အရှင်မွေးတော့နေ့ချင်းကြီးမယ်လား

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@bobokyaw·
0.000 HBD
အရှင်မွေးတော့နေ့ချင်းကြီးမယ်လား
![DQmeTcpEKxaAynGvyLnnRk94EwvHsaV6CUYocser5BC72Nt.jpg](https://steemitimages.com/DQmQVBCBvxheZuHnHpC1yVDFxLhh3gG8o3AuXd6FYNc4rQM/DQmeTcpEKxaAynGvyLnnRk94EwvHsaV6CUYocser5BC72Nt.jpg)

ဒီနေ့တော့ မိတ်ဆွေတစ်ယောက်ကို စတီးမစ်နဲ့ မိတ်ဆက်ပေးဖြစ်တယ်။ စတီးမစ်ရဲ့ ကောင်းကျိုးလေးတွေကို ပြောပြရတာ
ပေါ့ နောင်တစ်ချိန်မှာ အဆင်ပြေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်တာလေးကို ဆွေးနွေးပြောပြလိုက်တယ်။ သူက လူငယ်
တစ်ယောက်ဆိုတော့ သိပ်ပြီး အကျယ်ချဲ့ပြောနေစရာမလိုပါဘူး။ နားလည်သဘောပေါက်လွယ်တယ်လေ။ ပြီးတော့သူက
အခြားငွေရှာ ဆိုဒ်တွေမှာလည်း ငွေအရင်းအနှီးထည့်ဝင်လုပ်ကိုင်နေသူဆိုတော့ စတီးမစ်ကို သဘောကျတာပေါ့။
ချက်ချင်း ငွေမဖေါ်နိုင်တာကလွဲလို့ ရေရှည်အတွက် အလွန်ကောင်းတယ်ဆိုတာကို သူသဘောပေါက်အောင်ပြော၇တာ
တစ်ခုပါဘဲ။

စတီးမစ်မှာလည်း သူက ငွေအရင်းအနှီးတစ်ခုနဲ့ စတင်လုပ်ကိုင်မယ့် သဘော ပြောလာပါတယ်။ ငွေရင်းတာတော့ ကောင်း
တယ်လို့ဘဲ ပြောရမှာပေါ့။ ကိုယ်တွေက ငွေမရင်းနိုင်ခဲ့လို့ တစ်နှစ်လောက်ကြာတာတောင် ထင်သလောက် ခရီးမပေါက်ဘူး
လေ သူကငွေရင်းနိုင်တော့ သိပ်မကြာခင် ထိပ်ပိုင်းကို တက်လာနိုင်မယ်ထင်ပါတယ်။အဆင်ပြေတာတွေ အခြေအနေကောင်းတာတွေ ဆက်တိုက်ကြုံရမယ်ဆိုရင်တော့ သူက ရှိတာတွေ ကို စတင်းဘက်လှည့်ပြီး ရင်းနှီးမြှုပ်နှံမယ့်
သဘောမှာရှိပါတယ်။ ဒီအတွက် များစွာအားရကျေနပ်မိတယ်။ ဟုတ်တယ် ကိုယ်လည်း သူ့လိုသာ ငွေအရင်းအနှီးကောင်း
ငွေပိုငွေလျှံရှိလို့ကတော့ အကုန်အိတ်သွန်ဖာမှောက် ပုံအောပြီး ပြစ်ထည့်မှာပါဘဲ ။ ကိုယ်က စတင်းရဲ့ အရသာနဲ့ရှေ့အလားအလာကို ယုံကြည်ပြီးသားဘဲလေ။

သူနဲ့ စကားတောင် သိပ်မပြောလိုက်ရပါဘူး စတင်းအကြောင်း စတီးမစ်အကြောင်းကို အကြမ်းဖျင်းလောက်ဘဲ အမြန်ပြော
လိုက်ရတယ်။ သူကလည်း အလုပ်တစ်ဖက်နဲ့မအား သွားစရာကပေါ်လာတော့ ဒီလိုဘဲ စကားဖြတ်ပြီး မနက်ဖန်ကိုချိန်း
လိုက်ရတယ်။ မနက်ဖန်မှ ကျန်တာတွေ သိသင့်သိထိုက်တာတွေကို ကိုယ်နားလည်သလောက် ဆက်ပြီးရှင်းပြရမှာပေါ့
သူက ငွေရင်းမယ့်သူဆိုတော့ ပိုပြီးဂရုစိုက်ပေးရတယ်လေ။ အမှားအယွင်းမရှိအောင်ပေါ့။ ကိုယ့်ငွေမဟုတ်ပေမယ့်
မတော်တဆ ဆုံးရှုံးမှုအမှားတော့ မဖြစ်စေချင်ဘူးလေ။ အဆင်ပြေစေချင်လို့ ရစေချင်လို့ ပြောပြတာ လမ်းကြောင်းပြပေး
တာကို ဆုံးရှုံးမှုတော့ မဖြစ်စေချင်ပါဘူး။ ဒီထက်သူ့ကို ပိုပြီး အောင်မြင်တဲ့ အထောက်အပံ့လမ်းကြောင်းတစ်ခုရစေချင်
တာပါ။ အခြားမှာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကလည်း အကျိုးအမြတ်ရှိနေတာဆိုတော့ သူ့အတွက် စတီးမစ်ကလည်း
ဆက်လက်ပြီး ကံကောင်းစေမှာပါ။

ဒီလိုနဲ့ စကားဖြတ်ပြီး နှုတ်ဆက် လို့ ပြန်သွားတယ်ပေါ့။ မပြန်ခင်တော့ အကောင့်တစ်ခုဖေါက်ထားဖို့ ပြောလာတော့တယ်
လေ။ အကောင့်ဖောက်တာက မခက်ပါဘူး မနက်ဖန်နောက်တစ်ကြိမ်ထပ်တွေ့မှ အကောင့်ဖောက်တာကို သူ့ဖုန်းထဲမှာ
ဘဲလုပ်ပေးလိုက်တော့မယ်လေ။ အိမ်အပြင်ထိသူ့ကို လိုက်ပို့နှုတ်ဆက်ခဲ့တယ်။ သူ့ကားအနက်လေးပေါ်မတက်ခင်။
ရင်းနှီးမယ့် ငွေအမောင့်တစ်ခု ပြောလာတော့ ကိုယ်တောင် သူ့ကိုအားကျလာမိတယ်။ သေချာတိပ မသိသေးတာတောင်
သူဒီလောက်ရင်းနှီးမယ်ဆိုတော့ စတီးမစ်ထဲ လပိုင်းလောက်များဝင်ရောက်ပြီးရင်တော့ သူ့စိတ်ကူးတွေပြောင်းပြီး ဒီထက်
ရင်းနှီးမယ့်သဘောဘဲ။ကောင်းလိုက်တာဗျာ ဒီလို အမြင်ကျယ်တဲ့ လူငယ်ခြေတက်လေးတွေ စတီးမစ်ထဲ များများရောက်
လာကြစေဖို့ ဆုတောင်းမိတယ်။

စတီးမစ်ထဲမှာ ငွေထုပ်ကိုင်ပြီးဝင်လာမယ့်သူတွေကို စောင့်မျှော်နေမိတယ်ဗျာ။ အချိန်ပေးပြီး ရှာဖွေတာထက် ငွေရင်းပြီး
ကြိုးစားတာက တကယ်ကိုအဆင်ပြေတယ်ဆိုတာ သိနေရပြီဘဲလေ။ ကိုယ်တိုင်မတက်နိုင်လည်း တက်နိုင်တဲ့သူတွေကို
စတီးမစ်ထဲဝင်လာဖို့ ဆွဲခေါ်ရမှာဘဲပေါ့။ပါဝါသိန်းချီပိုင်ဆိုင်တဲ့ မြန်မာတွေကို သိပ်မကြာခင် မြင်တွေ့ရတော့မယ်ထင်ပါ
တယ်။ စတီးမစ်ကြီးတရားဝင်ဖြစ်လာတဲ့နောက်ပိုင်းပေါ့။
@bobokyaw
👍 , , , , , , , , , , , , , ,