"လူ့​လောကမှာ...ကိုယ့်​ကိုယ်​သတ်​ချင်​​နေသူများ"

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@chanhtike·
0.000 HBD
"လူ့​လောကမှာ...ကိုယ့်​ကိုယ်​သတ်​ချင်​​နေသူများ"
ကျွန်​​တော်​တို့လူ​တွေဟာ စိတ်​ဓာတ်​ကျတာတို့ စိတ်​ညစ်​စရာ​တွေများလာတဲ့အခါ ကိုယ့်​ကိုယ်​ကိုသတ်​​သေချင်​တတ်ကြတယ်​။
လူဆိုတာ ဘယ်လောက်ပဲ ချမ်းသာသာ၊ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ စိတ်မညစ်ညူးခဲ့ဘူးသူ မရှိပါဘူး။  စိတ်ကျန်းမာရေးဟာ ငွေကြေးဓနတစ်ခုတည်းနဲ့ မသက်ဆိုင်ပါဘူး။ ဒါကို ခံစားဖူးသူတိုင်း မှန်ကန်ကြောင်း ပြောနိုင်ပါလိမ့်မယ်။
စိတ်ဓါတ်တွေကျတယ် ဆိုဆို၊ Depression လို့ပဲ ခေါ်ခေါ်၊ ဒီလို မကောင်းဆိုးဝါးမျိုးကို လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်ကြုံဖူးခဲ့မှာပါပဲ။ တစ်ချို့အတွက်တော့ သိပ်မပြင်းထန်တော့ အမှုမှတ်၊ အမှတ်မဲ့ ပြီးသွားတာမျိုး ရှိပေမယ့် တစ်ချို့အတွက်ကျ ရှင်သန်ခြင်း အနှစ်သာရ တစ်ခုလုံးကို တစ်စုံတစ်ရာက ဝါးမျိုထားသလိုမျိုး။ ထွန်းလင်းနေတဲ့ ကောင်းကင်ပြင်ကို တိမ်မဲတွေက အလိပ်လိုက် ဖုံးလွမ်း ထားတဲ့ အခိုက်အတန့်မျိုး၊ Depression ဟာ ဘဝဆိုတာကို ဘာမှန်းမသိ ဖြစ်စေပါတယ်။
 ![image](https://img.esteem.ws/i03jz775gk.jpg)

ဒီလိုခံစားနေရတဲ့ လူတွေကို ဂျိုပေါက်နေသလို ကြည့်ရုံနဲ့ ခွဲနိုင်တာမဟုတ်။ သူတို့ဟာလဲ သင့်လိုပဲ ရှင်သန်နေတယ်၊ လူတွေနဲ့ အလုပ်ခွင်ဖြစ်ဖြစ်၊ ကျောင်းတွေမှာ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် လူသာမန်အတိုင်း ဆက်ဆံသွားလာနေတယ်။ ဒါ့ကြောင့်လဲ သူတို့ရဲ့ အတွင်းစိတ်မှာ ဘယ်လိုခံစားနေရသလဲဆိုတာကိ လူတိုင်း မသိနိုင်ကြတာပါပဲ။
ဒီလို Depression နဲ့ ရှင်သန်နေတဲ့ လူတွေအတွက် တစ်ခါတစ်လေ ကာလတိုနဲ့ ပျောက်သွားတာမျိုး ရှိမယ်။ တစ်ခါတစ်လေကျ ဘဝရဲ့ အဓိပ္ပါယ်ဟာ ဘာမှန်း ဘယ်လိုမှ ပြန်ရှာမရပဲ လရှည်၊ နှစ်ရှည်ကြာသွားတာတွေလဲ ရှိပါတယ်။
ဘာ့ကြောင့် အခု ငါလုပ်နေတာတွေကို လုပ်နေတာလဲ
ငါ့ရဲ့ ရှင်သန်မှုက ဘယ်လူတွေကို သက်ရောက်မှု ရှိလို့လဲ
ငါ့ ဖြစ်တည်မှုက ဘာအဓိပ္ပါယ်လဲ၊ ငါ မရှိတော့ရင်လဲ ဘယ်သူမှ ဘာမှဖြစ်သွားမှာ မဟုတ်
မှန်းခဲ့သမျှ၊ လိုချင်ခဲ့သမျှ ဘယ်တော့များမှ ဖြစ်လာမှာလဲ
" ငါ ဒီဘဝမှာ ဘာများ လာလုပ်မိပါလိမ့် "
ဒီလိုအတွေးမျိုးတွေနဲ့ Depression ဖြစ်နေတဲ့ လူမျိုးလဲ ရှိမယ်။ ဒါမှမဟုတ် ဒီလို အတွေးတွေ မရှိပဲနဲ့ကို ဘာမှ မျှော်လင့်စရာ မရှိပါလားဆိုတဲ့ အတွေးမျိုးနဲ့ကို လုပ်ချင်ကိုင်ချင်စိတ်၊ ရှင်သန်ချင်စိတ် မရှိတော့တာမျိုးလဲ ရှိမယ်။ လေဟာနယ်ထဲမှာ အဆုံးမရှိ ဝေ့လည်နေရတဲ့ အတွေးတွေမှာ ချောင်ပိတ်မိနေတဲ့ ဘဝတွေလဲ ရှိမယ်။ 
 ![image](https://img.esteem.ws/inpbzmxv4k.jpg)
ဒီလို လူတွေအများကြီးရှိပေမယ့် ဒီလိုခံစားနေရပါတယ်ဆိုပြီး ဖွင့်ပြော အကူအညီတောင်းတဲ့ သူတွေက ရှားပါတယ်။ ဒါ့ကြောင့်လဲ သေကြောင်းကြံစည်တဲ့ သတင်းတွေ တက်လာမှ
" အို ၊ ဒီတစ်ယောက် သတ်သေသွားပါလား "
ဆိုပြီး လက်ဖျောက်အတွင်း ဝမ်းနည်းကြေကွဲကြရပြန်ရော။ 
ဒါဆို လူတိုင်းခံစားခဲ့ဖူးမယ့် Depression ကို သက်သာအောင် ဘယ်လိုကုမလဲ ...
ဒီနေရာမှာ " မင်းက စိတ်ဓါတ်ပျော့တဲ့ လူညံ့ပါကွာ။ ကိုယ့်ဟာကိုယ် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် နေစမ်းပါ " လို့ အပြစ်ပြောမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စိတ်ဓါတ်မာကျောသူတွေလဲ Depression ဆိုတာ ခံစားရတာ မလို့ပါပဲ။ တစ်ခါတစ်လေ စိတ်နေစိတ်ထား တစ်ခုတည်းနဲ့ ကုစားလို့ မရပါဘူး။
နောက်တစ်နည်းဖြစ်တဲ့ လူတွေနဲ့ အမြဲအဆက်အသွယ် လုပ်ပါ။ Activity တွေမှာ ပါဝင်ပါ၊ ပျော်ပွဲရွှင်ပွဲတွေသွားပါ ဆိုတာလဲ အကူအညီပေးနိုင်တယ်ဆိုပေမယ့် တစ်ချို့လူတွေအတွက် ပျော်ပွဲရွှင်ပွဲတွေက ကုစား မပေးနိုင်ပြန်ပါဘူး။
 ![image](https://img.esteem.ws/mbgdxifju2.jpg)
ဒါဆိုရင် ဘယ်နည်းလမ်း ရှိသေးသလဲ။
" ကိုယ်ရော စိတ်ပါကျန်းမာပါစေ"
Depression ကို သက်သာစေချင်ရင် ဒီစကားလေးတစ်ခွန်းကို သတိရပါ။ လူတစ်ယောက်ရဲ့ ဘဝမှာ အပြည့်အဝ Quality မြင့်မြင့် ရှင်သန်နိုင်ဖို့ ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ လိုပါတယ်။ လူတစ်ယောက်မှာ ပိုင်ဆိုင်တာလဲ ဒီနှစ်ခုပဲကိုး။
စိတ်ဓါတ်ကျတယ်လို့ ပြောလိုက်ရင် လူတွေဟာ စိတ်ကိုပြုပြင်ဖို့၊ စိတ်ကို ပျော်စေဖို့ပဲ အမြဲစတွေးတတ်ပါတယ်။ ဒါပေမယ့် စိတ် အနေအထားကို ဘယ်အရာတွေက ပံ့ပိုးပေးလဲဆိုတာကိုတော့ မတွေးကြပါဘူး။
စိတ် အနေအထားကို ခန္ဓာကိုယ်က ထိန်းချုပ်ထားပါတယ်။ လူတစ်ယောက်ရဲ့ Mood ဟာ ဟော်မုန်းတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ရှုပ်တာတွေ မပြောခင် အမျိုးသမီးတွေ ရာသီလာရင် စိတ်ပြောင်းတာ၊ ညစ်ညူးတာမျိုးဟာ ဟော်မုန်း အပြောင်းအလဲကြောင့်။ ကိုယ်ဝန်ဆောင်တုန်းရော၊ သူ့ကြောင့်ပါပဲ။ အမျိုးသားတွေ ခွန်အားကျတာ၊ စိတ်မီးတောက်တွေ လျော့နည်းတာ စတာတွေဟာလဲ အထဲက ဟော်မုန်း အပြောင်းအလဲကြောင့်ပါပဲ။ ဒီလို ဟော်မုန်း မညီမျှမှုတွေ၊ အဆိပ်အတောက်တွေ ခန္ဓာကိုယ်က စုလာတဲ့အခါ ပုံမှန်ရှင်သန်နေရာကနေ ဝုန်းဆို လုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်ကုန်ကြပါလေရော။
ဒီလိုမျိုးကို ပြင်ဆင်နိုင်ဖို့ အကောင်းဆုံးနည်းက ခန္ဓာကိုယ်ထဲက အဆီပမာဏလျှော့တာ၊ အာဟာရပြည့်ဝတာတွေစားတာ၊ လေ့ကျင့်ခန်းလုပ်တာပါပဲ။ အတိုပြောရရင် အားကစားလုပ်တဲ့ Lifestyle တစ်ခုကို ချည်းကပ်တာပါ။ဒ​ကြောင့်​ကိုယ့်​ကိုယ်​သတ်​​သေချင်​​တွေ့ အ​တွေးမှား(ခဏတဖြုတ်​)အ​တွေး​တေီကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​...​ကျေးဇူးအထူးပါ။
 ![image](https://img.esteem.ws/ofs3fcs1wu.jpg)

photo credit-google photo
👍 , , , , , , , , , , ,