ခြံထောင့်ကနက်သမီးများ
photography·@bobokyaw·
0.000 HBDခြံထောင့်ကနက်သမီးများ
ဒီပန်းပင်လေးတွေကတော့ ခုလိုမိုးကြိုကာလမှာ ပွင်ကြပါတယ် အလေ့ကျပေါက်တဲ့အပင်လေးတွေပါ ဂမုန်းမျိုးနွယ်ဝင်သော အပင်ဖြစ်ပါတယ် တစ်နှစ်မှာတစ်ကြိမ်သာပွင့်လေ့ရှိပါတယ် မျိုးပွားမှုအနေနဲ့ကတော့ ပန်းဥဥပါတယ် ဒီမှာတာ့ တစ်ယုယနဲ့စိုက်ထားတာကိုတွေ့ရပါတယ် အရောင်အသွေးကတော့ အတော်ကိုတောက်ပပါတယ် အခုဒီပုံကိုရိုက်တဲ့အချိန်မှာတော့ တစ်ပါတ်လောက်နောက်ကျနေပါပြီ အရောင်လည်းလွင့်နေပါပြီ အချို့အပွင့်တွေတောင်ညှိုး နေတာတွေ့ရပါတယ် တကယ်လို့သာ လွန်ခဲ့သောတစ်ပါတ်က ရိုက်ဖြစ်ခဲ့ရင် ဒီထက်ပိုမိုလှပသော ပုံတွေရရှိမှာဖြစ်ပါတယ် ညပိုင်းတစ်ချိန်သာစာရေးချိန်ရှိလေတော့ အခုလိုနေ့ ခင်းဘက်မှာ ကောင်းနိုးရာရာပုံလေးတွေရိုက်ပြီးပိုစ့်တင်ရပါတယ်         @bobokyaw