Nc Game နဲ့အချိန်တွေကုန်ပြီ
steempress·@bobokyaw·
0.000 HBDNc Game နဲ့အချိန်တွေကုန်ပြီ

https://nextcolony.io
စတီးမစ်ကြီးကတော့ မိုးလားလေလား နေ့လားညလား မပြောတက်ပါဘူး စတီးမစ်ပေါ်က ဂိမ်းတွေကတော့ ကစားလို့ ကောင်းနေပါပြီ စတီးမစ်ကျန်းမာရေး ဆိုးဆိုးဝါးဝါး မဖြစ်လောက်ပါဘူး သာမန် နှာဆေးချောင်းဆိုးတာလောက်ပါဘဲ ဒါကလည်း ရာသီဖျားလို့ ခေါ်ရမလိုပါဘဲ ဆေးလေးသောက် နွေးနွေးထွေးထွေးနေလိုက်ရင်တော့ မကြာခင် သက်သာသွားမှာပါ စိတ်ပူစရာတော့ မရှိပါဘူး ဈေးမတက်မှာဘဲ ပူရမှာပါ အဲ့တာထက် ပိုဆိုးတဲ့ အခြေအနေတစ်ခုကတော့ ရှိနေပါတယ် ဈေးကျသွားနိုင်တယ်ဆိုတာပါဘဲ ဒါကတော့ မည်သူမျှ မကြားချင်တဲ့ စကားတစ်ခွန်းဖြစ်နေမှာပါ

စတင်းဈေးတွေ ခပ်ပျော့ပျော့လေးဖြစ်နေချိန်မှာ ဂိမ်းတွေကို တွန်းကစားခဲ့ပါတယ် ဂိမ်းတွေ အရှိန်ကောင်းတဲ့ အခါနဲ့ စတင်းဈေး ခပ်မာမာ ခပ်တောင့်တောင့်လေး ဖြစ်လာတဲ့အချိန်က ကွက်တိ ရေချိန်သွားကိုက်ရင်တော့ အိုကေ ဆိုပြေသွားစရာရှိပါတယ် ဒါကလည်း အလားအလာတော့ ရှိပါတယ် ဖြစ်မလာလဲ ပြသနာမဟုတ်ပါဘူး စတင်းဈေးက ဒီထက် ပျော့ပြဲပြီး အရည်ထွက်ကျမလာဖို့ဘဲ လိုတာပါ အဲ့သလိုဖြစ်လာတော့လဲ ဘယ်တက်နိုင်မည်လဲ သပ်ဗေသပ်တာ ကမ်မသကာပေါ့(စာလုံးဆင့်က ရိုက်လို့ အဆင်မပြေဘူးဗျာ)

စတီးမစ်ဂိမ်းတွေက တစ်မျိုးတော့ ကောင်းတယ် အသစ်ပေါ်လာရင် အဟောင်းကို ပြစ်လိုက်ရတာ ဆိုးပါတယ် အသစ်ကော အဟောင်းကော လိုက်ပြီး လုပ်နေဖို့ မလွယ်ပါဘူး အခုဘဲ အာကာသဂိမ်းလုပ်နေတော့ ရှေ့က ဆေးဝါးဂိမ်းလုပ်ဖို့ အချိန်က မကျန်တော့ပါဘူး လုပ်နိုင်သူတွေကတော့ လုပ်နေတုန်းပါဘဲ ဒါကလည်း ဒီဘက်က ဘာညာသာရကာ မလာသေးတော့ ပြေးလုပ်ဖြစ်နေသေးတဲ့သဘောပါ ဒီဘက်က ဘာညာသာရကာလာရင်တော့ ဆေးဝါးဂိမ်းလဲ မြောင်းကြားထဲ ကျသွားမှာပါဘဲ

အခုအာကာသဂိမ်းမှာြ၈ိုလ်လေးငါးခြောက်လုံးလောက်လေး ပိုင်တာကိုဘဲ လက်မလည် ခွက်မလည်လုပ်နေရပါတယ် ကိုယ်ကသာ လေးငါးခြောက်လုံးနဲ့ ဗျာများနေတာပါ ထိပ်ဆုံးက ဆရာကြီးကတော့ ဂြိုလ်အလုံးသုံးဆယ်ကျော်နဲ့ ဘယ်လိုများ လုပ်နေမယ်မသိပါဘူး သူ့အစားကိုယ်တော့ ရင်မောပါတယ် ဟုတ်တယ်လေ ကိုယ်တောင် လေးငါးခြောက်လုံးနဲ့ရွာလည်မြို့ပါတ်နေရတာ သူဆိုရင်တော့ ကျန်းမာရေးအပေါ့အပါး သွားချိန်တောင် ရရဲ့လား အိပ်ချိန်တောင် ရှိရဲ့လား မဆိုနိုင်ပါဘူး တစ်ခုတော့ရှိပါတယ် သူတို့ကတော့ မြန်နုန်းမြင့် အင်တာနက် ကိုယ်စားလှယ် လွှဲအပ်လို့ ရသော အလှည့်ကျတာဝန်ယူကစားပေးတဲ့ ၀န်ထမ်း ဒါမျိုးတွေတော့ ရှိနိုင်ပါတယ်

ဘယ်လိုဖြစ်ဖြစ်ပါ ဂြိုလ်များသူကတော့ အခွင့်အရေးများများရသွားမယ့်သဘော တွေ့နေရပါတယ် ဂြိုလ်မမွှေရင်တော့ မျှော်မှန်းထားကြသလိုဘဲ စတင်းတွေ တိုးပွားလာဦးမှာပါ

@bobokyaw

Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/06/27/nc-game-%e1%80%94%e1%80%b2%e1%82%94%e1%80%a1%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%af%e1%80%94%e1%80%b9%e1%80%bb%e1%80%95%e1%80%ae/

👍 luckylay, phyowaiaung, moesat99, nyanlynnhtay, winmyatthu, yusifm, norepinephrine, wailay, poetrylover, phyo1aung, wunna008, eforucom, foodology, fitted333, bobokyaw, fairusyusri, lulu121, mmunited, mmcg, sbi5, prometheus2, ptcmyanmar, yee900, moemoe1998, mmsupporter1, lucifier, lucifer2, exterminio08, myintlwinsoe, panpan24, myothuzar, nextcolony, cojp, cpufronz, quotetwist, chibifighters, steembattle, art-universe, nadin3, mammasitta, spicetrader, steempress, tonygreene113, steempress-io,