အချစ်​စစ်

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@caesarsupaimin·
0.000 HBD
အချစ်​စစ်
![20-23-04-LOVE.jpg](https://steemitimages.com/DQmUit1qA2TvMyoP2i6vmok8y7vUUhn66LgmKbsgdzs2jL8/20-23-04-LOVE.jpg)
သူငယ်​ချင်းနှစ်​​ယောက်​ရှိကြတယ်​ ​ယောက်ျား​လေးနဲ့ မိန်းက​လေး ​ပေါ့။ သူတို့နှစ်​​ယောက်​က ​ကော်​ဖီဆိုင်​​လေးဖွင့်​ဖို့ စိတ်​ဝင်​စားကြတယ်​။ အဲ့ဒါနဲ့ သူတို့​တွေရတဲ့ ​ကျောင်းတက်​စဉ်​မုန့်​ဖိုး​တွေကို နည်းနည်းစီစုပီး​တော့ သူတို့​တွေ​ကော်​ဖီဆိုင်​​သေး​သေး​လေး စပီးဖွင့်​လိုက်​ကြတယ်​။ အစပိုင်းမှာ​တော့ ဆိုင်​အသစ်​ဆို​ပေမဲ့ ပုံမှန်​​လေး​ရောင်း​နေရပီး ပုံမှန်​လည်​ပတ်​​နေတာ​ပေါ့။ ​နောက်​ပိုင်းကျ​တော့ အရမ်း​ရောင်း​ကောင်းလာပီး စီးပွား​ရေး​တွေအရမ်းတိုးတက်​လာကြတယ်​။ 

သူတို့​ရောင်းတဲ့​ကော်​ဖီက ဘယ်​​လောက်​ထိနာမည်​ကြီးလည်းဆိုရင်​ ဆိုင်​ဖွင့်​တာနဲ့ကို ဝယ်​ဖို့တန်းစီ​နေတဲ့လူ​တွေအများကြီးဆိုင်​​ရှေ့မှာ​စောင့်​ပီး ​ကော်​ဖီဝယ်​ကြတဲ့အထိကို နာမည်​ကြီးလာခဲ့ပါတယ်​။ ဘယ်​​နေရာ​ရောက်​​ရောက်​သူတို့​ကော်​ဖီဆိုင်​ရဲ့နာမည်​ကိုမသိသူမရှိပါဘူး။ ဒီလိုနဲ့ သူတို့​တွေ​အောင်​မြင်​လာ​နေရင်းနဲ့ အသက်​​တွေကြီးလာကြပါတယ်​။ ​နောက်​ပီးမိသားစုကိုယ်​စီဖြစ်​လာခဲ့ကြပါတယ်​။ အဲ့ဒီအခါမှာ ဘယ်​လိုဖြစ်​လည်းဆို​တော့ ကိုယ့်​မိသားစုအတွက်​ပဲကိုယ်​​လောဘကြီးလာခဲ့ပါတယ်​။ အဲ့လို​လောဘဖြစ်​တာက​တော့ ​ကောင်​​လေးဘက်​ကဖြစ်​ပါတယ်​။ အဲ့ဒီအခါ ​ကော်​ဖီဆိုင်​ကို သူတစ်​​ယောက်​တည်းပိုင်​ဆိုင်​ရ​အောင်​ စာရွက်​စာတမ်း​တွေကိုပြုပြင်​ပီး ​ရှေ့​နေနဲ့အတူ ​ကော်​ဖီဆိုင်​ကို သူ့ရဲ့အပိုင်​ဖြစ်​​အောင်​လုပ်​လိုက်​ပါတယ်​။

အဲ့ဒီအချိန်​မှာပိုင်​ဆိုင်​မှု​တွေအားလုံးကသူ့ရဲ့အပိုင်​ဖြစ်​သွားပါတယ်​။ကျန်​တဲ့ သူ့ရဲ့သူငယ်​ချင်းမိန်းက​လေးဘက်​က​တော့ ပိုင်​ဆိုင်​မှု​တွေမရှိ​တော့တဲ့အခါမှာဆင်းရဲသွားခဲ့ပါတယ်​။ပင်​ပန်းဆင်းရဲ့စွာနဲ့ကြိုးစားရုန်းကန်​ရင်း ကွယ်​လွန်​သွားခဲ့ပါတယ်​။ သူ့မှာ သမီး​လေးတစ်​​ယောက်​ကျန်​ခဲ့ပါတယ်​။ အဲ့ဒီမိန်းက​လေးက​တော့ သာမာန်​​ကျောင်းသူ​လေးဖြစ်​​ပေမဲ့ စာ​တော်​ပါတယ်​။ စာထူးချွန်​တဲ့အတွက်​ ​ဆောက်​လုပ်​​ရေး company မှာ အင်​ဂျင်​နီယာတစ်​​ယောက်​ဖြစ်​လာခဲ့ပါတယ်​။

လောဘတက်​တဲ့ လူကြီးမှာလည်း သားတစ်​​ယောက်​ရှိပါတယ်​။ အဖိုးကြီးလည်း အသက်​ကြီးလာပီး ​သေခါနီးအချိ​န်​မှာ သူ့ရဲ့ သူငယ်​ချင်းရဲ့သမီးကို လိုက်​ရှာခဲ့ပါတယ်​။ ရှာလို့​တွေ့တဲ့အခါမှာ သူပိုင်​ဆိုင်​တဲ့ ​ကော်​ဖီဆိုင်​ရဲ့ ရှယ်​ယာတစ်​ဝက်​ကို အဲ့ဒီမိန်းက​လေးကို​ပေးလိုက်​ပါတယ်​။ ကျန်​တဲ့တစ်​ဝက်​ကို​တော့ သူ့ရဲ့သားကို​ပေးလိုက်​ပါတယ်​။အဲ့ဒီအခါမှာသူ့ရဲ့သားက ​တွေးလိုက်​တယ်​၊ဘာလို့​သွေးမ​တော်​သားမစပ်​တဲ့လူကို ရှယ်​ယာတစ်​ဝက်​ကြီး​တောင်​​ပေးလိုက်​တာလည်းဆိုပီး​တော့​ပေါ့။ အဲ့ဒါနဲ့ သူပဲ့ အဲ့ဒီရှယ်​ယာ​တွေအကုန်​ရရမယ်​ဆိုပီး အကြံ​တွေထုတ်​ပါ​တော့တယ်​။ သူ့သူငယ်​ချင်း​တွေကို​မေးတယ်​။သူနဲ့သိတဲ့သူ​တွေအကုန်​လိုက်​​မေးပါတယ်​။ 

နောက်​ဆုံးသူသိလိုက်​ရတာက အဲ့ဒီမိန်းက​လေးကလိုလိုလားလားနဲ့လွှဲ​ပေးရင်​ ရမယ်​ဆိုတာကိုသိလိုက်​ပါတယ်​။ အဲ့ဒီလိုဖြစ်​ဖို့ဘယ်​လိုနည်းလမ်းသုံးရမလည်းသူစဉ်းစားပါ​တော့တယ်​။ ​နောက်​ဆုံး​တော့သူနဲ့လက်​ထပ်​ပီး သူ့ကို ရှယ်​ယာ​တွေလွှဲ​ပေး​အောင်​​ပြောရမယ်​ဆိုပီး​တော့ လက်​ထပ်​ခွင့်​ရ​အောင်းစတင်​ချဉ်းကပ်​ပါ​တော့တယ်​။ အဲ့ဒီမိန်းက​လေး သွားတတ်​တဲ့စား​သောက်​ဆိုင်​​တွေ လုပ်​တဲ့အလုပ်​​တွေ၊ကြိုက်​တတ်​တဲ့ ပစ္စည်း​တွေ၊ ကြိုက်​တတ်​တဲ့ပန်း​လေး​တွေ၊စတဲ့ အဲ့ဒီမိန်းက​လေးအကြိုက်​​တွေကို စတင်​​လေ့လာပါ​တော့တယ်​။ ပီး​တော့ မနက်​တိုင်းမနက်​တိုင်း နိုးပီလား goodmorning ပါဆိုတဲ့ မက်​​စေ့ကို​နေ့တိုင်းပို့တယ်​။ညဆိုရင်​လည်း အိပ်​ပီလား goodnight ပါဆိုတဲ့ မက်​​စေ့ကိုညတိုင်းပို့တယ်​။ အဲ့ဒီအခါမှာ မိန်းက​လေးက မက်​​စေ့ပို့တဲ့နံပါတ်​ကို အရမ်းစိတ်​ဝင်​စား​နေတာ​ပေါ့။

နောက်​​နေ့ရုံးပိတ်​ရက်​​တွေကျ​တော့ မိန်းက​လေးကြိုက်​တတ်​တဲ့ အစားအစာ​တွေ ပန်း​တွေကို အိမ်​​ရှေံတံခါးဝကိုပို့​ပေးတယ်​။တစ်​ပတ်​ကို ၁ ကြိမ်​နှုန်းနဲ့ အမြဲပို့​ပေး​နေတာ​ပေါ့။ ​နောက်​​တော့ မိန်းက​လေးအတွက်​အကျင့်​​တွေဖြစ်​ပီး ​ကောင်​​လေးစီက​နေ တစ်​ခုခုပို့လာမှာကို အမြဲ​စောင့်​​နေတတ်​ခဲ့တာ​ပေါ့။နောက်​​တော့ ​ကောင်​​လေးက သူဘယ်​သူဆိုတာကို​ကောင်​မ​လေးကိုသိ​စေပီးချစ်​သူ​တွေဖြစ်​သွားကြတယ်​။နောက်​ပိုင်း လက်​ထပ်​လိုက်​ကြတယ်​။ လက်​ထပ်​ပီး​တော့မှ ​ကောင်​​လေးက ရှယ်​ယညကိစ္စကို ခဏခဏ​ပြောလာတဲ့အခါမှာ ​ကောင်​မ​လေးကသိလိုက်​တယ်​။

 လက်​ထပ်​ပီးတဲ့အခါမှာ​ကောင်​​လေးရဲ့အပြုအမူ​တွေ​ပြောင်းလဲသွားတယ်​။ ရှယ်​ယာကိစ္စကိုပဲထပ်​ခါထပ်​ခါ​ပြောတယ်​။ သူတကယ်​ချစ်​တာမဟုတ်​ဘူးပဲဆိုပီး ​ကောင်​​လေးကိုကွာရှင်းဖို့​ပြောပါတယ်​။ အဲ့ဒီအချိန်​မှာ​ကောင်​​လေးအ​နေနဲ့လည်း ရှယ်​ယာ​တွေလည်းရ​တော့မှာမဟုတ်​ပါဘူး​လေဆိုပီး ကွာရှင်းဖို့ဆုံးဖြတ်​လိုက်​တယ်​။ အဲ့လိုဆုံးဖြတ်​ပီးတဲ့ညမှာပဲ အိပ်​​နေရင်းနဲ့ အရင်​တုန်းကသူကြိုးစားပီးသူ့မိန်းမအကြိုက်​​တွေကိုပြင်​ဆင်​တာ​တွေကို သတိရပီး ရင်​ထဲက​နေမှာအမှန်​တကယ်​ချစ်​သွားတာကိုခံစားမိလာခဲ့တယ်​။အဲ့ဒါနဲ့ပဲ သူဘာရှယ်​ယာ​တွေမှစိတ်​ထဲမရှိ​တော့ပဲ ​ကောင်​မ​လေးကိုကွာရှင်းမ​ပေးနိုင်​ဘူးလို့​ပြောတယ်​။

ဒါ​ပေမဲ့ ​ကောင်​မ​လေးက​တော့ သူ့ကိုမုန်းတီး​နေတာ​ပေါ့။ဒါ​ပေမဲ့လည်း​ကောင်​​လေးက​တော့ လုံးဝမကွာရှင်း​ပေးဘူး​ပေါ့။ကောင်​မ​လေးရုံးသွားရင်​လည်း​ကောင်​​လေးကတစ်​​ကောက်​​ကောက်​လိုက်​လာတာ​ပေါ့။ ဧည့်​သည်​​စောင့်​ဖို့​ပေးထားတဲ့​နေရာမှာ သူ့မိန်းမဘာလုပ်​​နေလည်း ဆိုတာတစ်​​နေကုန်​ထိုင်​ကြည့်​​နေတာ​ပေါ့။ အဲ့​လောက်​​တောင်​ချစ်​ပြ​နေလို့ ရုံးကလူ​တွေ​တောင်​မျက်​စိ​နောက်​တဲ့အထိဖြစ်​ကုန်​ပါတယ်​။ ​နောက်​ဆုံးကျ​တော့ ​ကောင်​မ​လေးလည်းသူ့ရဲ့အချစ်​ကိုလက်​ခံလိုက်​ပါတယ်​။
![20-22-37-57.jpg](https://steemitimages.com/DQmc242QQ1dsLKG1xLhBM5NutScZVUR5aTddJkaKYXmF5D6/20-22-37-57.jpg)
ဘယ်​လိုပဲ​လောဘ​တွေရှိ​နေပါ​စေ အချစ်​စစ်​တစ်​ခုဖြစ်​​ပေါ်လာမယ်​ဆိုရင်​ ဘယ်​အရာမှတားဆီးလို့မရ​တော့ပါဘူး

Writer caesarsupaimin
MSC-025
Photo from google search
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,