စတီးမစ်ဂိမ်းများကြားစတင်းရှာဖွေ

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@bobokyaw·
0.000 HBD
စတီးမစ်ဂိမ်းများကြားစတင်းရှာဖွေ
စတီးမစ်ဂိမ်းများကြားစတင်းရှာဖွေ

![arrow-2889040_960_720.jpg](https://cdn.steemitimages.com/DQmc3CkmSVfakFCECRf4QXJZAS6RPEnVy1aYYddJqCHAnnk/arrow-2889040_960_720.jpg)
https://pixabay.com/illustrations/arrow-target-range-bullseye-sport-2889040/

စတင်းမွန်းစတားက ခြေတစ်လှမ်းရွှေ့တော့ ကစားသူတွေ သူ့ဘက် အာရုံပြန်ပါသွားတယ်ထင်ပါတယ် ဆေးဝါးဂိမ်းမှာ ကစားရတာ အခုရက်ပိုင်း အတော်လေးကို ချောင်လည်နေပါတယ် စတင်းမွန်းစတားက အပြောင်းအလဲ ကြီးကြီးမားမားလုပ်လိုက်တာနဲ့ ဂိမ်းကစားသူတွေက သူ့ဘက်ကို အာရုံပြန်စိုက်သွားကြပါတယ် ကဒ်ကောင်းလေးတွေလည်း ပြန်လည် ချပေးလျှက်၇ှိတယ်လို့ ထင်ရပါတယ် မနေ့ကမှ အချိန်အနည်းငယ် ရတာနဲ့ ခြောက်ရက်လောက် မကစားဘဲ နေမိတာကနေပြန်ကစားတော့ေ၇ွှကဒ်လေး တစ်ကဒ် ရပါတယ် မဆိုးပါဘူး တန်ဖိုးကတော့ သုံးဒေါ်လာ ၀န်းကျင်လောက်ပေါက်ပါတယ် ကိုယ်ကလည်း ရတဲ့ဈေးထက် အမြဲ လျှော့ရောင်းနေကျဆိုတော့ နှစ်ဒေါ်လာ ခွဲနဲ့ ချက် ချင်း တီးထုတ်လိုက်ပါတယ် အဲ့သလို မြန်မြန်ရောင်းမှလဲ ဈေးက ရတယ်မဟုတ်လား အခုနောက်ပိုင်းတော့ ကဒ်ဈေးတွေ ပြန်မလာလာတော့ ရောင်းတာက အမှားဖြစ်ချင်လည်းဖြစ်နေမှာပါ 
ကိုယ်တွေက ကစားတဲ့ အတွဲ ဖျက်ထားမိပြီဖြစ်လို့ အခုလို အခြေအနေကောင်းတဲ့အခါလည်း အဆင်က မပြေတော့ပါဘူး
ကဒ်ကောင်းတွေ မွေးမထားနိုင်တော့ဘူးလေ ဒါနဲ့ ရောင်းလိုက်ရတာပေါ့  ခြောက်စတင်းလောက်တော့ ရပါတယ် 
စတင်းမွန်းစတားက အခုထိကို စတင်းထွက်နေတုန်းပါဘဲ ကံကောင်းရင် ကောင်းသလို ရတက်တုန်းပါဘဲ
စိတ်က သူ့ဆီမှာ မရှိနိုင်တော့ ကစားရတာ သိပ် တော့ အဆင်မပြေပါဘူး နောက်ထွက်တဲ့ ဂိမ်းတွေက ပိုပြီး စိတ်ဝင်စားစရာကောင်းနေသလို ခံစားမိလို့ သူ့ကိုတော့ အခုလိုဘဲ ကြုံတုန်းဘဲ ၀င်ကစားဖြစ်ပါတော့မယ်
သူပေးတဲ့ တိုကမ်တွေကလည်း ဟုတ်မလိုလိုနဲ့ တကယ်တော့ မလွယ်ပါဘူး ကဒ်ကောင်းလေးရရင် ရောင်းလိုက် အားရင် ၀င်ကစားလိုက် ဒီလိုဘဲ လုပ်ဖြစ်တော့မှာပါ အချိန်ပေးရတာချင်း အတူတူတော့ သေချာတဲ့ အရာတွေဘဲ လုပ်ဖြစ်တော့မှာပါ
တိုကမ်တွေ စုတယ်ဆိုတာတော့ ကောင်းပါတယ် ဒါပေမယ့် သေချာမှုမှ မရှိသေးရင်တော့ အချိန် မလောက်သူတွေအတွက် လက်ငင်း သေချာတာက ပိုပြီး အဆင်ပြေမယ်မဟုတ်လား
ဆေးဝါးဂိမ်းက လူတွေ အကြိုက်နည်းလာတယ် ကစားသူနည်းလာတယ် ပြစ်ထားသူတွေ နည်းလာတယ်
ဒါကိုဘဲ အခွင့်အ ရေး တစ်ခုလို အသုံးချနေသူတွေ ရှီပါတယ် နည်းတယ်ဆိုပေမယ့် သူက စတင်းချက်ချင် ထုတ်လို့ရတယ် အခုလို ကစားသူ နည်းချိန်မှာ တိုက်ရတာ သိပ်ကောင်းပါတယ်
ပြစ်ထားတဲ့သူတွေ များတော့ ခဏလေးနဲ့ သုံးလေး ငါး အမ်လောက် ရနေတော့ ကစားဖြစ်နေတယ်
စစ်အင်အား ဖြည့်တင်းတာတွေ တောင် လုပ်နေနိုင်ပါတယ် 
ပြီးတော့ အကောင့်ကြီးတွေကို အပြီအပြင်ဖြုတ်တာတွေ ဘာတွေလည်း လုပ်ဖြစ်နေတယ်
အရင်တုန်းကတော့ အကောင့်ကြီးတွေဆို ကိုယ်က ကြောက်နေရတယ် အခုတော့ အပြတ်လိုက်ဖြုတ်နေတယ်
ကိုယ်ကတော့ စပြီး မလုပ်ပါဘူး အကောင့်တစ်ခု မွေးရတာ အချိန်ကြာပါတယ် ကိုယ်ချင်းစာမိပါတယ်
ကိုယ့်ကလန်ထဲက အကောင့်လေးတွေကို လာဖြုတ်တဲ့ သူကတော့ နောက်ကနေ ချက်ချင်း လိုက်ဖြုတ်ပြစ်ပါတယ် 
အခုရက်ပိုင်းတင်ကို ကလန်ကြီးက ကောင်တွေ ခြောက်ယောက်လောက် ဖြုတ်ပြစ်လိုက်ပါပြီ ကိုယ့်စစ်သားလည်း တစ်ဝက်လောက် လျှော့သွားပါတယ် ဒါပေမယ့် တန်ပါတယ် ကစားရတဲ့ ဖီလင်ကတော့ အရမ်းကောင်းနေပါပြီ 
ဈေးမရလည်း ဆေးဝါးဂိမ်းကိုတော့ ဆက်ကစားဖြစ်နေတယ်လေ
အာကာသ စစ်ပွဲကြ၈ိုလ်ရှာမတွေ့သေးတော့ ဒီဘက်ကို အာရုံ စိုက်နေမိတာပါ ဟိုဘက်ကြ၈ိုလ်တွေ့ပြီဆိုရင်တော့ တိုက်ပွဲတွေလည်း လာတော့မှာမို့ ဟိုဘက်ကို နောက်ပိုင်း ပို အာ၇ုံစိုက်ဖြစ်မှာပါ
စတီးမစ်ပေါ်မှာတော့ အခုတလော ဂိမ်းတွေနဲ့ဘဲ နဘမ်းလုံးနေတယ်ဗျာ 
Author : @bobokyaw
![@bobokyaw.jpg](https://ipfs.busy.org/ipfs/QmT7imfM3HPgtB14th3XCKG4DSGiVSjQwkXCAKickDiY1p)
👍 , , , , , , , , , , , , , , , , , , ,