ဆုံးဖြတ်ချက်တွေ မှန်သလား မှားသလား
esteem·@bobokyaw·
0.000 HBDဆုံးဖြတ်ချက်တွေ မှန်သလား မှားသလား
ဆုံးဖြတ်ချက်တွေ မှန်သလား မှားသလား အောင်မြင်းခြင်းတွေ အကျိုးအမြတ်တွေ တိုးတက်များပြားခြင်းတွေ ရရှိလာတယ်ဆိုတာဟာ လွယ်လင့်တကူနဲ့ ဖြစ်ပေါ် လာတာတွေ မဟုတ်ပါဘူး ခက်ခဲတဲ့ အခြေအနေတွေကနေတစ်ဆင့် သီးပွင့်လာတဲ့အရာတွေပါဘဲ ဆုံးရှုံးမှုတွေ ကျဆုံးခြင်းတွေ ဆုတ်ယုတ်ပျက်စီးမှုတွေ လျှော့ပါးကုန်ဆုံး ပျောက်ကွယ်ရခြင်းတွေကလည်း သူ့အလိုလိုတော့ ဖြစ်တည်လာတာ မဟုတ်ပြန်ပါဘူး သူဟာလည်း ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရမှုတွေကနေဘဲ ကြွေလွင့် နစ်မြုပ်ခဲ့ရခြင်းပါဘဲ ကျွန်တော်တို့ရဲ့အောင်မြင်ခြင်း ကျဆုံးခြင်းတွေဟာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုတွေ ဆုံးဖြတ်ချက်မှန်ကန်မှုတွေကြောင့် ဖြစ်လာတယ်လို့ ဆိုရင် ပိုပြီး နီးစပ်မယ်ထင်ပါတယ် ဆုံးဖြတ်ချက် တွေ က ဦးစွာ လာတယ် သူ့ရဲ့နောက်မှာ လုပ်ဆောင်မှုတွေ ပါလာတယ် တစ်ချိန်မှာတော့ အောင်မြင်သလား ကျဆုံးသလား အဆင်ပြေသလား အဆင်မပြေဘူးလား ဆိုတဲ့ အဖြေတွေက ရလာပါတော့တယ် မနေ့က ဘရားသားကြီး @mmunited ရဲ့ ပို့စ်တစ်ခုမှာ အာကာသ စစ်ပွဲရဲ့ စတင်းဖြုန်းထားသော မှတ်တမ်းတွေ ပါလာတာတွေ့တယ် အပေါ်ပိုင်းကတော့ စတင်းထောင်ချီပြီး ဖြုန်းထားတဲ့သူ သူတို့ကတော့ မြန်မာတွေ မဟုတ်ပါဘူး အဲ့ဒီနောက် အလယ်လောက်မှာ ကျွန်တော်တို့ မြန်မာတွေပေါ့ @bobokyaw 743.85 @mmunited 733.76 @naythan 436.71 @aggamun 297 @myothuzar 29.97 ဒါကတော့ ဘရားသားကြီး @mmunited ရဲ့ ပို့စ်မှာ ဖေါ်ပြထားသလောက်ပါဘဲ အခြား အသုံးပြု ရင်းနှီးကစားသူ မြန်မာတွေလည်း ရှိကောင်း ရှိနေနိုင်ပါသေးတယ် စတီးမစ်ပေါ်က ဂိမ်းတွေမှာ မြန်မာတွေရဲ့ ပါဝင် ပါတ်သက်မှုဟာ နေရာ တစ်ခုတော့ ရှိတယ်ဆိုတာတွေ့မြင်ရမှာဖြစ်ပါတယ် အခြား ဂိမ်းတွေမှာလည်း မလွတ်တမ်းပါ ၀င်ကြပါတယ် ဒါကတော့ လုပ်နိုင်သမျှတွေ ကြိုးစားလုပ်ကြတယ် ဆိုတဲ့ အဖြေတစ်ခုရတယ်လို့ မြင်ပါတယ် စတီးမစ်မှာ မြန်မာတွေ မညံ့ခဲ့ပါဘူး (ဒီလိုဘဲ အားပေးရတာတော့ဗျာ) မနေ့က အဲ့ဒီ စာရင်းတွေကြည့်ရင်း တွေးနေမိတာက ဂိမ်းတစ်ခုကို သိန်းချီတဲ့ငွေအမောင့်တွေနဲ့ ကစားနေမိတယ်ဆိုတာပါဘဲ လွယ်တော့ မလွယ်ပါဘူး ဒီလောက် များနေပြီလို့လည်း တကယ်ကို မနေ့ကမှ သိလိုက်ရတာပါ စိတ်ထဲမှာတော့ အဲ့သလောက် မသုံးခဲ့မိဘူးလားလို့တောင် ထင်မိပါတယ် အဲ့ဒီစာရင်းကြည့်မိကာမှ နဲနဲတော့ သွေးတက်ချင်လာတော့တယ် ဒီဂိမ်းကနေ ဘယ်လို အကျိုးအမြတ်တွေ ပြန်လာမှာလဲ မသိနိုင်ကြသေးပါဘူး မျှော်မှန်းချက် ကိုယ်စီ ယုံကြည်မှု ကိုယ်စီနဲ့ လုပ်ဆောင်နေကြတာပါဘဲ ဘုံရည်မှန်းချက် ယုံကြည်ချက်ကတော့ စတင်းတွေ တိုးတက်ပွားများလာလိမ့်မယ် ဆိုတာပါဘဲ ရှေ့က ထွက်ပေါ်လာပြီးသော ဂိမ်းတွေလိုဘဲ စတင်းတွေ ခွဲဝေပေးမယ်လို့တော့ အကြမ်းဖျင်းသိထားပါတယ် ဘယ်လို အချိုးအစားနဲ့ ဘယ်လို ဥပဒေသနဲ့ ပေးမယ်ဆိုတာတော့ မသိနိုင်သေးပါဘူး ရှာဖွေတွေ့ရှိတဲ့ ဂြိုလ်အရေအတွက်နဲ့လား ရင်းနှီးထားတဲ့ စတင်းအနည်းအများနဲ့လား တစ်နေ့တာရဲ့ သယံဇာတ အထွက်နှုန်းနဲ့လား တိုက်ပွဲ အပေါ်မှာဘဲ အခြေခံပြီးပေးမှာလား သေချာတာကတော့ ရှေ့ကဂိမ်းတွေလို အမှားအယွင်းတွေ လုပ်လိမ့်မယ် မဟုတ်ဘူးဆိုတာပါဘဲ သူ့မှာ အချိန်တွေ များစွာယူထားတာတွေ့ရမှာဖြစ်ပါတယ် အသေအချာ ပြင်ဆင်ပြီး ထွက်လာမှာပါ သူ့အတွက်လည်း အကျိုးအမြတ်ကျန်အောင် လုပ်သွားတယ် ကစားသူတွေကိုလည်း စိတ်ကျေနပ်မှု ရစေလိမ့်မယ် အနည်းဆုံးတော့ ရင်းနှီးထားတာ မရှုံးလောက်ဘူးလို့ ယုံကြည်ပါတယ် ဆုံးဖြတ်ချက်တွေ ကိုယ်စီ ချပြီးလို့ လုပ်ဆောင်ခဲ့ကြပြီဘဲ အကောင်းဆုံးတွေအတွက် မျှော်လင့်ခဲ့ကြပြီဘဲ အောင်မြင်မှု အသီးအပွင့်တွေက မကြာခင် ဝေဆာပွင့်ဖူးတော့မှာပါ Author : @bobokyaw 
👍 bobokyaw, sayeds1956, fitted333, sbi6, myintlwinsoe, zinzin, sususaya, panpan24, aggamun, honusurf, myothuzar, mmunited, mmcg, prometheus2, yee900, moemoe1998, mmsupporter1, lucifier, lucifer2, demo, esteem.app, good-karma, feruz, mysteem, chuuuckie, esteemapp, machroezar, mini-zephalexia, mm7, thura,