အပေးနောက်ကျတဲ့ဂိမ်း
roadofrich·@bobokyaw·
0.000 HBDအပေးနောက်ကျတဲ့ဂိမ်း
 https://rorsteem.com ဒီဂိမ်းက အပ်ဗုတ်ပေးတက်ပါတယ် တစ်ခါတရံမှာတော့ မထင်မှတ်လောက်အောင်ကို များပြားတဲ့ အပ်ဗုတ်ပေးပါတယ် တစ်ခါတလေမှာတော့ ဘာမှကို မပေးဘဲ ခပ်တည်တည် ကျော်ခွပြီး ပေးတက်ပါသေးတယ် အဲ့သလိုနေ့ဆိုရင်တော့ အသဲကွဲတာပေါ့လေ ဘယ်တက်နိုင်မည်လဲ ကိုယ်ကလည်း သူကြိုက်အောင်မှ မရေးနိုင်တာကိုး သူကြိုက်တာလေးတွေကို သူကြိုက်အောင် ရေးနိုင်ရင်တော့ အပ်ဗုတ်က မခက်ခဲပါဘူး အလွယ်လေးရယ်ပါ အဲ့သလိုလွယ်တာကိုဘဲ လိုက်မလုပ်နိုင်တာတော့ ကိုယ့်အားနည်းချက်လို့ဆိုရမယ် မနေ့တစ်နေ့ကလည်း မရတော့ မရေးဖြစ်ထားပါဘူး အရင်နေ့တွေကတော့ ရေးပါတယ် မရပါဘူး မရတော့လည်း မရေးချင်တော့ဘူးလေ ပြန်တွေးကြည့်တော့ ကိုယ်ကလည်း လိုချင်သေး မပေးတော့လည်း စိတ်ဆိုးပြီး မရေးတော့ဘူးဆိုတော့ အတော်ဂွကျနေပြီပေါ့ တက်နိုင်ရင်တော့ နေ့တိုင်းလေး ရေးရပါလိမ့်ျွယ့် သူသဘောကျတဲ့နေ့ အာရုံရတဲ့နေ့ပေးပေါ့ အာရုံမရတော့လည်း ကျော်ပေါ့ ဒီဂိမ်းက စထွက်ကတည်းက အထွက်မကောင်းသလိုပါဘဲ သူများဂိမ်းတွေက မထွက်ခင်ကတည်းက ပေါက်နေနှင့်ကြတာတွေ့ရတယ် ဒီဂိမ်းမှာ အကျိုးအမြတ်များများ ထုတ်ယူနိုင်မယ့် လမ်းကြောင်းတော့ မမြင်ရသေးဘူး သူတို့လုပ်ဆောင်တာတွေက လိုအပ်ချက်တွေ ရှိ နေတုန်းပါဘဲ ဒိထက် ပွင့်လင်းမြင်သာလာရင်တော့ လုပ်လို့ ကိုင်လို့ ကောင်းလာမယ် ထင်ရပါတယ် အခုထိတော့ နေ့စဉ် မှန်မှန်လေး ကစားရင်း ရွှေတိုငွေစလေးတွေ စုဆောင်းနေပါတယ် စတင်းကတော့ ရလမ်းမမြင်ရသေးပါဘူး @bobokyaw