမောလောက်အောင် အလှခြင်းပြိုင်ရင်း ခရီးသွားဧည့်သည်များကို သူတို့နှင့် ဓါတ်ပုံအတူတွဲရိုက်ခွင့်ပေးသော ချစ်စရာညီမလေးတွေ မမကြီးတွေ အရွယ်စုံ ဆိုဒ်စုံစီတန်းလျှက်ရှိကြလေသည် သူတို့ရဲ့အသားအရည်များသည် နေရောင်အောက်တွင်ဖြူဝင်းစိုပြေလို့နေသည် ပါးနုနုလေးအောက်လည်တိုင်ကျော့ရှင်းရှင်းလေးတွင်သွေးကြောစိမ်းစိမ်းလေးများကိုပင် အထင်းသာမြင်နေရချေသည် ၊ရှိုက်ဖိုကြီးငယ်အသွယ်သွယ် နှင့် ချိုလွင်သာယာသောအသံတို့သည် ခရီးသွားဧည့်သည်များကို ရှောင်ဖယ်မသွားနိုင်အောင် ဆွဲဆောင်လျှက်ရှိချေသည် တစ်ချို့ခရီးသွားဧည့်သည်များ သည် အလွန်အတင့်ရဲလွန်းလှပေသည် ဓါတ်ပုံတွဲရိုက်သည့်အချိန်တွင် ခါးနွဲ့နွဲ့လေးကိုလဲဖက်၏ ၊ ပခုံးနုနုလေးများကိုလဲ ကိုင်လျှက် အသားယူကြလေသည် ခရီးသွားများကို ၀န်ဆောင်မှုပေးသော အလုပ်ဖြစ်သည့်အတွက်ကြောင့်ထင်ပါသည် မိန်မချော လေးများသည် အပြုံးအရယ်မပျက် ဟန်မပျက်ပင်ရှိကြလေသည် မောင်ဇော်တို့ရောင်းရင်းတစ်သိုက်လည်းလက်နှေးသူများမဟုတ် အချောဆုံးအလှဆုံးညီမလေးများ ကိုယ်ဆီ ရွေးလျှက် ဖုန်းလေးတွေကိုယ်စီထုတ်ကာ ရှေ့နောက်ဝဲယာ အပေါ်အောက်မကျန် ရှုထောင့်ပေါင်းစုံအောင် ခရီးကြုံကြိုက် လုံ့လအားစိုက်ထုတ်လျှက် ရှိကြလေတော့သည်။ စာကြွင်း။ ။ (တကယ်အဖြစ်မှန်ကတော့ ထိုနတ်မိမယ်လေးများသည် မိန်းမလျှာ အခြောက်များသာလျှင်ဖြစ်ကြလေကုန်သတည်း) ဆက်ပါဦးမည် @bobokyaw photo : google image
👍 bobokyaw, ridwan-kamil, minnowpond1, kikoyamada, chitnaingoo, sheinthu, ansoe, camelot, curie, velourex, hendrikdegrote, anwenbaumeister, kushed, pharesim, xeroc, steemedia, roelandp, mckenziegary, toxichan, randyclemens, solar, sethlinson, ninkhisibir, allgoodthings, cotidiana, ourlifestory, sellergenius, beeskee, cheah, krizia, blackwidow7, tabea, deimus, bitrocker2020, alainite, hqmafa420, abishai, diggerdugg, locikll, ananiani, justdentist, ddangerwu, sostrin, ben.zimmerman, dirty.hera, mrlogic, swisswatcher, cebymaster, decebal2dac, oleg326756, marcosespes1, bp423, maxer27, n1kofi, ch00fy, birdistheword, palmtreetrading, arturomdg, thedoctor123, ovij, blakemiles84, jraysteem, samether, michaelx, phenom, dan-bn, steem-id, bitcoiner, brendio, bue-witness, bue, mini, healthcare, boy, daniel.pan, bunny, craigslist, htinlinaung, nightgirl, leno4ek, kyawhlaing, gelatofresco, phogyan, karen-the-bot, arkarsoe, nightboy, davy73, jaca, mm7,