မိုးအေးအေးနဲ့NC GAME ကစား
nextcolony·@bobokyaw·
0.000 HBDမိုးအေးအေးနဲ့NC GAME ကစား
 https://nextcolony.io/ ရုတ်တရက်ဆိုသလိုဘဲ ကောင်းကင်တစ်ခုလုံး မည်းမှောင်လို့လာတယ် မိုးခြိမ်းသံတွေ လျှပ်စီးလက်လိုက်တိုင်း တဂျိမ်းဂျိမ်းနဲ့ အခုလို ဆောင်းကာလ ဆောင်းလယ်အချိန်ခါ မိုးတွေက ရွာပါပြီကော အေးလိုက်တာမှ တုန်လို့ရတယ်ပါ အဲ့သလောက် ချမ်းအေးတဲ့ ဆောင်းလယ်မိုးကြောင့် ခိုက်ခိုက်တုန်အောင်အေးနေပေမယ့် အနားမရနိုင်သေးပါဘူး မအိပ်ခင် အချိန်လေး စာလေး တစ်ပုဒ်တော့ေ၇းပြီး လှမ်းလို့ တင်လိုက်ချင်ပါသေးတယ် အမှန်တကယ်တော့ အိပ်ချင်နေပြီ နွေးနွေးထွေးထွေး စောင်ထဲ ကွေးပြီးေ ဖ့ဘုတ် ပွတ်ချင်တာပါ အဲ့သလောက် ဇိမ်မယူအားနိုင်ပါ စတီးမစ်လုပ်တဲ့သူတိုင်း အခုလို ရောဂါတော့ ရှိမှာပါဘဲ စာမရေးရမနေနိုင်ဆိုတာထက် ပိုစ့်တစ်ပုဒ်လောက်မတင်ဘဲ နောက်ရက်တွေ မဖြတ်သန်းချင်ပါဘူး ဘာလို့လဲဆိုတော့ စာလေး ရေးထားမိတဲ့ နေ့ဆို စတီးမစ်လေး ၀င်ဝင်ကြည့်ပြီး ဘယ်ကများ အပ်ဗုတ်ပေးလေမလဲ မျှော်ရတာက ဖီလင် တစ်မျိုးပါ အရင်ကတော့ စတီးမစ်ဝေါလက်လေးကြည့်ကြည့်ပြီး ဈေးအတက်လေး စောင့်ခါ စိတ်ကူးတွေယဉ် ဖီလင်တွေတက်နေခဲ့တာပေါ့ အခုအခါမှာ အဲ့သလို ဖီလင်လည်း မတက်နိုင်တာကြာပေါ့ ဈေးက ကျသထက်ကျကျနေတော့ ဝေါလက်တန်ဖိုးလည်း ဘာမှ မတန်တော့ဘူးရယ် ဒါပေမယ့် အားတော့မလျှော့နိုင်သေးပါ သူက ဘာမဆိုဖြစ်နိုင်တယ် ဆိုတာမျိုးမဟုတ်လား မပြောကောင်းမဆိုကောင်း ၀မ်းစတင်းဒေါ်လာ လေးငါးဆယ် တစ်၇ာ ဖြစ်ခဲ့သည်ရှိသော် တက်ခဲ့သည်ရှီသော် လာထား အာဘွားပေါ့ အဲ့သလိုလေးလေည်းတိတ်တခိုးမျှော်တာဘဲ ဒါကြောင့် စတင်းတွေ စုတာလေ ဈေးလေးတက်လိုက်ရင် ပွဲက သိမ်းပြီပေါ့ နောက်ထပ် နှစ်သစ်တစ်ခုက အစပြုလို့လာပြီ ဒီနှစ်မှာ စတင်းဈေး လှုပ်ခက်လာမယ်လို့ မျှော်မိတယ် ဒါကြောင့် စာရေးပို့စ်တင်တာလေးကို မပျင်းဘဲ လုပ်နေရတယ် မအားလည်းလုပ် အားလည်း လုပ်ပေါ့ အခုလောလောဆယ်တော့ အာကာသဂိမ်းလေး ခပ်ပါးပါးကစားနေတယ် စတင်းမွန်းစတားတော့ မကစားနိုင်တော့ဘူး ကဒ်ကောင်းတွေ မ၀ယ်နိုင်တော့လို့ စတင်းဈေးတက်ရင်တော့ ကဒ်တွေ ပြန်ဝယ်ချင်ဝယ်မှာပေါ့ အခုနေခါ ၀ယ်ရင် စတင်းတွေ မနည်းဘူးကုန်မှာလေ အာကာသဂိမ်းကတော့ ဖရီးဘောဘဲ မရလည်း ဘာမှမဖြစ်တော့ဘူး ရလည်း ရတာအမြတ်ပါဘဲ ကဲ နှစ်သစ်မျာ စတင်းဈေးလေး ပြန်လည်ဦးမော့ပါစေ ဆုတေောင်းရင်းမိုးအေးအေးနဲ့ ကွေးတော့မယ်လေ @bobokyaw