စတီးမစ်ထက် ပိုကောင်းနိုင်မလား

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@bobokyaw·
0.000 HBD
စတီးမစ်ထက် ပိုကောင်းနိုင်မလား
![fork-2115485_960_720.jpg](https://cdn.steemitimages.com/DQmVWkcH3JCFHjiQo5KGDmnQqzeCXECnDkamnYiV8mbSLwB/fork-2115485_960_720.jpg)
https://pixabay.com

ဟိုဘက်ရပ်ကွက် အခုတလော အသံတွေ ထွက်လာနေပါတယ် ဈေးကွက် ဖွင့်နိုငဖို့အတွက် စမ်းသပ်မှုတွေ စတင်လုပ်ဆောင်နေတာတွေ့ရတယ် တရားဝင်ဈေးတော့ ထွက်မလာသေးဘူး ဒါပေမယ့် အစမ်းသဘောနဲ့ ပေးလုပ်နေတာတော့ရှိတယ် မကြာခင်မှာ
လမ်းကြောင်းပေါ် တည့်တည့်မက်မက် ရောက်လာမယ်လို့ သိရတယ် စတီးမစ်နဲ့တော့ အတော်တူတယ်လို့ ဆိုနိုင်တယ် စတီးမစ်ကို ပုံတူ ကူးချထားလို့ မကြိုက်တဲ့သူတွေလည်း ရှိတယ် ဒီလို လုပ်ထားတာကို သဘောကျတဲ့သူလည်း ရှိတယ် ဈေးအခိုင်အမာ ထွက်လာရင်တော့ လုပ်ကိုင်ရတာ တော်တော်ကောင်းသွားမှာပါ အခုတော့ လူစိတ်ဝင်စားမှု နည်းသေးတယ်
စတီးမစ်ရဲ့ အားနည်းချက်တွေနဲ့ စတီးမစ်မှာ အနိုင်ကျင့်ခံခဲ့ရတဲ့ ခံစားချက် ရှိတဲ့သူတွေက အဲ့ဒီဘက်မှာ ပိုပြီး အားသန်ကြတာတွေ့ရတယ် တစ်ချို့ဆို စတီးမစ်ထက် ကောင်းတဲ့ ပလက်ဖေါင်းတစ်ခု ဖြစ်တယ်လို့တောင် အခို်င်အမာ ဆိုကြတာတွေ့ရတယ် သူတို့လည်း သူတို့ အမြင်နဲ့ သူတို့ လမ်းကြောင်း ရှိလို့ ဖြစ်မှာပါ 
အခုချိန်တော့ စတီးမစ်ထက် ကောင်းတယ် စတီးမစ်ကိုတောင် ကျော်ဖြတ်မယ်လို့ ပြောရင် လက်ခံဖို့ တော်တော် ခက်နေပါသေးတယ် 
တိတ်တဆိတ် လုပ်ဆောင် နေတာတွေ ရှိနေနိုင်တာလည်း ထည့်စဉ်းစားရမှာပေါ့ ဖြစ်တော့ဖြစ်နိုင်ပါတယ်
စတီးမစ်ပေါ်မှာက နည်းနည်း ဂွကျတာတွေ ရှိတယ်မဟုတ်လား အဲ့ဒီလို ခံစားချက်တွေက နေရာအနှံ့မှာ ဖြစ်ပျက်နေတာတွေပါ  ပြောပြရတာတော့ နည်းနည်း ကသီပါတယ် ကိုယ်တိုင် ခံစားဖူးရင် သိပါတယ် အရိုးရင့်သူတွေ ပိုသိတယ်
အခုလက်ရှိ စတီးမစ်မှာ နေရာတစ်ခုရဖို့ ရုန်းကန်နေသူတွေ မျှော်လင့်ချက် တွေနဲ့ ကြိုးစားနေသူ တစ်ချို့  အခက်အခဲ တွေကြုံနေတာဟာ ဘာကြောင့်လဲ ဆိုတာကို အဖြေတော့ သိကြမှာပါ ဒါပေမယ့် ဇွတ်မှိတ်ပြီး ရုန်းကန် အဖြေရှာနေကြဆဲပါ ကိုယ်တိုင်အပါအ၀င်ပေါ့ 
အဲ့ဒီလို ကြိုးစားမှုမျိုး ဟိုဘက်ရပ်ကွက်မှာ အားထည့်နိုင်ရင်တော့ နောင် တစ်ချိန် လှပတဲ့ အနာဂါတ်တွေ ဖန်တီးနိုင်တဲ့ အိပ်မက်တွေ ရှိနေပါတယ် 
အခုချိန်က ရုန်းကန်နေဆဲ ကာလဆိုတော့ အခွင့်အရေး ပေးနေပါတယ် နားလည်တက်ကျွမ်းသူတွေဆို ပိုကောင်းပါတယ်
တကယ် လုပ်နိုင်တဲ့သူ ကွန်မြူနတီ တိုးတက်အောင် လုပ်နိုင်သူတွေကို ပါဝါတွေ များစွာ ဒလိဂျင်း ပေးနေပါတယ် 
ဈေးကတော့ အလွန်နည်းပါသေးတယ် နောက်နှစ်လောက်ဆိုရင်တော့ တစ်မျိုးဖြစ်သွားနိုင်ပါတယ် 
စတီးမစ်က ဂုရုကြီး တစ်ချို့က အဲ့ဒီဘက်မှာ အင်နဲ့အားနဲ့ လုပ်နေတာ ရှိတယ် 
သူတို့ အာဘော်ကိုတော့ သဘောကျတယ် သူတို့ပြောတာက စတီးမစ်ထက် ပိုကောင်းလာမယ် ဆိုဘဲ
အခုလက်ရှီ ဈေးကွက်ထဲ ချရောင်းလို့တော့ ရနေပြီ ရောင်းသူတွေက များတယ် ဂုရုကြီးတွေကတော့ အခုရောင်းတဲ့သူတွေ
နောက်နှစ်မှာ နောင်တရလိမ့်မယ်လို့ ဟောကိန်းထုတ်နေတာတွေ့တယ် ကိုယ်ကတော့ ထုံးစံအတိုင်းပါဘဲ ရသမျှ အကုန် ပါဝါအပ်ပြစ်လိုက်တယ် ရရင်လဲ အပြည့်အ၀ယူလိုက်မယ် မရရင်လဲ တစ်ပြားမှမကျန်ချင်နေ အဲ့သလိုဆိုတော့ လုပ်ရတာ စိတ်ပေါ့ပါးတယ် အခုတော့ ဈေးနည်းလည်း ထုတ်မရောင်းဘူး စုထားတယ်
စိတ်ဝင်စားရင် ၀င်လာလိုက်ပါ တက်နိုင်သမျှ ဖေးကူပါမယ် နာမည်ကတော့ စတီးမစ်နဲ့အတူတူဘဲ
နောင်တစ်ချိန် စတီးမစ်ထက် ပိုကောင်းလာနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာပါ 
စတီးမစ်ရဲ့ အတွင်းလူတွေ လူဟောင်းတွေ အဲ့ဒီဘက် ရှိနေမလား ထပ်တွေးရင်တော့ တစ်ထောင့်တစ်ည ဖြစ်တော့မယ်
မထင်တဲ့ချုံကယုန်ထွက်ရင်လည်း ထွက်လာမယ်မဟုတ်လား 
အခုတော့ ဈေးအရနည်းတယ် စတီးမစ်စတင်တုန်းက ဈေးဘယ်လောက်ပေါက်လဲ အလွန်နည်းပါတယ် အဲ့သလိုပါဘဲ အစပိုင်းနည်းတုန်းမှာ လုပ်ထားတာမမှားပါဘူး နောင်တစ်ချိန် ဈေးကောင်းရင်တော့ စတီးမစ်မှာလိုဘဲ ဟိုလူ့မျှော်ရ ဒီလူ့မျှော်ရ တမော့မော့ လုပ်ပြီး ယက်ကန်ယက်ကန် ဖြစ်နေနိုင်တယ် စောစောလုပ်ပြီးပါဝါစုပေါ့ 
ကျွန်တော်ကတော့ စတီးမစ်ပေါ်မှာ ပျင်းတဲ့အခါ စိတ်ညစ်တဲ့အခါ ဟိုဘက် ထဲ သွားလိုက်တာဘဲ အပြောင်းအလဲလေးလဲဖြစ်တာပေါ့ ပါတ်ဝန်းကျင်အသစ် မျှော်လင့်ခြင်းအသစ် အိပ်မက်အသစ် အဲ့သလိုလေးတွေပေါ့ဗျာ
👍 , , , , , , , , , , , , , , , , , , , , , , , , , ,