မြန်မာနှစ်ကူးမှာမြူးကြွစွာနဲ့ကခုန်မည့် စတင်းဈေး
myanmar·@bobokyaw·
0.000 HBDမြန်မာနှစ်ကူးမှာမြူးကြွစွာနဲ့ကခုန်မည့် စတင်းဈေး
မြန်မာနှစ်ကူးမှာမြူးကြွစွာနဲ့ကခုန်မည့် စတင်းဈေး  သင်္ကြန်အချိန်အခါသို့ပင် ရောက်လုပြီလေ။ နေရောင်ခြည်ရဲ့ အစွမ်းကလည်း အံ့မခန်းပင် စတင်နေလေပြီ။ အဲ့ဒီပူတာလေး ကို ကြိုက်နှစ်သက်မိသည်။ အေးတာကိုကျော်လာလို့ ၀မ်းသာနေမိသည်။ အခြားနေရာများ အလွန်ပူနေမလားတော့မသိပါ တောင်ပေါ်မြို့လေးက အပူကတော့ နေသာထိုင်သာရှိပါသည်။ လေရူးတွေလဲ တိုက်နေပြီ။ ရွက်ခြောက်တို့လဲကြွေနေပြီ။ ဟိုနားတစ ဒီနားတစနှင့် သင်္ကြန်အကြိုသီချင်းများလည်း ပျံ့လွင့်နေကြပြီ။အားလုံးရဲ့ ရင်ခုန်သံက စည်းချက်ညီအောင်ညှီ စရာမလိုဘဲ အလိုလို တူညီကြတော့မည်။ ဒီအချိန်ဒီရာသီက စိတ်ပျံ့လွင့်လွယ်သော အချိန်အခါလို့ဆိုသည်။ ဟုတ်လဲ ဟုတ်ပေသည်။ ဒီအချိန်က ညာညှိလိုအကောင်းဆုံးရာသီကာလဖြစ်လေသည်။ ငယ်တုန်းကပြောပါတယ် ။ အခုတော့ ငယ်အကြောင်းလေး ပြန်တွေးပြီး စိတ်ကူးအလည်လွန်ခြင်းသက်သက်မျှသာလေ။  အပူရှောင်သူ အပူကြောက်သူများလဲ ရှိကြပါဦးမည်။ ဒီအပူလှိုင်းကြောင့် ဘေးတွေ့နိုင်သူများလည်းရှိမည်။ အသက်ကြီး သူများ ငယ်ရွယ်သော ခလေးငယ်များကိုတော့ အထူးဂရုစိုက်သင့်သည်၇ာသီကာလဖြစ်ချေသည်။ မညီမျှမှုကံတရားသည် ခုလိုနွေကာလတွင်လည်း တဖက်စောင်းနင်းပြုမူပါဦးမည်။အဆင်ပြေသူများအတွက် မသိသာသော်လည်း နေပူစပ်ခါး မှာ ၀မ်းတထွာအတွက် အလုပ်လုပ်ကိုင်ကြရမည့် လက်လုပ်လက်စားတွေ ဘယ်လိုများအံတုဖြတ်ကျော်ကြမည်လဲ သူတို့အတွက်တော့ နွေရာသီအပူက ထူးမခြားနားရာသီ တစ်ခုလိုသာဖြစ်နေမည်လား။ခေါင်းပေါ်ကျလာတဲ့ နေမင်းအပူ ထက် ရင်တွင်းက ဘ၀အပူကဘဲ ပိုလို့ပူလောင်နေခဲ့မည်လား။ ဘယ်လိုပြောပြော ပူစပ်ပူလောင် ဒီရာသီမှာ နေရောင် အောက် အလုပ်လုပ်ကိုင်ကြရမည့်သူများအတွက်တော့ အတော်ကို ဆင်းရဲပင်ပန်းစေမည်အမှန်ဖြစ်ပေသည်။  ဒီအချိန်ကာလသည် ခရီးသွားရာသီလည်းဖြစ်လေသည်။ ကျောင်းအားရက် အလုပ်အားရက်များ ဖြစ်သည့်အလျှောက် မိုးလေကင်းလွတ်ကာ ပွင့်လင်းရာသီဖြစ်သည့်အတွက် ဘုရားဖူးခရီးသွားသူတွေ ဆွေမျိုးညာတိတွေထံ အလည်ပြန်သူ တွေနဲ့ နေရာဒေသသစ်သို့ ခရီးဆန့်သူတွေ လေ့လာရေးလည်ပတ်သူတွေနဲ့ သွားကြလာကြပျော်ကြသည့်အချိန်လည်း ဖြစ်နေပြန်သည်။အားသူ နားသူ အဆင်သင့်သူတွေတော့ သွားကြလာကြ ပျော်ကြပေလိမ့်မည်။ ကောင်းပါသည်။ပျော်ရွှင် သူတွေကိုကြည့်ပြီး ကိုယ်လဲ အပျော်တွေကူးစက်ကာ ပျော်ရပါလေသည်။ ကိုယ်တိုင်တော့ ဘယ်မှသွားရန်မရှိပါလေ။ ဒီတစ်နွေကို စတီးမစ်ကြီးနဲ့ ပျော်ရွှင်စွာကျော်ဖြတ်လိုက်မည်လို့တော့ အားခဲထားလေသည်။  ဘ၀ဆိုတာ လုပ်ချင်တာမလုပ်ရ ဖြစ်ချင်တာမဖြစ်ရ ပျော်ရာမှာမနေရ တော်ရာမှာနေရ ဒီလိုတွေလဲ ရှိလေသည်။ ဟုတ်သည်။ လုပ်ချင်တာလုပ်နေရချိန်သည် ပျော်စရာအကောင်းဆုံးအချိန် ကျေနပ်စရာအကောင်းဆုံးအချိန်ဖြစ်သည်။ စတီးမစ်ပန်းလေးလန်းလာစေရန်အတွက်တော့ ရေလောင်းပေါင်းသင် လုပ်ရပေဦးမည်။စောင့်မျှော်နေသော နွေရာသီ လည်းရောက်လို့လာပြီ။စတီးမစ်ပန်းကလေးသည်လဲ ဒီနွေရာသီနှင့်အတူ မြန်မာ့မြေတွင် လန်းဆန်းစွာပွင့်လန်းလို့လာ လိမ့်မည်ဟု ထင်မြင်မိနေပါလေသည်။သင်္ကြန်ရေဖျန်းလို့လန်းမည့် မြန်မာစတီးမစ်ပန်းလေးအား စောင့်မျှော်လို့ကြည့် ရှုကြပါဦးစို့လား.............. ရောက်တက်ရာရာခေါင်းစဉ်အောက် လွတ်လပ်စွာရေးဖွဲ့ပါလေသည်။  Author : @bobokyaw Photos credit; Google Image
👍 bobokyaw, pannthiri, aungsanlwin, aggamun, linthitsar, helex, myanmarpyithar, good-karma, demo, feruz, esteemapp, bitcoiner, blockops, monajam, kamikaze, cryptomancer, myanmarrose, eieikhing, htwegyi, reggaemuffin, suhtetaung, zarzar1989, urmeebd666, cdbaker1998, jhonnight, kokyawmyanmar, zuzumart,