ဝီးကူက ခြေတစ်လှမ်းတိုးလာပြီ

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@bobokyaw·
0.000 HBD
ဝီးကူက ခြေတစ်လှမ်းတိုးလာပြီ

https://nextcolony.io/

ဟိုဘက်ရပ်ကွက်လေးအကြောင်း မပြောရတာတောင် အတော်ကြာခဲ့ပါပြီ ဟိုဘက်ရပ်ကွက်က အားပေးယုံကြည်သူ နည်းတော့ ပြောသာပြောရပါတယ် မျက်နှာ အင်မတန်ငယ်ရပါတယ် လောက်လောက်လားလား ဈေးက မပေါက်သေးတော့လည်း လူတွေ သိပ် အာရုံမရကြပါဘူး ဒါထက်ဆိုးတာကတော့ ဆရာကြီးတွေက စိတ်ဝင်စားဟန်မပြတဲ့အတွက်ကြောင့် ပိုပြီးတော့ လူသိနည်းပါတယ် ဒါကတော့ ရိုးရာကြောင့်လို့ဘဲ ပြောရပါတော့မယ် ရိုးရာမပျက် အပ်ချ မက်ချ လုပ်တက်တာကလည်း ကျွန်တော်တို့ မြန်မာတွေရဲ့ ထုံးတမ်းစဉ်လာ လို့တောင် ဆိုရမလိုပါဘဲ တစ်စုံတစ်ယောက်က ကောင်းတယ်ဆိုရင် လိုက်ကောင်းတက်ပြီး မကောင်းပါဘူးဆိုရင်တော့လည်း မိုးပျံအောင် ကောင်းနေပါစေ မကောင်းဘူးဖြစ်သွားတက်ပါတယ် ဒါကြောင့် ၀ီးကူက မြန်မာတွေကြားထဲ မြုပ်ပေါ်ဖြစ်နေခဲ့တာပါ တကယ်လို့သာ ဒီလိုမဟုတ်ခဲ့ရင် အခုချိန် အဖြေက တစ်မျိုး တစ်မည်ဖြစ်လာနိုင်ပါတယ် ဒါလည်း ပြသနာတော့မဟုတ်ပါဘူး သူ့အကြိုက် သူ့စရိုက်ပေါ့ အခုမကြိုက်လည်း နောက်တော့ ကြိုက်လာရမှာပါ

အခုလို လူတွေ သိပ်မကြိုက်တာကိုဘဲ နည်းနည်းတော့ သဘောပိုကျမိပါတယ် မဟုတ်ရင် ၀ီးကူပေါ်တက်ပြီး စတေးရှောင်နေရမယ့် အဖြစ်တွေ ကြုံလာရနိုင်ပါတယ် အခုတော့လည်း ၀ီးကူက လျှော့ရဲရဲ ကိုယ်တွေကလည်း လျှော့ရဲရဲ စည်းဝါးတော့ အကိုက်သား စတီးမစ်လောက် မခက်သလို စတီးမစ်လောက်လည်း မမာသေး လုပ်ရကိုင်ရတာ သွားလမ်း လာလမ်းသာပါတယ် အခုဆိုရင်တော့ ၀ီးကူက နှစ်ပါတ်လည် တစ်ပါတ်ပြည့်တော့မယ်လားဘဲ သိပ်တောင် မှတ်မထားမိဘူး ဟုတ်တယ် တစ်နှစ်မပြည့်တောင် ပြည့်လု ပြည့်ခင် ဖြစ်မယ် သူတို့ မြေပုံညွှန်းအရတော့ တစ်ဆင့်ခြင်း အကောင်အထည်ဖေါ်လာလိုက်တာ တော်တော် ခရီးရောက်လာပါပြီ ဂတိက၀တ်တွေတော့ အလုံးစုံ မတည်နိုင်ခဲ့ရှာပါဘူး ဒါပေမယ့် သူက အများထင်သလို စကမ် ဖြစ်မသွားတာကိုတော့ အတော်လေး ကျေနပ်အားရမိပါတယ် သူ့ရဲ့လားရာကို အများကြီးမျှော်လင့်ထားကြတယ်လေ အခုထိ ရုန်းကန်နေရတုန်းပါဘဲ

လွန်ခဲ့တဲ့ ရက်များဆီကတော့ ၀ီးကူအတွက် အားတက်ဖွယ် အခြေအနေဖြစ်လာတယ် ဒါကတော့ သိပြီးသူများသိမှာပါ ၀ီးကူကွိုင်တွေကို စတင်းအင်ဂျင်နဲ့ ချိတ်ဆက်လိုက်ပြီဆိုတာပါဘဲ ဘယ်လိုချိတ်တယ် မချိတ်တယ်တော့ လေ့လာကြည့်တော့ ကိုယ်တွေက ထုံးစံအတိုင်း ရတဲ့ ဈေးနဲ့ မရောင်းမှာ ဖြစ်သောကြောင့် လမ်းကြောင်းတော့ လိုက်မကြည့်အားသေးဘူး ချိတ်သွားပြီ ဆိုတဲ့ သတင်းလေး သိရတာနဲ့တင် ရှေ့ဆက်ဖို့ တော်တော် အဆင်ပြေသွားပြီလို့ နားလည် လက်ခံလိုက်တယ် ဆက်ပြီးတော့လည်း ၀ီးကူ ကွိုင်တွေ ရသလောက် တူးနေဦးမှာဖြစ်တယ် ယုံတမ်းစကားလို့ဘဲ ပြောရမလား ၀မ်းဝီးကူ ၀မ်းဒေါ်လာ မဖြစ်လာဘူး ဘယ်သူ ပြောမလဲ ကြိုက်သည်ဖြစ်စေ မကြိုက်ဘူး ဖြစ်စေ ၀ီးကူကတော့ စတီးမစ်ပေါ်မှာ ၀င်ရောက်ပါတ်သက်လာပြီဆိုတာတော့ တဖြည်းဖြည်း မြင်လာရပြီ နောက်ထပ် ဘယ်လောက်ထိ ပါတ်သက်ဦးမယ်ဆိုတာတော့ လုပ်ရင်း ကိုင်ရင်း စောင့်ကြည့်တာပေါ့လေ

@bobokyaw

Posted from my blog with SteemPress : http://steemhosting.com/bobokyaw/?p=103