Why not!? Team Words!?
myanmar·@caesarsupaimin·
0.000 HBDWhy not!? Team Words!?
 မင်္ဂလာပါ ဒီနေ့ကတော့ ပူပူအိုက်အိုက်နဲ့ အိပ်ယာထရတဲ့နေ့ပါပဲ။ မိုးအုံ့အုံ့ရှိလှပေမဲ့ ပူပူအိုက်အိုက်ဖြစ်နေပါတယ်။ နေရောင်သိပ်မထွက်ပေမဲ့လည်း လူတွေကောင်းကောင်းမွန်မွန်သွားလာ လုပ်ကိုင်နိုင်တဲ့အလင်းရောင်ရှိပါတယ်။ ခါတိုင်းလိုပဲ အိပ်ယာထပီးပီးချင်း ရေတစ်ခွက်ကို အပြည့်ထည့်သောက်လိုက်ပါတယ်။ မနက်ပိုင်း ရေတစ်ခွက် သောက်ခြင်းက အပူငြိမ်းစေပီး ရောဂါဘယတွေကို သက်သာပျောက်ကင်းလျော့ကျစေပါတယ်တဲ့။ အဲ့ဒီနောက်မှာတော့ အပေါ့အပါးသွားပီး ရေမိုးချိုးဖို့အတွက် ဆပ်ပြာတို့ သွားတိုက်တံသွားတိုက်ဆေးတို့ထည့်ထားတဲ့ ခြင်းတောင်းလေးကို မယူလိုက်ပါတယ်။ ပီးတော့မှ ရေဝတ်လဲဖို့ ပုဆိုးတစ်ထည်ယူပီးတော့ အခန်းတံခါးကိုဖွင့်ပီး ပြန်ပိတ်လို့အပီးမှာတော့ ကျွန်တော့ အခန်းရှေ့မှာ ငုတ်တုပ်လေးထိုင်နေတဲ့ ကြောင်ကလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ သူကလည်း ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို ထိုင်ကြည့်နေတယ်ဗျ။ ကျွန်တော်လည်း သူ့ကိုကြည့်ပီး ပြုံးပြလိုက်တဲ့အခါမှာတော့ ကျွန်တော့ဆီကို လမ်းလျှောက်လာပီး ဟိုပွတ်ဒီပွတ်နဲ့ တစ်ညောင်ညောင်အော်ရင်း အစာတောင်းနေပါတော့တယ်။ ထင်ရတာပေါ့နော်အစာတောင်းတယ်လို့။ ကျွန်တော်လည်း မျက်နှာသစ်ရေချိုးရအုံးမှာမို့ သူ့ကို ကျေနပ်အောင်သာ ပွတ်သပ်ပေးမိပါတယ်။ ပီးတော့ ရေချိုးဖို့ ထွက်လာခဲ့လိုက်ပါတယ်။ အဆောင်ရေချိုးခန်းဆိုတော့ တစ်ယောက်ရေချိုးပီးတာကို တစ်ယောက်စောင့်ရတာပေါ့ဗျာ။ စောင့်နေသူကတော့ ကျွန်တော်ရယ်နောက်တစ်ယောက်ရယ်ပဲရှိပါတယ်။ ရေချိုးခန်းကတော့၂ခန်းရှိပါတယ်။ စောင့်တာ၅မိနစ်လောက်လည်းကြာတော့ ရေချိုးခန်းတစ်ခန်းထဲက အကိုတစ်ယောက် ရေချိုးပီးထွက်လာခဲ့ပါတယ်။ ကျွန်တော်လည်း အရင်ရောက်နှင့်နေတဲ့အကို ကို အရင်ဝင်ဖို့ပြောလိုက်တယ်။ ဒါပေမဲ့ သူက ကျွန်တော့ကို အရင်ပေးဝင်တယ်။ သူပြောတာက ''အရင်လုပ်ပါညီလေး .....မင်းက ရုံးသွားဖို့ပြင်ရမှာ နောက်ကျနေမယ်၊ ငါကရတယ် ကိစ္စမရှိဘူး.....ဘယ်မှသွားစရာမရှိဘူး" ဆိုပီးပြောရင်း ကျွန်တော့ကိုအရင်ဝင်ခိုင်းလို့ " ဟုတ်ကဲ့ ဟုတ်ကဲ့ " လို့ပြောပီး ကျွန်တော်လည်း ရေချိုးခန်းကို ဝင်လိုက်ပါတယ်။ ရေချိုးနေရင်းစဉ်းစားမိတာကတော့ သြော် တစ်ခြားသူတစ်ယောက်ရဲ့ လုပ်ငန်းကိုလေ့လာပီး သူ့ကို နားလည်ပေးတဲ့လူရှိပညသေးလားဆိုပီး တွေးနေမိပါတယ်။ ကျွန်တော့်ရဲ့ နေ့စဉ် လုပ်ငန်းတွေကို ကြည့်ပီး ကျွန်တော့်အကြောင်းကို လေ့လာသိရှိသွားသူက ကျွန်တော့ရဲ့အခြေအနေကိုနားလည်ပီး အခွင့်အရေးပေးခဲ့ပါတယ်။ ကျွန်တော်တို့တွေက မိမိအတွက်ဆိုတာကြီးပဲ ကြည့်ကြပါတယ်။ တစ်ပါးသာအတွက်ကို ထည့်မစဉ်းစားကြပါဘူး။ ကိုယ်ကောင်းဖို့အတွက်ပဲကိုယ်လုပ်ကြပါတယ်။ ဒါကလည်း လူ့သဘာဝတစ်ခုပါပဲ။ ရှင်းသန်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့အချိန်တွေမှာဆိုရင် မိမိတစ်ဦးတည်းရဲ့ ကောင်းကျိုးကိုပဲ စဉ်းစားမိပါတော့တယ်။ ယခုလို အင်တာနက်ကနေ ငွေရှာတဲ့ အဖွဲ့အစည်းတွေ အမျိုးမျိုး ဖြစ်တည်နေတာကလည်း တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်ကိုင်နေတာမဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေနဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ပီး အောင်မြင်အောင် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အဲ့လိုလုပ်ကိုင်ကြရင်း လုပ်ငန်းအတွက်လိုအပ်တဲ့ပညာရပ်တွေကိုလည်း လေ့လာသင်ယူကြပါတယ်။ လုပ်ငန်းလုပ်ကိုင်ရင်း ပညာတွေလည်းတိုးတက်လာအောင်လုပ်ကြပါတယ်။ အဲ့လိုနဲ့ လုပ်ငန်းအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပီး အဖို့ကြီးကိုတိုးတက်အောင်လုပ်ကြပါတယ်။ တစ်ယောက်အားနည်းချက်၊ တစ်ယောက်အကြောင်းကို တစ်ယောက် နားလည်အောက်လုပ်ကြပီး တိုးတက်အောင် စုပေါင်းလုပ်ဆောင်ကြပါတယ်။ အဲ့ဒါကြောင့်လည်း အဖွဲ့အစည်း တွေ အများကြီး ဖြစ်ပေါ်တည်ရှိလာတာဖြစ်ပါတယ်။ အဲ့လိုအဖွဲ့အစည်းတွေမှာလည်း စုံလင်တဲ့ လူနေမှုဖွဲ့စည်းမှုတွေ အတွေအကြုံတွေ နည်းပညာတွေ အများကြီး ပေါင်းစပ်ပါဝင်ကြပါတယ်။ အောင်မြင်ကြတဲ့ အဖွဲ့အစည်းတွေဆိုတာ အဖွဲ့အစည်းထဲက တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း တစ်ယောက်မကြိုက်တာကို တစ်ယောက်ရှောင်ကြတယ်၊ အဖွဲ့အစည်းနဲ့သက်ဆိုင်တာကို အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ပြောဆိုဆက်ဆံပုံတွေပဲ အသုံးပြုကြတယ်၊ ကိုယ့်ရဲ့ ရပ်ကွက်ထဲကလို ကိုယ့်စိတ်ကြိုက်ပုံစံလို မပြောဆိုမဆက်ဆံပဲနဲ့ အဖွဲ့အစည်း နဲ့ ကိုက်ညီတဲ့ ပြောဆိုဆက်ဆံပုံနဲ့ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးမှုတွေတည်ဆောက်ကြပါတယ်။ ကျွန်တော်တို့တွေလည်းဘာလို့မဖြစ်နိုင်ရမှာပါလည်းဗျ။ team က ပြောဆိုပုံက team ပုံစံပဲဖြစ်သင့်ပါတယ်။ ကိုယ့်စိတ်နဲ့နှိုင်းပီး ခနဲ့ပြောဆိုတာတွေကိုမလုပ်သင့်ပါဘူးတစ်ယောက်နဲ့တစ်ယောက်။ အားလုံးကလည်း အတွေ့အကြုံနည်းသူတွေမဟုတ်သလို ဗဟုသုတလည်း မညံ့ကြပါဘူး။ မားလုံးက သူ့နေရာနနဲ့သူတော်ကြပါတယ်။  Writer caesarsupaimin MSC-025
👍 jamunawng, smiing11, michaelabbas, caesarsupaimin, zinminhtet, poemlover, thwinhtataung, copyseeker, richardsowen, jordanrogers, lucafernandez, enricobarbieri, barbiericamilla, gutierresraul, htataung, zhtat, hthin, phoh, georgepalmer, mg1686073, ka6695674, aungzawhtwe, sbi8, myintlwinsoe, zawmyintkhaing, komoezaw, tinhlaingoo, koayezaw, tharpauk, sawlwin, billionairehein, honeysara, zayam, feedyourminnows, saipanpha, minhtet, aungzin, kokyawlinoo, kokyawmyanmar, ansoe, konyinyitun, kyi, donjaun, asterkame, camelot, curie, aboutyourbiz, cryptokrieg, liberosist, kevinwong, dashfit, wstanley226, tombstone, meerkat, peaceandwar, raymondspeaks, moksamol, locikll, anikekirsten, stahlberg, hansmast, vact, didic, anwenbaumeister, neumannsalva, janine-ariane, drmake, mrday, romanleopold, kind-sir, call-me-howie, gatis-photo, hendrikdegrote, jefpatat, adamzi, muratkbesiroglu, javier.dejuan, tuck-fheman, lola-carola, bitland, the-eliot, melvin7, massivevibration, benleemusic, theunlimited, lk666, daydreaming, jaydih, minsoenaing, roelandp,