လုပ်ကြံမှု
steempress·@bobokyaw·
0.000 HBDလုပ်ကြံမှု

https://nextcolony.io/galaxy
NC GAME ကစားရတာ အချိန်အလွန်ကုန်ပါတယ် အချိန်ပေးရပါတယ် စိတ်ရှည်ရပါတယ် ကိုယ်ဖြစ်ချင်တာကို ဖြစ်လာအောင် လုပ်ယူဖို့ မလွယ်ပါဘူး ဖြစ်ပေါ်လာတဲ့ အခြေအနေကို ထိန်းညှိပြီး အဆင်ပြေအောင် လုပ်ဆောင်သွားရတာပါ။ ဂိမ်းရဲ့ တည်ဆောက်ပုံက ကစားသူကို လုပ်ပိုင်ခွင့် လေးဆယ်ရာခိုင်နှုန်းလောက်ဘဲ အခွင့်အရေးပေးထားတာတွေ့ရပါတယ် ဂိမ်းက ရေရှည်သွားမယ့် သဘောဖြစ်လို့ စိတ်လောလို့ မရပါဘူး အလောသုံးဆယ်လုပ်ပြီး ၀င်လာရင်တော့ ရှိတာတွေ ကုန်မှာပါဘဲ ကုန်သလောက်လည်း အကျိုးမများနိုင်ပြန်ပါဘူး လုပ်နည်းကိုင်နည်း မှားယွင်းလျှင်လည်း ကုန်တာပါဘဲ

ဖရီးကစားသူတွေအတွက်တော့ တန်တယ်လို့ ထင်ရပါတယ် တကယ်တမ်းတော့ ဖရီးကစားသူတွေ အဲ့သလောက် ခရီး မရောက်နိုင်ပါဘူး စောနက ပြောသလိုပါဘဲ ဂိမ်းရဲ့ လေးဆယ်ရာခိုင်နှုန်းကိုဘဲ ထိန်းချုပ်နိုင်မှာဖြစ်လို့ ဆေးဝါးဂိမ်းလို ၀ုန်းလို့ မရနိုင်တာတွေ့မြင်ရမှာဖြစ်ပါတယ် ငွေရင်းသူတွေအတွက် မနစ်နာစေရဘူးလို့ ဂတိက၀တ်ပြုထားတာကိုတော့ သဘောကျပါတယ် ဂိမ်းရဲ့ အခြေအနေက သူ့ရဲ့ ကတိက၀တ်ကို တည်တံ့ ခိုင်မာစေနိုင်တယ်ဆိုတာကို တဖြည်းဖြည်း တွေ့မြင်လာရပါတယ် ဒီအတွက် ငွေရင်းသူတွေ များစွာ စိတ်ပူဖို့ မလိုပါဘူး

https://nextcolony.io
ဘာကြောင့် အကျိုး အမြတ်ခွဲဝေမပေးသေးသလဲ ဆိုရင်တော့ ဂိမ်းရဲ့တားကတ်ကို မပြည့်မှီသေးပါဘူး ပေးလိုက်ရင် ဂိမ်းရဲ့ ရှေ့ဆက်မယ့် ခရီးကို နှောင့်နှေးစေမှာဖြစ်ပါတယ် ပေးလို့ရမယ့် အခြေအနေက ဘယ်တော့လဲဆိုတာတော့ မသိနိုင်သေးပါဘူး ကစားသူတွေကို စောင့်နေတာဖြစ်ပါလိမ့်မယ် နောက်ထပ် ဘယ်လောက်များ စောင့်ရဦးမည်လဲ အချိန်ကြာလေ ကောင်းလေဆိုတာကတော့ ဖရီးသမားတွေ အကြိုက်ဖြစ်လာစေမှာပါ

အမှန်က ဒီနေ့ ဂိမ်းအကြောင်း ပြောချင်တာမဟုတ်ပါဘူး ပြောချင်တာက စတီးမစ်ပေါ်က မယောင်ရာ ဆီးလူး တလွဲ ဆံပင်ကောင်း ဖင်မနိုင် ပဲကြီးဟင်းစား ပြောတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ် သံလမ်းကွေးမယ် ဇလီဖားတုံးသွားကြားထိုးမယ် နဲ့ တကယ့်တကယ်တမ်းကျတော့ သွားနေကျလမ်း သွားရိုးသွားစဉ်လမ်းလေးကိုတောင် ဖြောင့်အောင် မလျှောက်နိုင်ကြပါဘူး အင်မတန် စိတ်ပျက်မိပါတယ် စတီးမစ်ကို ပျက်စီးစေတာအခြားအရာတွေမဟုတ်ပါဘူး အခြားသူတွေမဟုတ်ပါဘူး စတီးမစ်ပေါ်က စတီးမစ်လောကသားတွေပါဘဲ စတီးမစ်ကိုမောင်းနှင်နေသူတွေကိုယ်တိုင်ပါဘဲ စတီးမစ်က မကြာခဏ လုပ်ကြံခံနေရတယ်လို့ ခံစားရပါတယ် မြင်ပါတယ် ကျူပ်တို့က ဒီလုပ်ကြံမှုတွေထဲက တစာခံတွေပါဘဲ တ၀ဲလည်လည်နဲ့ တက်တက်ပြန်ပြီ ကျကျပြန်ပြီနဲ့ လုံးချာလည်နေခဲ့ရတာပါဘဲ ခံစားနေခဲ့ရတာပါဘဲ ဒီပုံ ဒီအချိုး ဒီလူ ဒီမိုး ဒီလေနဲ့ကတော့ စတင်းဈေး တက်ဖို့ မမျှော်ပါနဲ့ဦး

@bobokyaw

Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/06/26/%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%81%be%e1%80%80%e1%80%b6%e1%80%99%e1%80%bd%e1%80%af/

👍 luckylay, phyowaiaung, moesat99, nyanlynnhtay, winmyatthu, kaz2305, yusifm, norepinephrine, bobokyaw, wailay, poetrylover, phyo1aung, wunna008, fitted333, fairusyusri, sbi7, mmunited, mmcg, prometheus2, ptcmyanmar, yee900, moemoe1998, mmsupporter1, lucifier, lucifer2, myintlwinsoe, sususaya, panpan24, nadin3, steempress, berien, steempress-io, myothuzar, nextcolony, cpufronz, quotetwist, chibifighters, cojp, art-universe, mammasitta, spicetrader,