Cryptocurrency နှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်းများ နှင့် အဖြေများ အပိုင်း (၄)
msu·@daviddkl·
0.000 HBDCryptocurrency နှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်းများ နှင့် အဖြေများ အပိုင်း (၄)
ယနေ့အချိန်အခါမှာ ဘယ် Cryptocurrency က ဝယ်ယူဖို့ အကောင်းဆုံးလဲ?? Cryptocurrencies ထောင်ပေါင်းများစွာအနက် ဘယ် Cryptocurrency ကဝယ်ယူဖို့ အကောင်းဆုံးလဲ ဆိုလျှင် မိမိအနေဖြင့် ဈေးနှုန်း အလွန်ကျဆင်းသွားခဲ့လျှင်ပင် ကိုင်ထားနိုင်သော Cryptocurrency မျိုးကို ပိုမိုဝယ်ယူသင့်ပါတယ်။ ဥပမာပေးရရင် ကျွန်တော်သည် Steem Coin ကို နှစ်သက်သောကြောင့် ကျွန်တော်သည် သူ့ဈေး 99%ကျဆင်းသွားခဲ့လျှင်ပင် ဆက်လက်ကိုင်ထားမှာဖြစ်ပြီး ထိုသို့ကျဆင်းပါက ရောင်းချမယ့်အစား ပို၍ပင် Steem Coin များကို ဝယ်ယူထားရှိမှာဖြစ်ပါတယ်။ အမှန်တကယ် အသုံးပြုသူများ ရှိနေသည့် Steem ၏ ခိုင်မာသော အဖွဲ့အစည်းကို ယုံကြည်သောကြောင့် ကျွန်တော်သည် Steemကို လက်ကိုင်စွဲထားခြင်းဖြစ်သည်။ ကျွန်တော် Cryptocurrency လောကထဲ စတင်ရောက်လာတုန်းက ပြုလုပ်ခဲ့သည့် အကြီးမားဆုံး အမှားကတော့ Bitcoin, Ethereum နှင့် Alt Coinများကို ဈေးတက်မည်ဆိုသည့် မျှော်လင့်ချက် တစ်ခုတည်းဖြင့်သာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ယခုလို ဈေးတွေ ဝုန်းခနဲကျသည့်အခါ မိမိကိုယ်ကို ဒေါသထွက်ခြင်း ကြောက်လန့်ပြီး ရောင်းချမှုများ ပြုလုပ်ခဲ့သောကြောင့် ဆုံးရှုံးမှုများလည်းရှိခဲ့ပါသည်။ .jpeg) Cryptocurrency တစ်ခုကို ယခုပုံစံဝယ်ယူပါက ဈေးတက်မှ ရောင်းမည်ဆိုရာတွင် ဘယ်ချိန်ဈေးတက်ပြီး ဘယ်အချိန် ရောင်းမလဲဆိုသည်မှာလည်း Pressure တစ်ခုအနေဖြင့်ရှိနေပေသည်။ထို့ကြောင့် မဝယ်ယူမီ မိမိအနေဖြင့် ဝယ်ယူလိုသော Cryptocurrency ၏ နောက်ခံ Background , အသင်းအဖွဲ့အစည်း နှင့် သူတို့က ပေးအပ်မည့် Value တွေက ဘာတွေလဲ ဆိုတာကို အရင်သိထားပြီးမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သင့်ပါသည်။ ယခုလို ပြုလုပ်ခြင်းအားဖြင့် risk နည်းစေသလို စိတ်ပိုင်းဆိုင်ရာဖိအားလည်း အများကြီးသက်သာစေပါသည်။ ဆိုရသော်ကျွန်တော်သည် Cryptocurrency တစ်ခု၌ ရင်းနှီးမြှုပ်နှံပါက ကောင်းသော အချိန် ဆိုးသောအချိန်နှစ်ခုလုံးကို ဖြတ်သန်းရန် အသင့်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ဒါကြောင့် ကျွန်တော်သည် Steem တွင်ရှိနေရခြင်းဖြစ်ပြီး အတိုင်းအတာတစ်ခုထိလည်း ရပ်တည်နိုင်မည်ဟု ယုံကြည်ပါသည်။ Author : @daviddkl ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurrency နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက https://www.facebook.com/yenaing.htwe.148 MSU 052