အချိန်မှီနိုင်ပါသေးတယ်
esteem·@bobokyaw·
0.000 HBDအချိန်မှီနိုင်ပါသေးတယ်
 https://pixabay.com/photos/time-is-money-bank-note-coins-3344117/ မြန်မာတွေ နောက်ကျပြန်ပါပြီ ဒီတစ်ခါလည်း နောက်ကျ နေခဲ့ပြန်ပါပြီ တရားဝင် ဈေးသက်မှတ်တဲ့အချိန်ရောက်မှ သူတို့ လာကြပါလိမ့်မယ် အဲ့ဒီအခါကျမှ နိုင်ငံခြားသား အကူအညီကို တောင်းခံရပါလိမ့်ဦးမယ် မရတစ်ချက် ရတစ်ချက်နဲ့ ပြတ်တလှည့် ငတ်တလှည့် အခြေအနေမျိုး စတီးမစ်မှာ ကြုံသလို ကြုံကြရပါဦးမယ် အခုချိန်တော့ ကိုယ်တွေလည်း ပြောရတာ ရာနှုန်းပြည့်တော့ အားမရှိသေးပါဘူး မင်းဈေးက ဘယ်လောက် ပေါက်နေပြီလဲ ဆိုတာမျိုးပေါ့ အဲ့သလို ပြောနိုင်တဲ့ အချိန်ရောက်ရင်လဲ အခုလို ပြောမနေတော့ပါဘူး ကိုယ်လျှောက်ရမယ့်လမ်းကို အတွယ်အတာမဲ့ လွတ်လပ်စွာ လျှောက်လို့ သွားမှာပါ အခုတော့ အချိန်မှီ လက်မတင်လေး ဘယ်သူတွေများ လိုက်နိုင်ဦးမလဲလို့ ခေါင်းငဲ့ ကြည့်တဲ့သဘောပါဘဲ စတီးမစ်မှာ ခက်ခဲသလို မခက်ခဲ စေချင်လို့ပါဘဲ စတီးမစ်လမ်း ဘယ်လောက် ကြမ်းသလဲဆိုတာ လျှောက်ဖူးသူတိုင်းသိပါတယ် အခုချိန်မှာ မြင်နေရတဲ့ အပ်ဗုတ် ဒေါ်လာတွေဟာ အစဉ်အမြဲ ဒီအတိုင်း တည်တံ့နေမှာမဟုတ်ပါဘူး အမြဲလျှော့ကျနေတာပါ ကျွန်တော်တို့ စတင် လှုပ်ရှားခဲ့စဉ် အချိန်ကာလကို မှတ်မိကြမယ်ထင်ပါတယ် အပ်ဗုတ် ဘော်လူး အတော်ကို များပါတယ် အဲ့ဒီကနေ ကျလာလိုက်တာ အခု ခြောက်လ ကျော်လာပြီးနောက်ပိုင်း လေးပုံ တစ်ပုံတောင် မရတော့ပါဘူး လင်ရှိမြင်ရသလောက်သာ ကျန်ပါတယ် နောက်ထပ် အားလုံးမျှော်နေကြတဲ့ တရားဝင်ဈေး သက်မှတ်လိုက်တာနဲ့ ရလာမယ့် အပ်ဗုတ် ဘော်လူးဟာ စတီးမစ်နဲ့ လာပြီး တူညီနေမှာ ဖြစ်တယ်ဆိုတာလေး သတိပေးပါရစေ အခုချိန် ပါဝါ စုချင်သူများ ကြိုးစားဖို့ အချိန်ကောင်း ကျန်ပါသေးတယ် တရားဝင်ဈေး ထွက်လာတာနဲ့ ပါဝါစုဖို့ မစဉ်းစားပါနဲ့တော့ သောင်းဂဏန်း ပါဝါ ပိုင်တဲ့သူတောင် အပ်ဗုတ် တစ်ချက်က တစ်ဒေါ်လာ မရနိုင်တော့ပါဘူး အဲ့သလို အခြေအနေက မကြာခင် ရောက်လာမှာပါ အဲ့သလို ဖြစ်မလာခင် ပါဝါအတော်အသင့် စုနိုင်ဖို့တော့ ကြိုးစားရမှာပါ မဟုတ်ရင်တော့ စတီးမစ်မှာလို အစပိုင်း ရှင်သန်ဖို့ခက်ခဲလွန်းတဲ့ အခြေအနေနဲ့ ကြုံရမှာပါဘဲ အခုတော့ ကံကောင်းစွာနဲ့ အချိန်မှီနိုင်ပါသေးတယ် Author : @bobokyaw 
👍 bobokyaw, himynameis, fitted333, myintlwinsoe, zinzin, panpan24, mm7, nadin3, mmunited, mmcg, prometheus2, ptcmyanmar, yee900, moemoe1998, mmsupporter1, lucifier, lucifer2, demo, esteem.app, good-karma, feruz, mysteem, machroezar, esteemapp, adialam, kabil, thoor, mini-zephalexia, sheinthu, aggamun, billionairehein, sbi3,