စိုက်ပျိုး သဌေး
myanmar·@domelay·
0.000 HBDစိုက်ပျိုး သဌေး
ခုထိ ရေးစရာခက်ခက်နဲ့မို့ အတော် စဉ်းစားရလေသည် ။ စဉ်းစားရင်း အတွေးများက ငဖြိုးဆိုသော သူဌေးကလေးထံသို့ ရောက်သွားပြန်လေသည် ။ ကျွှန်တော်ပြောလိုသော ငဖြိုးမှာ ဂွေးမြင်ကုန်းရွှာမှ ဖြိုးသာဖြစ်လေသည် ။ ငလှိုင်ရွှာ မဟုတ်ပါ ။ ထို ငဖြိုးဆိုသောသူ သူဌေးဖြစ်လာပုံမှာ အတော်ထူးဆန်းသည် ။ အခြားသူများလို မှောင်ခို တစ်ခုခုကြောင့် မဟုတ်သလို မိဘ အမွှေကြောင့် ထီပေါက်သော ကြောင့်လဲ မဟုတ်ပါ ။ ထီမပြောလေနှင့် မြွှေပင်သူ့ကိုပေါက်မည်မဟုတ် ရွှံ၍ လှည့်ပြေးသွားမည် ဖြစ်ပါသည် ။ ထိုမျ ကောင်းသော ကိုဖြိုးပင်ဖြစ်သည် ။ သူဟာ မျိုးရိုးစဉ်ဆက်ချမ်းသာသူ မဟုတ်ဖဲ အသီးအနှံစိုက်ပျိုးသည့် အလုပ်တ်းခုသာ လုပ်ပြီး ချမ်းသာလာပါသတဲ့ ။  ကိုဖြိုးရဲ့ သီးနှံစိုက်ပုံက ထူးခြားမှု သိပ်ကြီးကြီးကျယ်ကျယ်တော့ဖြင့် မရှိခဲ့ပါဘူး ။ ဒါပေမဲ့ သူက စေတနာထားတယ် ရောင်းရမှ မဟုတ်ပါ ။ အချို့ မရှိဆင်းရဲသူများဆိုလျှင် အလကား ပေး၍ ထောက်ပံ့တတ်ပါတယ် ။ သူကိုယ်တိုင် မချမ်းသာပေမဲ့ သူ့မှာရှိတဲ့ အရာလေးနဲ့ သူတစ်ပါးအဆင်ပြေပါစေဆိုတဲ့ စိတ်ကလေးနဲ့ပေါ့ ။ သူ့စေတနာကြောင့်ထင် သူ့ရဲ့ စိုက်ခင်းလေးမှာလဲ ပိုပိုပြီးဖြစ်ထွန်းပါသတဲ့ ဒါပေမဲ့ ဆင်းရဲသားအများစုနေတဲ့ရွှာဆိုတော့ သူက အလကားပေးသည်သာများပြီး မြို့တက်ရောင်းသောသူများအား အနည်းငယ်သာ ရောင်းနိုင်သတဲ့ ။ ဒါကြောင့် ထိုရွှာကလေးကလည်း ငဖြိုးဆိုလျှင် လွန်စွာမှ ချစ်ခင်ကြပါတယ် ။  ဒီလိုနေရင်း တစ်နေ့တော့ သူ့ရဲ့ စေတနာတွေကြောင့် သကြားမင်းကျောက်ဖျာတင်းလာတာလား စောင့်ကြည့်နေသူ တစ်ဦးတစ်ယောက်ကြောင့်လား စွမ်းအားရှင်ရဲ့ အကူအညီလားတော့ မသိရပါ ။ သိရသည်က သူ့အိပ်မက်ထဲတွင်ဖြစ်သည် ။ အသက်ခပ်ကြီးကြီး ခပ်နုနု အသက်ကြီးသော်လည်း နုသည် စကားပြောခက်ထန်မည်ထင်ရသော်လည်း နုညံ့သည့်လူကြီးတစ်ယောက် ပေါ်လာလေသည် ။ ထို အိမ်မက်အတွင်း မြင်ရသည့်သူ့မှာ အလွန်ချစ်ခင်ဖွယ် ကျားကြီးနှင့် တွေ့လိုက်ရသည့် အတိုင်းပင်ဖြစ်သည် ။ ထိုသူမှ သူ၏ ရေချိုးစင်မှ ရေတစ်ပုန်းကို ယူ၍ မန်းမှုတ်သည် ။ ထိုသို့မန်းမှုတ်ပြီးသည်နှင့် သူ့အား ထိုရေဖြင့် အပင်စိုက်ရန် ပြောသွားလေသည် ။ ထို့နောက် ထိုရေ ကုန်သွားပါက ရေထပ်ဖြည့်ပြီး "ဘာဂွီးလတ်ဂိန် " ဟူသောစကာားလုံးအား ရွှတ်ဆို၍ အပင်ရေလောင်းရန် အမှာတော် ထားခဲ့လေသည် ။ နောက်တစ်နေ့မိုးလင်းသော် ထိုအိပ်မက်အား သူ့မှာ မယုံချင်သေး ။ ထို့နောက် ထိုရေပုံး အတွင်းမှ ရေဖြင့် မျက်နှာ သစ်ရန် လက်ဆေးချလိုက်လေသည် ။ ထိုဆေးချလိုက်သောနေရာတွင် အုန်းပင်ပေါက်ငယ်ကလေး ရှိနေလေသည် ။ ထိုသို့သူ ဆေးပြီးပြီးချင်းမှာပင် ထို အုန်းပင်ပေါက်ကလေးမှာ တဖျတ်ဖျတ်နှင့် သူ့ အရပ်ထက် ငျော်လွန်ကာ ကြီးသွားလေသည် ။ ဒါနဲ့ သူလဲ နောက်ထပ်နည်းနည်း ပြန်လောင်းကြည့်ရာ နည်းနည်း ပိုကြီးသွားလေသည် ။ အပင်များ ထိုကဲ့သို့ ကြီးထွားသွားရာ သူ့ ခရမ်းပင် အခင်းရှိရာသို့သွား၍ ထိုရေဖြင့် လောင်းကြည့်ဘိုက်သည် ။ ခရမ်းပင်ပေါက်များမှာ အသီးပင် ထသီးလာလေသည် ။ ထို့နောက် ထိုပုံးထဲ ရေအကုန်လောင်း၍ ဂါထာအား စဉ်းစားသည် ။ ဘာဂီးလာကွာ ဟာ မရသေး ။ ဘာကီးဝုတ်အဝူးးး ကြားရာအရပ်မှ ခွေးများ အပြေး လာရောက်ကြသည် ။ သူတော်တော်စိတ်ညစ်သွားသည် ။ ရေအသစ်ထပ်မရသေး ။ ထို့နောက် စဉ်းစားရင်းမှ ပြန်သတိရလိုက်သည် ။ "ဘာဂွီးလတ်ဂိန် " အော် နောက်ဆုံးက ခဲမှန်ရင် ထွက်ရတဲ့အသံဘဲ သူသတိရသွားသည် ။ ဂါထာအားလည်း သေချာ မှတ်ထားလေသည် ။ အပျော်လွန်ကာ သူတစ်ပတ်တစ်ခါ သစ်နေကျဖြစ်သည့် မျက်နှာပင်မသစ်ဖြစ်တော့ ။  ထို ရေ အကြောင်းမှာ အခြားသူများကိုပြောပြမရသဖြင့် ငဖြိုးတိတ်တိတ်သာ နေလေသည် ။ ရေလေးလောင်းရုံဖြင့် အသီးများ တစ်ခဏ အတွင်းရလေရာ ကိုဖြိုးမှာ အခြားမြို့နယ်များသို့ သီးနှံများ ကားကြီးကားငယ် ကားလတ် ကားသေးသေးဖြင့် တစ်ရက်ခြား တိုက်ရောင်းနေရသည် ။ တစ်ရက်မှာ ရေလောင်း၍ တစ်ရက်မှာ အသီးနှံရောင်းလေသည် ။ ထိုသို့ဖြင့် အခင်းများလဲ တိုးချဲ့ကာ စိုက်ခင်းများစွာဖြင့် ဂွေးမြင်ကုန်းရွှာတွင်သူ့လောက် ချမ်းသာသူ မည်သူမှ မရှိတော့ပါ ။ ထိုမျှလောက် ချမ်းသာရန်လည်း မမျော်မှန်းရဲကြပါ ။ ကိုဖြိုးမှာ နေ့စဉ်နေ့တိုင်း ဂွေးမြင်ကုန်း ဘုန်းကြီးကျောင်းသို့ ထမင်းဟင်း အခြားပစ္စည်းများ မပြတ်လှူဒါန်းပြီး ။ ဥပုဒ်နေ့တိုင်းလဲရွှာမှ ကလေးလူကြီးလူငယ်မရွှေး ဥပုဒ် စောင့်နိုင်ရန် ရည်ရွှယ်ပြီး ထိုအဖိတ် ဥပုဒ်နေ့တိုင်း ထမင်းဟင်း အခမဲ့တစ်ရွှာလုံးအား ကျွှေးသေးသည် ။ ထို ဘုန်းကြီးကျောင်းတွင် စာပေပညာ သင်ယူနေကြသော ကလေးများအတွက်လည်း စာအုပ် ဘောပင် အဝတ်အထည်မှစ အခမဲ့ ဖြစ်စေသည် ။ သူ့ရေပုံးနှင့် ဂါထာမှာတော့ လိုအပ်မှသာ မသိမသာ သုံးတော့ပြီး လူအများ လယ်အများဖြင့် သူဌေးကြီး ဖြစ်နေလေတော့သည် ။ MSC . 9 <p style="text-align:right;">Photos credit; Google Image</p> <a href="https://www.steemit.com/@domelay ">Phyoe Thant Zin</a> @domelay (အတွေးမျှင်လေးများ)
👍 domelay, rezz12, aggamun, nyinyiwin, kozawmyonaing, mueeya, foreverwithyou, twingyiwunmaung, busy.org, donjaun, aungkhant, ansoe, yway, tinhlaingoo, camelot, curie, liberosist, meerkat, anwenbaumeister, awesomianist, cryptokrieg, ewuoso, sammarkjames, jasimg, dks100, locikll, phogyan, aussieninja, hendrikdegrote, markangeltrueman, aboutyourbiz, thatdamiguy, lizelle, spacetrucker, spectrums, jpphotography, kushed, pharesim, kachinhenry, dante31, marshalllife, techmojo, khayae, newbies, phyowaiaung, ahtaroo, myanmarkoko, gunapeya, shwemon, ayeayephyone,