ကိုးလုံးပြည့်တော့မည်
steempress·@bobokyaw·
0.000 HBDကိုးလုံးပြည့်တော့မည်

ကြယ်တာရာတွေ ဂြိုလ်ကြီးကိုးလုံးနဲ့ နကခက်ပွဲသဘင် ဆင်ယင်မှာမို့ ဒီတစ်ညတော့ ............ သောင်တင်နေသူ ဒီလှိုင်းအကျနဲ့ အတူ ခရီး ဦးထွက်ရန် ဟန်ပြင်ပြီမို့ ......... လောကထဲမှာ တာယာကြယ်လိုလင်းလေ.... သမုဒယသစ်စာ နှောင်ဖွဲ့ခြင်းတွေ ကင်းစေ..... ဟုတ်ပါလေသည်။ ဒီအတိုင်းဆိုရင်တော့ ဂြိုလ်ကြီးကိုးလုံးလောက်တော့ ပိုင်ဆိုင်ခွင့်ရလိမ့်မည်ဟု မျှော်လင့်မိသည်။ မကြာခင် နောက်ထပ် ရလာဦးမယ်ဆိုရင်တော့ ပြည့်စုံသွားနိုင်သည။်

ဒီမနက်မှာ ရလိုက်တဲ့ ဂြိုလ်ကတော့ မဆိုးဘူးပြောရမှာပါဘဲ ဒီရက်ပိုင်း ခပ်စိပ်စိပ်လေး ဆိုသလို ဆက်တိုက် နေ့တိုင်း နီးပါး ရလို့နေသည်။ နောက်ထပ် သုံးလေးလု့းလောက်တော့ မျှော်ချင်နေမိသည်။ ရပါ့ဦးမည်လား မသိနိုင်သေး ရောတ့ ရချင်သေးသည်။ သူများတွေက ဂြိုလ်အလုံး နှစ်ဆယ်ကျော်တွေ ရှိနေပြီး ကိုယ်တွေက လက်နှစ်ဖက်ကျိုးအောင် မချိုးနိုင်သေး လက်တစ်ဖက် ကျိုးအောင် တောင် မနည်းချိုးထားရသည်။ အချိန်တွေလည်း အတော်ကုန်ခဲ့သည် စတင်းတွေလည်း အတော်ကုန်လေပြီ

များမကြာခင် ပေးလာမယ် ထင်ရပါလေသော အကျိုးအမြတ်တို့သည်လည်း ဘယ်လိုပေးလေမည်မသိတက်သေး ဂြိုလ်အရေအတွက်ကတော့ အရေးပါ အရာရောက်ဦးမယ်လို့ ထင်ပါလေသည်။ သူ့ဟာသူ ဘယ်လို ပေးပေး နောက်ဆုံး အရင်းစစ်ရင်တော့ ဂြိုလ်များသူက များများ ရမယ့် သဘောသာဖြစ်သည် ဒါကြောင့် ဂြိုလ်များများ ရဖို့သာ အာရုံထားမိသည်။ ဂြိုလ်ပိုင်ပြီးရင် ကျန်တာတွေက ဖြည်းဖြည်းချင်းလုပ်ယူလို့ရသည်။ ဂြိုလ်မရှိဘဲနှင့်တော့ လုပ်ဖို့ကမလွယ်ပါဘူး အေ၇းကြီးသည်က ဂြိုလ်တွေသာဖြစ်သည်။

ဒြီ၈ိုလ်ကောင်တွေ ရှာရတာနဲ့ဘဲ စတီးမစ်ကို တဖြည်းဖြည်း အာရုံပါးလို့လာနေမိသည်။ ဈေးကလည်း မတက်တော့ဘူးလို့ ထင်ရသည်။ ဒီထက် ပြုတ်ကျမသွားစေရန် မနည်းဆုတောင်းရဦးမည် သူ့ဟာသူ ဘာတွေ လုပ်လုပ် လူတွေ စိတ်ဝင်စားမှု နည်းလွန်းလှပါသည်။ စတင်းအသင့်ကိုင်ပြီး ဈေးအတက် ရောင်းဖို့ ချောင်းနေသူတွေ များနေသမျှကာလပါတ်လုံး စတင်းဈေးတက်ဖို့ မမျှော်လေနှင့်ဟုသာ ဆိုချင်ပါသည်။ ကိုင်ထားတဲ့ စတင်းတွေ လွှတ်ချလိုက်စေနိုင်သော ပြောင်းလဲမှု တစ်ခုတော့ လုပ်သင့်ပါသည်။ လုပ်ပေးနေသူ ကိုယ်တိုင်ကလည်း အိတ်ချိန်းထဲမှာ စတင်းတွေ ပုံထားပြီး လုပ်နေလျှင်တော့ စတင်းဈေးတက်ဖို့ ခက်ပါမည်။ ရှေ့ကလဒတစ်ကောင်ကတော့ ကိုယ်ကျိုးရှာပြီး လစ်သွားပြီ အခုလူတွေကကော ကိုယ်ကျိုးမဖက် လုပ်နေကြမည်လား မသိနိုင်ပါ

သူ့ဟာသူ ဘယ်ဈေးနေနေ ဘယ်လိုလုပ်လုပ်ပါလေ ကွကိုယ် ဂြိုလ်ပျောက်ရှာနေတာကဘဲ ကျေနပ်စရာကောင်းပါသည်။ ဂြိုလ်ဘဲ ရှာပါမည်။

Author : @bobokyaw

Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/06/21/%e1%80%80%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%82%94%e1%80%b1%e1%80%90%e1%80%ac%e1%82%94%e1%80%99%e1%80%8a%e1%80%b9/

👍 luckylay, nyanlynnhtay, winmyatthu, phyowaiaung, moesat99, norepinephrine, wailay, poetrylover, phyo1aung, wunna008, bobokyaw, fitted333, sbi6, mmunited, mmcg, prometheus2, ptcmyanmar, yee900, moemoe1998, mmsupporter1, lucifier, lucifer2, myintlwinsoe, sususaya, panpan24, steempress, steempress-io, jayna, myothuzar, oliverschmid, nextcolony, cpufronz, chibifighters, spicetrader,