သစ္စာမဲ့မှာကြောက်လို့ … နင်းကန်လဲမချုပ်ချယ်နဲ့

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@chanlay·
0.000 HBD
သစ္စာမဲ့မှာကြောက်လို့ … နင်းကန်လဲမချုပ်ချယ်နဲ့
![image](https://img.esteem.ws/a5lzep5yn9.jpg)

#သစ္စာမဲ့မှာကြောက်လို့ … နင်းကန်လဲမချုပ်ချယ်နဲ့

သစ္စာမဲ့တာဟာ ကြီးမားတဲ့ အပြစ်သားဘဲ
လူမှုရေးရော အချစ်ရေးမှာပါ စည်းဖောက်
တဲ့ ပျက်ပြားမှုတခုပါ။

သစ္စာမဲ့မှာကြောက်လိုလဲ လူတယောက်ကို
ချုပ်ချုပ်ချယ်ချယ်နဲ့ အချစ်ကိုဆုပ်မကိုင်နဲ့

အဲ့သလို ချုပ်ချယ်မှ ကိုယ့်အနားမှာ
ရှိနေနိုင်တယ်ဆိုရင်လည်း အဲ့ဒါ 
အချစ်စစ်မဟုတ်တော့ဖူး။

 ![image](https://img.esteem.ws/spigvnqoor.jpg)

တကယ်ချစ်ရင်
ချုပ်ချယ်စရာ မလိုအပ်အောင်ကို
ရိုးသားပွင့်လင်းမှုနဲ့ ယုံကြည်အောင်သက်သေ
ပြနိုင်တယ်။

တခါတလေကျ ကိုယ့်ရဲ့ချုပ်ချယ်မှုက
သူအတွက် သွားသတိပေးသလို ဖြစ်သွားစေ
တတ်တယ်။

ပုံမှန် သစ္စာကိုစောင့်သိနေတဲ့ သူတောင်
မိမိရဲ့ ချုပ်ချယ်မှုကြောင့် လွှတ်ထွက်သွား
စေနိုင်တာကို သတိထားပါ။

ထင်ရာနဲ့ စွပ်စွဲခြင်း၊ မသေချာဘဲ ယုံမှားခြင်း
သံသယတွေနဲ့ အထင်ခံရတဲ့ စိတ်သောကမှာ
ဘယ်သူမှ ကြာကြာမနေလိုတဲ့အခါ……

ငါ့သစ္စာရှိနေပေးလဲ အလကားပါဆိုတဲ့
အတွေးတိမ်တတ်သလို့ ၊ ကိုယ်ပြောမှ
မထူးဇတ်ခင်းလို့ အရူးကွက်တွေနင်းတတ်
ပြန်တယ်။

သစ္စာတရားဆိုတာ ထိန်းချုပ်တိုင်းလဲ
သစ္စာမြဲမယ်မမှတ်နဲ့ လွှတ်ထားပေးလိုက်ပါ။

ခိုင်မြဲတဲ့သစ္စာဆိုတာ နီးခြင်းဝေးခြင်းနဲ့မဆိုင်ပါဖူး။
မိုင်ပေါင်းကုဠေ ဝေးပါစေမေတ္တာရှိတာစစ်မှန်ရင်
သစ္စာဆိုတာ သူသိက္ခာနဲ့ နှစ်ဦးချစ်တာကို တန်ဖိုး
ထားလို့ ဖောက်ပြားဖို့ စိတ်ကူးနဲ့တောင်
မတွေးတတ်သလို့……ဘယ်ဆွဲဆောင်မှုနဲ့မှ ယိုင်နဲ့
မသွားအောင် ထိန်းတတ်တယ်။

တကယ်ချစ်ရင် အကြောင်းပြချက်မလို
ဆင်ခြေနဲ့ အချစ်ကို ခြေရာမတိုင်းဖူး
နှလုံးသားနဲ့ ချိန်ဆလိုတမြတ်တနိုးတန်ဖိုး
ထားတတ်တယ်။

တကယ်ချစ်တဲ့လူက နောက်ကနေဖက်ထား
ပြီးဖမ်းဆွဲနေစရာမလိုဖူး အလိုလိုတွယ်ကပ်လို့
လက်တွဲမဖြုတ်ပဲ နေတတ်တယ်။

တကယ့် ထွက်သွားချင်ရင်တော့
ဘယ်လိုအခြေအနေမျိုးမှာမဆို လှမ်းဆွဲလဲ
အပိုပဲ ကိုယ့်လက်တောင် သနားမိမယ်။

အကြောင်းရှာ အပြစ်ဖို့လို့ ထွက်သွားဖို့သာ
ဥာဏ်များနေမှာဘဲ ယုံကြည်မှုကို ချပေးတော့
အလွဲသုံးစားနဲ့ ဖောက်ပြားသလို့ မယုံကြည်ပါဖူး
ပြောပြန်တော့ သံသယနဲ့ အထင်မှားနေရင်
အလကားပါပဲဆိုတဲ့ ဆင်ခြေနဲ့ ထွက်သွားမှာပဲ

ယုံကြည်မှုရှိတယ်ဆိုတာ ယုံကြည်နိုင်လောက်
တဲ့ ရိုးသားမှုကို သက်သေထားတတ်ရတယ်။

အဲ့တော့ တကယ့်တမ်း စမ်းစစ်တော့
အရင်းအမြစ်က အဲ့လူတစ်ယောက်ရဲ့ 
အတွင်းစိတ်သဏ္ဌာန်နဲ့ အငုံစိတ်ရှိတဲ့ ဖောက်ပြား
ချင်တဲ့ ဗီဇ စိတ်ပါဘဲ။

ချစ်တာမှာ ၂ဦး၂ဖက် မေတ္တာမျှလို့ အကြောင်းမညီ
ညွတ်ရင်တောင် အရိုးခံ ဖွင့်ဟလို့ မဖြစ်နိုင်ဖူးဆိုတာကို
နားလည်မှုနဲ့ လမ်းခွဲပါ။ပြတ်သားတဲ့ ဆုံးဖြတ်ချက်ဟာ
သင့်ဘဝနောင်ရေးမှာ မှတ်သားစရာ ဖြစ်မနေတတ်ပါ။

ဒါဟာတဖက်သားအတွက်လည်း ခံစားရတာ
ဖြေသာနိုင်သလို့ မဖောက်ပြားတဲ့ စိတ်ထားအတွက်
လည်း အမှတ်ထားလို့ လေးစားစရာပါ။

ဒါကြောင့် လူတစ်ယောက်ကို ချစ်မိရင် 
သစ္စာရှိပါ။ နောက်ဆုံးမဖြစ်နိုင်လို့ လမ်းခွဲရင်တောင်
နားလည်မှုနဲ့ အမုန်းမပါ စာနာစိတ်နဲ့ လမ်းခွဲတတ်ပါစေ။

ချစ်မိပြီးဆိုကတည်းက ပေးဆပ်ခြင်းသာ
အရင်စဥ်းစားလို့ ပေးတိုင်းပြန်မရတာ အချစ်
ဆိုတာသတိထားရမှာ……

မျော်လင့်ချက်ကို တစ်သက်မမှတ်နဲ့ 
အချိန်နှင့်အမျှ ပြောင်းလဲနေတာ လူစိတ်ပါ။

ဘယ်လိုအခြေအနေမဆိုတနေ့ကျ
ချန်ထားခံရမယ်ဆိုတာ ကြိုတွေးထားရင်
သူတို့ ဘယ်လိုပင် ဥာဏ်များများ
ကိုယ့်ဖက်က ကြိုတင်တွေးမိထားရင် 
ခံရတဲ့အခါ သက်တောင့်သက်သာ 
နဲ့ ဖြေသာနိုင်မှာပါ။

ဘယ်အရာမှ ဧကန်မုချ ပုံအပ်လို့
မယုံအပ်တဲ့အထဲမှာ အချစ်က ထိပ်ဆုံးကဆိုတာ
အသေအချာပါဘဲ။ ။
               ✒✒✒ အစဉ်လေးစားလျှက်
#(အတွေးအပိုင်းအစလေးများ)
👍 , , , , , , , , , , , , , , , , ,