အဖြေတစ်ခုတော့လိုနေပြီ
myanmar·@bobokyaw·
0.000 HBDအဖြေတစ်ခုတော့လိုနေပြီ
 မျှော်လင့်ခြင်းတွေကို ကျောပိုးအိတ်ထဲထိုးသိပ်ထည့်ပြီး ကမ်းတစ်ဖက်ကို ကျွန်တော်တို့ကူးခတ်နခဲ့ကြတာပါ။ စတင်ကူးခတ်စဉ်အချိန်က မရဲတရဲ မကူးရဲကူးရဲပေါ့။တစ်ချို့ဆိုရေထဲတောင်မဆင်းရဲခဲ့ပါဘူး။ ကမ်းနဘေးမှာထိုင်ပြီး အများသူငါ ကူးကြခက်နေကြတာကို ငေးမျှော်ကြည့်ရင်း အားကျနေခဲ့မိတာပေါ့ ရေထဲရောက်နှင့်သူတွေ ရေလယ်ရောက်နေသူတွေ အခုမှဆင်းကူးမဲ့သူတွေ အားပေးကြလေရဲ့ လာပါ ကူးပါ။ဘာမှမဖြစ်ပါဘူး ငါတို့ရှိတယ်။စိတ်မပူနဲ့ ငါတို့အနားမှာနေ မင်းကိုတို့ဝန်းရံထားမယ် ။ငါတို့လမ်းပြပေးသလိုလိုက်လို့ကူး။ရဲရဲသာကူး။ဒါဆိုမင်းမကြာခင်ကူးတက်ခက်တက် လာလိမ့်မယ်။ ဒီလိုလေးတွေအစပြုပြီး ရေထဲကိုဆင်းရဲလာတယ် ရေထဲမှာစမ်းကူးခဲ့ကြတယ် ရေကူးတက်လာကြတယ်လေ။ စိုးရိမ်စိတ်တွေနဲ့ ကမ်းဘက်ကို ပြန်ပြန်ကြည့်တက်တဲ့ ကျွန်တော် သတိထားမိနေတယ်လေ။မြင်နေရတာပေါ့။ ကမ်းပေါ်ပြန်တက်သွားသူတွေလဲရှိတယ် ရေထဲကိုအခုမှစဆင်းလာသူတွေကပိုများတယ် တစ်ချို့လဲ ဆင်းလိုက် ကူးလိုက် ကမ်းပေါ်ပြန်တက်လိုက်ပေါ့ သူ့စိတ်ကူးနဲ့သူပါဘဲလေ။ အဲ့ဒီမှာအတွေးစတွေက ၀င်လာပြီလေ....... ကမ်းနားတ၀ိုက်မှာတော့ စည်းကားလို့နေလေရဲ့ နောက်ဆိုပိုလို့စည်ကားလာဦးမယ်လေ..... ဒီကမ်းနားမှာဘဲ ရေကူးတက်ဖို့ သင်ယူခဲ့တယ် ခွန်းအားမွေးမြူခဲ့တယ် သက်လုံကောင်းတွေ လေ့ကျင့်ခဲ့ကြတယ် အချိန်တွေ များစွာဒီကမ်းနားမှာ ကုန်လွန်ခဲ့ကြတယ်။ကမ်းနားမှာဘဲ တ၀ဲလည်လည်ပျော်နေတက်ကြပြီလေ ကမ်းရဲ့အလွန်ကို ထွက်နိုင်တဲ့သူ ထွက်ရဲတဲ့သူ ထွက်အောင်ကြိုးစားနေတဲ့သူ ဘယ်နှစ်ယောက်များလဲ။ ကမ်းရဲ့တစ်ဖက်ကိုအရောက်သွားကြမယ့်သူ ဘယ်သူတွေများလဲ မိမိကိုယ်တိုင်ကော ကမ်းတစ်ဖက်ကို အရောက်သွားနိုင်ပါမည်လား............ ကိုယ့် ကိုကိုယ်လည်းအထပ်ထပ်ပြန်မေးနေရတယ်လေ။ အပျော်ကူးနေတာလား...... အတည်ကူးနေတာလား.......အရောက်ကူးနေတာလား...........ပေါ့  ဒီအချိန်မှာတော့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချရတော့မယ်လေ ကမ်းရဲ့ ဟိုမှာဘက်ကမ်းဆီအရောက်ကူးမည်လား ကူးနိုင်ပါ့မလား။ကမ်းရဲ့ ဟိုက်ဘက်ကိုလဲ လှမ်းမမြင်နိုင်ခဲ့ပါဘူး မြူတွေမှိုင်းလို့နေတာလား ...... ကမ်းကဘဲဝေးနေတာလား....... မြစ်ကြီးကဘဲ ကြီးနေတာလား....... ကျယ်နေတာလား.......... တွေးဆလို့တော့မရနိုင်သေးပါလေ........ရေစီးကြောင်းတွေရဲ့သဘော ရေတွေရဲ့အရသာ ရေထဲမှာရှိနေတဲ့အရာတွေ ပူသလာအေးသလားနွေးသလား အပေါ်ယံသဘောလေးတွေတော့ လေ့ကျက်မိပြီပေါ့  ဟိုတဖက်မှာကမ်းအစပ်တစ်ခုရှိနေတာတော့ သိနေခဲ့ပါတယ် အရောက်သွားရမဲ့နေရာပေါ့။ရောက်ရမည့်ပန်းတိုင်ပေါ့။ ခရီးတစ်ခုရဲ့အဆုံးပေါ့။ရည်မှန်းရာနေရာပေါ့။ရောက်ချင်ခဲ့တဲ့နေရာပါ။ ဒီမှာဘက်ကမ်းကိုစွန့်ခွာပြီးကာမှ ဟိုဘက်အရောက်ကူးနေခဲ့တာပါ။ အချိန်တွေကုန်လာသည်နှင့်အမျှ ဒီမှာဘက်ကမ်းနဲ့လဲဝေးလာပါပြီ။ ဟိုဘက်ကမ်းနဲ့လည်းနီးလာပြီဆိုပါဆို့။ဘယ်လောက်နီးတာလဲ မသိပါ။အခုသိနိုင်တာတော့ ဒီမှာဘက်ကမ်းနဲ့တော့သိပ်မဝေးသေးဘူးလေ။ လှည့်လို့ပြန်ချင်နေပြီလား။အချိန်မှီပါသေးတယ်လေ။ဆက်လို့ကူးမည်လား ခွန်အားတွေတော့အပြည့်ရှိပါတယ် မကြာခင်အချိန်တစ်ခုမှာတော့ ရေလယ်ကိုရောက်လိမ့်မည်။ဟိုဘက်အရောက် ဆက်လို့ကူးနိုင်ဖို့လိုလေမည်။ဘယ်အချိန်ရောက်မှာလဲ ။မသိပါလေ။ ကမ်းအကျယ်ကို မခန့်မှန်းနိုင်သေးတဲ့အချိန် ယုံကြည်မှုနဲ့ဝီရိယသည်သာကိုယ့် အတွက်အားကိုးရာအမှန်ဘဲပေါ့။ပြန်လှည့်ဖို့အတွက်ဆိုရင်လဲ အချိန်ကောင်းပါဘဲ ရေအလယ်မှာလဲ နစ်မြုပ်မခံနိုင်ဘူးမဟုတ်လား။ဟိုဘက်ရောက်ရင် ခရီးဆုံးမယ်လေ။  အရောက်သွားနိုင်မည်လား။အရောက်သွားမည်လား။။ရေတိမ်တိမ်ကမ်းအစပ်မှာဆော့ကစား တာလောက်နဲ့ကျေနပ်မည်လား ကမ်းနဲ့ခပ်လှမ်းလှမ်းမှာ လက်ပစ်ကူးကြည့်တာလောက်ဘဲလား ဟိုဘက်ကမ်းကကျောက်စရစ်ခဲလေးတွေက သိပ်ကိုလှလိမ့်မယ်လို့သေချာစွာနဲ့ယုံကြည်နေပြီဆိုရင်တော့ ခိုင်မာတဲ့ဆုံးဖြတ်ချက် တစ်ခုချမှတ်ရမယ့်အချိန်တော့တန်ပြီပေါ့။  Author : @bobokyaw Photos credit; Google Image MSC-060
👍 bobokyaw, drtobi18, aggamun, axsteem, aungminthet, nyeinchan, nyinyiwin, suhlaing, khinchawchawmay, myanmarpyithar, wailinn, linnkhant42, htetwaihin, aunggyi100, kyawkohtet, zayarch, htwegyi, htinlinaung, nyinyilwin, boomerang, buildawhale, postpromoter, linnhyotaryar, appreciator, sneaky-ninja, aungsanlwin, jerrybanfield, camelot, curie, liberosist, meerkat, roelandp, anwenbaumeister, locikll, hendrikdegrote, kushed, rayken04, spiry-btc, pharesim, kyawthuyein, patricksanlin, chitnaingoo,