လူမညီတော့ အခက်တွေ့စေပါတယ်
busy·@bobokyaw·
0.000 HBDလူမညီတော့ အခက်တွေ့စေပါတယ်
 မနက်ဖန်ဆိုလျှင်တော့ နောက်ထပ် ကလန်ဂိမ်းပွဲစဉ် အသစ်လေးက စပါပြီ အခုချိန်ထိတော့ ကြိုတင်ပြင် ဆင်မှုတွေ မလုပ်ရသေးပါဘူး ကိုယ်ရယ် ကလန်လီဒါရယ် နှစ်ယောက်ကတော့ အမာခံပေါ့ နောက်ထပ် ကစားသူ ဆယ့်တစ်ယောက်ကို ညှိနှိုင်းရပါဦးမယ် ခက်သည်က ကလန်ထဲမှာ မြန်မာကစားသူ ပလေယာ ကလည်း မရှိသလောက်ပါဘဲ အခြားသူတွေကလည်း သူ့ဘေ့စ်လေးသူ အပ်ဒိတ်တင်ဖို့လောက်သာ လှုပ်ရှားနေကြတော့ သိပ်ပြီး အားရစရာတော့ မရှိပါဘူး သူတို့စိတ်ပါတဲ့ အခါတော့ ၀င်ကစားပေးတက်ပါ တယ်။ အများအားဖြင့်တော့ အက်စတစ် မဖြစ်ကြတာများပါတယ် ပေါ်ချင်တဲ့အချိန်ပေါ်လာပြီး ပျောက်ချင် တဲ့အချိန်ပျောက်သွားကြတာလေ။ တစ်ခါတလေ တစ်ပါတ် ဆယ်ရက်လောက် လိုင်းမတက်ဘဲလည်း နေချင်နေကြတာဆိုတော့ သူတို့ကို သိပ်ပြီး အားကိုးအားထား ပြုမရပါဘူး အသစ်အသစ် ၀င်ရောက်လာသူ ကလန် လည်သူတွေကတော့ အမြဲရှိပါတယ် သူတို့လေးတွေ စိတ်ပျော်တယ် ဆိုရင်တော့ ကလန်ဂိမ်းပြီးသည်အထိ နေပြီး ကစားသွားကြတာများပါတယ် အခုတော့ ကလန်စာရင်းအရ လူလေးဆယ်ကျော်တော့ရှိပါတယ် ဒီထဲက ကလန်ဂိမ်း ဘယ်နှစ်ယောက် ကစားကြမည်လဲဆိုတာတော့ မနက်ဖန်မှ သိရပါတော့မယ် တက်နိုင်သလောက်တော့ ပြောပြပေးထားပါတယ် ကူညီပြီး ကစားပေးကြပါဦးလို့ ကိုယ်ကလည်း အမြဲ အက်စတစ်မဖြစ်လေတော့ သိပ်လည်း မပြောရဲပါဘူး အခုမှ ကိုယ်က သိပ်တက်ကြွသလို လုပ်နေတယ်လည်း ထင်မှာ စိုးရပါတယ် ကိုယ်ကလည်း ကိုယ်ပါဘဲ ကလန်ကိုပြစ်ပြီး မကစားဘဲ ထားတာ လချီအောင် ကြာသွားခဲ့တယ်လေ အခုမှ ပြန်ကစားတော့ အချို့ ကစားသူ လူဟောင်းအနည်းငယ်ကလွဲပြီး ကိုယ့်ကို သူတို့ မသိတော့ ပါဘူး မရင်းနှီးတော့ပါဘူး။ ကိုယ်လည်း သူစိမ်းသက်သက်ရယ်ပါဘဲ ဘာဖြစ်ဖြစ်ပါ ကလန် ဂိမ်းကိုတော့ အဆင်ပြေအောင် မောင်းနှင်ကစားဖြစ်မှာပါ အခြားလည်း အထူးအဆန်း ဂိမ်းအသစ်တွေ အစပြုပြီး မကစားတော့ပါဘူး ကိုယ်က အစွဲအလန်းကြီး တက်တော့ နောက်ထပ် ရောဂါ တစ်ခု အစွဲတစ်ခု ထပ်တိုးလာမှာစိုးလို့ပါ လုပ်လက်စ ရှိလက်စ အစွဲလေးနဲ့ဘဲ ဆက်လို့ ရူးသွပ်လိုက်ပါဦးမယ်လေ တကယ်က အချိန်မပေးနိုင်လို့ပါ အချိန်ပိုတွေ အရင်လိုမရှိနိုင်လေတော့ အခုလိုဘဲ အခက်အခဲလေး တွေက ဖြစ်တက်ပါတယ် ကလန်ဂိမ်းကို အခန်းတိုင်းပွင့်အောင် ဖူးအောင် ကစားချင်မိတာပါဘဲ အဓိကကတော့ ကိုယ့် တောင်းဟော ဘေ့စ်လေးကို အပ်ဒိတ် မြန်မြန်တင်ချင်လို့ပါဘဲ တစ်ရက် လေးပွဲနဲ့တော့ အချိန်အတော်ကြာအောင် လုပ်ယူရဦးမယ်ထင်ပါတယ် နောက်ပိုင်း အချိန်ပိုလေးတွေ ရလာရင်တော့ ဒီထက် ပွဲရေ များများ ကစားနိုင်အောင် လုပ်ကြည့်ရပါလိမ့်မယ် အခုတော့ ကလန်ဂိမ်းလို အခွင့်အရေးရနိုင်တာလေးတွေကိုဘဲ အားပြုနေရတယ် @bobokyaw
👍 bobokyaw, fitted333, eforucom, steembasicincome, mmunited, mmcg, prometheus2, moemoe1998, mmsupporter1, lucifier, ptcmyanmar, yee900, lucifer2, sanhtun, busy.pay, nyuntwin, myintlwinsoe, arkarsoe, zinzin, mm7, steemgiant, matthias-green, sususaya, panpan24, thura, maunghtwe, cifer, steemhive, steemjetnewbies, floridasnail, bestbroplayer, litrbooh, sidneychildsh, ancientknowled3, ashikstd, bobinson, venzy, rocky1, vyaduka, jerrybanfield, frost1903, milkcrate, ponzipanda, phlatattak, snubbermike, judasp, steemjetmedia, lebin, payco, xiaoliang, mydays, bitcoinflood, johnquake, aamirijaz, riseofth, justtryme90, hossary, dvf, agar, sostrin, jinlee, ribai, seer, dna-polymerase, dna-ligase, dna-helicase, dna-primase, sliding-clamp, clamp-loader, dna-gyrase, rna-polymerase, ribosome, ibk, otac, kotturinn, bobsrepair, captaincanary, watwrongwitunews, abderrahimlafifi, abusereports, beesteem, sc5tt, brandonp, poojakum, arshikhan, ourdailyboard, gutzygwin,