Mount Victoria (Chin State) Myanmar

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@deeplove·
0.000 HBD
Mount Victoria (Chin State) Myanmar
![image](https://img.esteem.ws/kww1eujhwr.jpg)
 ![image](https://img.esteem.ws/rgztqyknyt.jpg)
 ![image](https://img.esteem.ws/ky1m5jjzul.jpg)

တိမ်တွေနေတဲ့အရပ်ဆီသို့
တောင်တန်းတွေရဲ့အလွန်
ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင် သို့တစ်ခေါက်

#chin_state
#mount_victoria
#myanmar

" တိမ်တွေနေတဲ့အရပ်ဆီကို နင်နဲ့ငါ
    လေတွေတိုက်တုန်းသွားမယ်ကွာ ဖက်ထားပါ "
အဲ့သီချင်းလေးထဲကအတိုင်း ချစ်သူစုံတွဲတွေ ro ကျမလား သူငယ်ချင်းတွေ အများကြီး ပျော်ပျော်
ပါးပါး သဘာဝရဲ့ အလှတရားကိုခံစားပြီး hiking လုပ်မလား ပျော်ရွှင်စရာ အံ့သြစရာ သဘာဝ အလှအပတွေနဲ့ပြည့်နှက်နေမဲ့ နတ်မတောင်ခရီးစဉ်

(1)  ဘယ်လိုသွားမလဲ 

               သွားမယ်ဆို လမ်းကနှစ်လမ်းရှိတယ် မကွေးမင်းဘူး ဘက်ကသွားမလား ပုဂံ ချောက် ရေနံချောင်းဘက်က သွားမလား နှစ်လမ်းလုံး လမ်း
ကောင်းတယ် ကိုယ်တွေအဖွဲ့ကတော့ ၉ ယောက် 
ကားသမားနဲ့ဆို ၁၀ ယောက် တစ်ယောက်မှ မရောက်ဖူးဘူး လမ်းလဲမသိဘူး အကိုတစ်ယောက်
က ခေါင်းခန်းကထိုင်ပြီး တစ်လမ်းလုံး GPS ဖွင့်ပြီး
မောင်းသွားတာ ဒီနေ့ ညနေ ၄ နာရီကကားစထွက်
တာ နောက်နေ့ မနက် ၉ နာရီမှ ကန်ပက်လက်မြို့
ကိုရောက်တယ် လူများရင် ကားစီးလုံးငှားသွားတာ ပိုတန်ပါတယ် ကိုယ်တွေအဖွဲ့ဆို တစ်ယောက်ကို ကားခ ဆီဖိုး အပြီးအစီး  ၅သောင်း ကျော်လောက်
ပဲကျတယ် 

(2)  ဘယ်မှာတည်းမလဲ

                ကန်ပက်လက်မှာ hotel တွေက သိပ်များများစားစား မရှိပါဘူး ဈေးတွေလဲပုံမှန်ပါပဲ သိပ်ဈေးမကြီးပါဘူး ကိုယ်တွေသွားတဲ့အချိန်က
ရာသီချိန်ဆိုတော့ hotel တွေကအခန်းတွေပြည့်
နေပြီ ကိုယ်တွေဆို hotel တစ်ခုကို နှစ်ရက်ဆက်
မရလို့ တစ်ရက်တစ် hotel နဲ့ hotel နှစ်ခုပြောင်းရ
တယ် တည်းခဲ့တဲ့ hotel တွေက
      #mount _oasis_ecolodges
      #floral_breeze_hotel  ကိုယ်တွေသွားတဲ့
အချိန်ကသူ့ ခရီးသွားရာသီဆိုတော့ hotel တွေက
အကုန်ပြည့်နေတာ ကိုယ်တွေတောင် မသွားခင်
ထဲကအခန်းခကို bank ကကြိုလွှဲထားရတာ

(3) ဘယ်တွေသွားလည်မလဲ

              ပုံမှန်ဆိုရင် tour ကားတွေက ရန်ကုန်
ကနေ ညမှထွက် ပုဂံကို မနက်အစောကြီးရောက်
ခဏနားပြီုးဆက်ထွက် ညနေလောက်ကျတော့မှ ကန်ပက်လက်ကိုရောက်တော့ အဲ့နေ့တစ်နေ့က
ဘယ်မှမသွားလိုက်ရပဲ အချိန်ပုပ်သွားရော ကိုယ်တွေ အဖွဲ့ကတော့ ညနေထဲကကားစထွက် 
ကန်ပက်လက်ကို မနက် ၉ နာရီလောက်ရောက်
တော့ တစ်နေကုန်အကြိုက်လည်ပေါ့ လည်စရာ
တွေက  ကောလောင်ရေတံခွန် 
           နှာခေါင်းပုလွေမှုတ်
           ကန်ပုလဲစားသောက်ဆိုင် 
          ချင်းရိုးရာဓလေ့တွေလေ့လာနိုင်မဲ့ချင်းရွာ  
           ချင်းရိုးရာလက်ဆောင်ပစ္စည်းဆိုင်
နောက်နေ့မနက်မှ နတ်မတောင်ကိုတတ်ပေါ့ 

Day (1)
       ဒီဇင်ဘာရဲ့ချမ်းအေးလှတဲ့ အအေးဒဏ် ကိုအံတုရင်းကျွန်တော်တို့အဖွဲ့ကန်ပက်လက်ကိုရောက်ပါပြီ ကားပေါ်မှာတုန်းကသိပ်မအေးပဲ hotel ဝန်းထဲကိုရောက်လို့ စဆင်းလိုက်တော့မှ ခိုက်ခိုက်
တုန်အောင်ကိုချမ်းတာ ဘယ်လိုအေးလို့အေးမှန်း
ကိုမသိဘူး အဲဒါနဲ့ စောသေးတော့ check in ကလဲ
ဝင်လို့မရသေးတော့ reception မှာအထုတ်တွေ
အပ်ပြီး မြို့ထဲလျှောက်လည်တာပေါ့ လိုက်ပြဖို့
အတွက် local guide ငှားရတယ် local guide ခ
က ၂သောင်း ဟိုတယ်ကိုမေးလိုက်ရင်ရတယ်

ကောလောင်ရေတံခွန်

        ရေတံခွန်ကိုလမ်းလျှောက်သွားရင်လဲရတယ်
အသွားအပြန် နှစ်နာရီနီးပါးလောက်တော့ကြာမယ်
ဆိုင်ကယ်နဲ့သွားရင် ဆိုင်ကယ်ခ အသွားအပြန်
တစ်သောင်း လူများရင်တော့ အသွားလမ်းလျှောက်
ပြီးအပြန်ကိုဆိုင်ကယ်စီးပါ အပြန်တစ်ခေါက်တည်း
ဆို ၇၀၀၀ ကိုယ်တွေအဖွဲ့ကအသွားလမ်းလျောက်
ပြီးအပြန်ဆိုင်ကယ်နဲ့ လူများတော့ လျှောက်ရတာ ပျော်ဖို့ကောင်းပါတယ် mini trekking ပေါ့

        လျှောက်ရင်းနဲ့ ကြိုးတံတားလေးကိုဖြတ် စမ်းချောင်းလေးတွေဖြတ် ကျောင်ဆောင်တွေကုတ်
ဖဲ့တတ်ပြီးခဏနေတော့ ရောက်ပါပြီ အလွန်လှပါတဲ့
ကောလောင်ရေတံခွန် ရေတံခွန်ကမြင့်တယ် ရေတွေကအေးစိမ့်နေတာပဲဓာတ်ပုံရိုက်လို့စွန်း
ကောင်း သဘာဝကပေးထားတဲ့ အလှတရား တွေပေါ့ဗျာ ရေဆော့ပြီးတော့ အပြန်ဆိုင်ကယ်
လေးနဲ့ကားရပ်တဲ့နေရာထိစီးလာရုံပဲ

နှာခေါင်းပုလွေမှုတ်

         twitter ,IG ,fb တို့မှာ နာမည်ကြီး ပါးရဲ
ထိုးထားတဲ့ ချင်းအမျိုးသမီးကြီးပါ ဗမာစကားမပြော
တတ်ပါဘူး နှာခေါင်းကနေထွက်တဲ့လေကိုအသုံးပြုပြီး ပလွေမှုတ်ပြတာပါ သူလုပ်ထားတဲ့ အောက်ချင်းငှက်အော်တဲ့အသံအတိုင်းထွက်တဲ့
တူရိယာလေးလဲ တီးပြပါတယ် အရမ်းရိုးသားပြီး ချစ်ဖို့အင်မတန်ကောင်းတဲ့ ချင်းအမျိုးသမီး ကြီးပါ

ကန်ပုလဲ စားသောက်ဆိုင်

          ကန်ပက်လက်မှာတော့ အဲ့ဆိုင်ကနာမည်
ကြီးပါ ချင်းရိုးရာ ဓလေ့စားသောက်ဖွယ်ရာတွေစုံနေ
အောင်ရပါတယ် ကိုယ်တွေအဲ့နေ့က စားခဲ့တာတွေ
က နွားနောက်သားပြာရည်ချက် ဝက်သားပြာရည်
ချက် ချင်းကြက်သားသုတ် တခြားဟာတွေရောပဲ
စုံနေတာပဲ သူတို့ဆီမှာကရာသီဥတုကအေးတော့
အကုန်လုံးက ချဉ်ချဉ်စပ်စပ်လေးတွေ ပြီးတော့ ခေါင်ရည် အမျိုးသမီးရော အမျိုးသားရောသောက်
ကျတယ် သောက်လိုက်ရင် နွေးသွားတာပဲ

ချင်းရွာ

         ချင်းလူမျိုးတွေရဲ့ ရိုးရာဓလေ့တွေကိုလေ့
လာနိုင်တဲ့နေရာပေါ့နော် ချင်းလူမျိုးတွေရဲ့ နေထိုင်
မူဘဝပုံစံတွေ ဝတ်ပုံစားပုံတွေ စားသောက်ပုံတွေ 
ချင်းပြည်နယ်ကခွေးလေးတွေက တအားချစ်ဖို့
ကောင်းပါတယ် လုံးလုံး ပုပုလေးတွေ ချင်းကလေး
လေးတွေကလည်းချစ်ဖို့ကောင်းတယ်နေအိမ်ခြံဝန်း
ထဲမှာလည်း ထောပတ်သီးပင် ကဗ္ဗလာပင် တွေကို
တစ်နိုင်တစ်ပိုင်စိုက်ထားသေးတယ် လှမ်းကြည့်
လိုက်ရင်လည်း မြူတွေဆိုင်းနေတဲ့တောင်တန်းကြီး
တွေကိုတွေ့နိုင်ပါတယ်
           
           အဲနေ့တစ်နေကုန်လည်ပတ်ပြီးတော့ hotel ပြန် ရေမိုးချိုး အဲ ဒါပေမဲ့ ရေချိုးဖို့တော့ 
တော်တော်စဉ်းစားခဲ့ရတယ် အရမ်းအေးတာကို ခိခ်
ညစာအတွက်က အပြင်ထွက်စားစရာမလိုပါဘူး
hotel က buffet ပြင်ပေးထားတယ် တစ်ယောက်
၄၀၀၀ တန်ပါတယ် ဟင်းတွေလဲအစုံပဲ မန်နေဂျာ
အန်တီကြီးက သဘောလဲကောင်း စေတနာလဲပါ

Day (2)
         သူများတွေက နတ်မတောင်ကို အစောကြီး
ထတတ်ပြီးနေထွက်ချိန်ကိုကြည့်ကျတယ်မနက်စာ
ကိုတော့ hotel ကိုညထဲကမှာထားရင် food box 
လေးတွေပြင်ပေးထားတယ် အဆင်ပြေပါတယ်
          
        ကိုယ်တွေအဖွဲ့ကတော့ အစောကြီးမတတ်
ဘူး မနက် ၅ နာရီလောက်ထ မျက်နှာသစ် မနက်စာ စားပြီး ၆ ခွဲလောက် ကားနဲ့ တောင်ရဲ့
တစ်ဝက် ဆိုင်ကယ် carry ဂိတ်ထိမောင်း လမ်းတစ်လျှောက်မှာလဲ တိမ်ပင်လယ်ကြီးက အပြည့် ဆိုင်ကယ်တစ်စီးကို မောင်းတဲ့သူနဲ့ ကိုယ်နဲ့
နှစ်ယောက်ပဲ သုံးယောက်စီးလို့မရဘူး အသွား
အပြန် carry ခ 10000 
        
           တောင်ပေါ်ဆိုတော့ သစ်ပင်တွေကအုပ်
ဆိုင်းပြီး သစ်ရွက်တွေပေါ်ကဆီးနှင်းတွေက လမ်း
ပေါ်ကျပြီး ရာသီဥတုကအေးတော့ အဲဆီးနှင်းတွေ
ကခဲပြီး ဆိုင်ကယ်လမ်းချော်နိုင်တယ် အာ့ကြောင့်
တစ်ချို့ နေရာတွေ ဆိုရင် လမ်းဆင်းလျှောက်ပါ
ဆိုင်ကယ်နဲ့တတ်နေရင်း လမ်းတစ်ဝက်လောက်မှာ
ရေကန်ငယ်လေးရှိတယ် ဘယ်လောက်အေးလဲ
ဆိုရင် အဲ့ရေကန်တစ်ခုလုံး ခဲနေတာ ကိုယ်တွေ ကတော့ ဆင်းပြီး ဓာတ်ဖမ်းပေါ့ ကိုယ်တွေဆို 
အနွေးထည်ကသုံးထပ်နဲ့ လူဝကြီးကျနေတာပဲ

         အဲကနေဆက်တတ်ပြီး နတ်မတောင်အမျိုး
သားဥယျာဉ် ဆိုတဲ့ဆိုင်းဘုတ်နား ရောက်ရင် ဆက်တက်လို့မရတော့ဘူး အဲ့ကနေ ခြေလျင် 
၁၅ မိနစ်လောက်လျှောက်ပြီးရင် တော့ရောက်ပါပြီ
သဘာဝအလှတရားတွေလွှမ်းခြုံနေတဲ့ တောင်ဇလပ် ပန်းတွေနဲ့ အလှချင်းပြိုင်နေတဲ့
အာဆီယံအမျိုးသားအမွေအနှစ် နတ်မတောင် 
အမျိုးသားဥယျာဉ်ရဲ့ တောင်ထိပ်ကိုရောက်ပါပြီ

         အလွန်လှပတဲ့ တောင်တန်းအသွယ်သွယ် 
မြူတွေဆိုင်းနေတဲ့ သစ်တောကြီးတွေ မျက်စိ
တစ်ဆုံးမြင်နိုင်တဲ့ တိမ်ပင်လယ်ကြီးတွေ နီနီရဲရဲ
နဲ့လှနေတဲ့ တောင်ဇလပ်ပန်းတွေရဲ့ အလှ တကယ်
ကို အံ့သြမှင်သက်သွားစေမဲ့ သဘာဝရဲ့ပန်းချီကား
တစ်ချပ်ပါပဲ ရောက်ဖြစ်ရင်တော့ ဓာတ်ဖမ်းခဲ့ကျဗျို့
ကိုယ်တွေအဖွဲ့ကတော့ မျိုးစုံကိုဓာတ်ဖမ်းခဲ့ကျတာ

          တောင်ပေါ်မှာ သဘာဝအလှတွေခံစားပြီး
တော့ နေ့လည် ၁၂ လောက်မှာ ဆိုင်ကယ်နဲ့ကားရှိ
ရာသို့ပြန်ဆင်းခဲ့ပါတယ် ကားနဲ့ hotel ကိုပြန်လာပြီး
တော့ ညထဲက hotel မှာကြိုပြော ထားတဲ့ နေ့လည်စာ ကိုစားပြီး check out လုပ်ပြီး ထွက်ခဲ့ပါတယ်

            နေ့လည်စာ စားရင်းတစ်ချက်ဆွေးနွေး
လိုက်တယ် ဒီနေ့အတွက်လည်စရာကဘာမှမရှိ
တော့ဘူးဆိုတော့ ဆက်ရင်နေအချိန်ပုပ်မှာဆိုတော့
ကိုယ်တွေအဖွဲ့ကတော့ပုဂံကိုပဲဆက်ဒိုးခဲ့လိုက်တယ်
နေ့လည် ၁ နာရီလောက်ကစထွက်တာ ပုဂံကို
ည ၇ နာရီလောက်မှာ ရောက်တယ် ချင်းပြည်က floral breeze hotel တစ်ရက်ခတော့ ပလုံသွား
တာပေါ့ နှမျောစရာကြီး ပုဂံရောက်တော့ ဘုန်းကြီး
ကျောင်းမှာအထုတ်တွေချပြီး ရေမိုးချိုး ပုဂံမှာ
ညဘက်ထမင်းထွက်စား လျှောက်လည်ပေါ့

Day (3)
          ပုဂံမှာတော့ မနက်စာကို ဗူးဘုရားမှာစားခဲ့
တယ် ပြီးတော့ ဘုရားဖူးပေါ့ စွယ်တော်လေးဆူမှာ ဟိုဘက်ကမ်းက တန့်ကြည်တောင်စွယ်တော်ပဲ
မရောက်ခဲ့တာ အချိန်မရတော့လို့ ဘုရားတွေ
ကတော့ အချိန်ရသလောက် စုံစုံလင်လင် လေး ဖူးခဲ့ရပါတယ် ဘုရားဖူးပြီး တော့ပုဂံကနေရန်ကုန်ကို
နေ့လည် လောက်မှာစထွက်လာပါပြီ 
           နေ့လည်စာကိုတော့ ကျောက်ပန်းတောင်း လမ်းက "ပိုင်" ဆိုတဲ့ဆိုင်မှာစားခဲ့ပါတယ် ထမင်းနဲ့
ဟင်းစားချင်ရင်တော့ကြိုမှာထားရပါတယ်  ကြိုမမှာ
ထားလဲ ထမင်းဆီစမ်းကို ကြက်ကြော် ငုံးကြော်
တခြား အကြော်စုံတွေနဲ့လည်း စားလို့ရပါတယ် တော်တော်စားကောင်းပါတယ် ပြီးတော့ ထန်းရည်
တော်တော်လေးကောင်းပါတယ် အချိုရော အခါး
ရော ရပါတယ် တစ်အိုးမှ ၅၀၀ ထဲ ဆိုင်လေးက ဘူးသီးခြံလေးထဲမှာဖွင့် ထားတာဆိုတော့ အမြင်
ဆန်းဆန်းလေးနဲ့ ထိုင်ရတာ အေးဆေးပါတယ် 
ဘူးသီးလေးတွ အသေးလေးတွေကော အကြီးကြီး တွေကော စုံနေတာပဲ တွဲလောင်းလေးတွေ

          စားသောက်ပြီးတော့ ထွက်လာခဲ့တာ ရန်ကုန်ကို ည ၉ နာရီပြန်ရောက်ပါတယ်ကားသမား
မောင်းချက်ကတော့ လေယဉ်ပျံစီးနေရသလား အောင်းမေ့ရပါတယ်

 နတ်မတောင်တတ်ရန် လိုအပ်သည်များ

          ခြေအိတ် လက်အိတ် အနွေးထည်ထူထူ
အသားပတ်ရင်လိမ်းရန် cream    ဓာတ်မီး
power bank သောက်နေကျဆေး 
မျက်နှာလိမ်း cream  

ကုန်ကျစရိတ်

ဟိုတယ် ၂ ညတည်းခ    (40000)
ကားခ+ဆီဖိုး+လမ်းတံတားကြေး  (55000)
သုံးရက် စားစရိတ်        (25000)
ရေတံခွန် ဆိုင်ကယ် carry ခ     (7000)
တောင်တတ် ဆိုင်ကယ် carry ခ     (10000)
local guide ခ ၂ သောင်း
၉ ယောက်အဖွဲ့ဆိုတော့ တစ်ယောက် (3000) ပဲထား
            စုစုပေါင်း တစ်သိန်းလေးသောင်း  ဘာဘာ ညာညာနဲ့ဆိုရင် တစ်ယောက်ကို တစ်သိန်းငါးသောင်း လောက်ဆိုရင် အိုကေပါပြီ အရမ်းတန်ပြီပျော်ဖို့ကောင်းတဲ့ခရီးစဉ်လေးဖြစ်ခဲ့ပါ
တယ် လူများရင် စရိတ်စက ပိုသက်သာပြီ ပိုပျော်
ဖို့ကောင်းပါတယ်

မှတ်ချက်      အမှိုက်လုံးဝမပစ်ချရ
                  သဘာဝပတ်ဝန်းကျင်ကိုမြတ်နိုးပါ
     
      အာဆီယံအမျိုးသားအမွေအနှစ်ဥယျာဉ်
                  နတ်မတောင်

Credit: Original Uploader

 ![image](https://img.esteem.ws/n9zy82t4t2.jpg)
 ![image](https://img.esteem.ws/lz11xjo7m9.jpg)
 ![image](https://img.esteem.ws/uy61poedlb.jpg)
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,