သိကြပါစေ
myanmar·@domelay·
0.000 HBDသိကြပါစေ
အချို့သူများမှာ အပြင်လောက သဘာဝတွင် ဘယ်လို အနေအထားရှိမည်တော့ မသိတတ်ပါ ။ online ထဲတွင်ပင် အချောင်ရှာသည် ။ မသမာလုပ်သည် ။ မိတော့ ရှက်၍လား မျက်နှာပြောင်းတိုက်၍လား မသိ ပတ်ရမ်းသည် ။ ကျွှန်တော်တို့မှာ အဆဲခံရတာတောင် အပြုံးမပျက် ကောင်းကောင်းမွန်မွန် အကြိမ်ကြိမ် သတိပေးပြောဆိုကာ ဘယ်လိုမှမရလို့ ပစ်ခဲ့ရသူတွေလဲ အများအပြားပါ ။ သူများဟာ ကူးယူရမည် ဆိုလျှင်လဲ အလွန်ကြိုက်တတ်သူများကြသည် ။ ထို့ကြောင့်ပင် account များစွာဖြင့် မသမာသူများ ကြီးပွားနေကြသည်လည်း ဖြစ်နိုင်သည် ။ ကမ္ဘာနှင့် ချီပြီး ပြသနာရှာဦးမည်ဆိုကာ ကိုယ့်စိတ်ဓါတ်ကို တိုင်းသိပြည်သိ ဖော်ပြရဲသူများမှာ လေးစားစရာပင် ဖြစ်တော့သည် ။ အချို့ကလည်း မြန်မာတွေ အသုံးမကျဘူးဆိုဘဲ မြန်မာစာဖြင့် ထိသူမျိုးကိုထာက်ခံတဲ့ သူတွေလဲ အများအပြားပါ ။ သူတို့တွေ မြန်မာ မဟုတ်ကြဘူးလား စဉ်းစားစရာပင် ။ နိုင်ငံခြားက အလည်လာတဲ့သူတွေနဲ့ အမျိုးတော်နေလို့ မြန်မာသွေး သိပ်မရှိသဖြင့် မြန်မာလူမျိုးများကို စော်ကားခြင်း ဖြစ်မည်လား စဉ်းစားစရာပင် ။ မိမိလူမျိုးများ လိုအပ်ချက်ကို အကောင်းမြင်စိတ်နဲ့ အကျိုးဆောင်ချင်စိတ်များ ရှိရဲ့လားလဲ စဉ်းစားစရာပင် ။ နိုင်ငံခြားမှ အကူအညီတောင်း ခြင်းကို အပြစ်မြင်တဲ့သူလဲ ရှိကြသတဲ့ ဒါဆို ယခင်က account တစ်ခုလုံး block ကျလောက်အောင် ပေါက်ကရ မလုပ်ခင် ထိုအကူအညီအောက်မှာ လိုချင်လွန်းလို့ ပြောခဲ့တဲ့ စကားလုံးလေးတွေ သတိမရတော့တာလား ? account အသစ်တစ်ခု ဖြစ်သွားတာနဲ့ ဘဝတစ်ခုလုံးပြောင်းသွားကြတာလား မတွေးတတ်တော့ပေ ။  Steem Power များသူတွေက နည်းတဲ့သူတွေကိုထောက်ပံ့ရင်တဲ့ မထောက်ပံ့ခဲ့ဖူးလို့လား ? vote တွေပေးလွန်းလို့ အချို့ power down ပြီး သူဌေးလိုနေချိန် ကိုယ့် Power မှာ ဆက်မတက်နိုင်လောက်အောင်ကို ပေးခဲ့ဖူးကြတာပါ ။ အသစ်တွေကို လက်တွဲခေါ်သယောင်နဲ့ ပေါက်ကရတွေသင်ပေးသမျှ အမုန်းခံ လိုက်ပြင်ပေးရတယ်လေ ။ မုန်းပါစေ သူတို့အောင်မြင်ရင် ကျေနပ်ပါတယ် ။ အသစ်ဝင်လာသူများ စိတ်မကောင်းဖြစ်မှာစိုးသည့်အပြင် အဟောင်းများလဲ ကောင်းပါစေရည်ရွယ်၍ အချို့သူတို့ယုံကြည်သူတွေဟာ မသာမာမှုများစွာနဲ့ MSC မှ ကျောခိုင်းထားသူများဖြစ်ကြောင်း မပြောပြခဲ့ပါဘူးနော် ။ အားလုံးအဆင်ပြေစေဖို့ ဘယ်နေရာ ကူညီရမလဲဆိုတာဘဲ တွေးခဲ့တာ လူသစ်များလဲ သိနိုင်ပါစေ ။ အချို့ကို ပြောတာပါနော် အကုန်တော့ မကောင်းတဲ့သူ မဖြစ်နိုင် ။  စည်းကမ်းများ အများအပြား ထွက်လာရခြင်းမှာလဲ ဥာဏ်ကြီးရှင် ဆရာကြီးများ ပေါများသဖြင့် ထိုပေါက်ကရဆရာကြီးများအတွက် စည်းကမ်းများ များလာပါတယ် ။ ရှေးယခင်ကတည်းက ကောင်းမွန်စွာ ရပ်တည်ခဲ့ကြလျှင် စည်ကမ်းများမှာလဲ ထိုမျှ များလိမ့်မည် မဟုတ်ပေ ။ ယခုအချိန်တွင် လူသစ်အတွက် အမေးအဖြေများပါ ပြုလုပ်နေရပါသတဲ့ ။ တစ်ကယ်တော့ သိပ်မထောက်ခံရဲ ဘာမှမရခင် စည်းကမ်းလိုက်နာပါ့မည်ဘာညာနဲ့ နောက်တော့ ဆဲဆိုသွားသူများ လုပ်ချင်တာလုပ်သူများ အများအပြားပင်ရှိခဲ့ဖူးသည် ။ ထို့ကြောင့် MSC menbers များ အသစ်ဝင်ရောက်မှုကိုပင် ထိမ်းထားရသည် မဟုတ်ပါလား ။ အားလုံး စည်းစနစ်တစ်ကျ စည်းစည်းလုံးလုံး ပါဝင်ကြလျှင် ပိုမကောင်းပေဘူးလား ။ အချို့မှားနေသော အယူအဆလေးများ ခေါင်းထဲ ရိုက်သွင်းခံထားရလျှင်ရော အမှန်ကို မပြောင်းနိုင်ကြဘူးလားဗျာ ။ အချို့ လာမေးကြပါသည် ထိုမေးတာကို ပြောပြပေးသည် ထိုအတွက် အခြား chatbox တစ်ခုတွင် ကြည့်ပြီး ဝိုင်းဟားနေမည်ကိုလည်း သိပါသည် ။ သို့သော် နည်းနည်းဖြစ်ဖြစ် အမြင်မှန်လေး သန်းလာမလား ငပေါ အဖြစ်ခံ၍ ပြောပြနေမိဆဲပါ ။ ဒါပေမဲ့ ငပေါဟာ ငပေါလို့ဘဲ ယူဆသူများလဲ အများအပြား ရှိနေမှာပါ ။ လွတ်လပ်စွာ ဝေဖန်သုံးသပ်နိုင်ပါသည် ။ အမှားများအားလည်း စိတ်ကြိုက် ထောက်ပြရန် ဖိတ်ခေါ်ပါသည် ။ မည်သူ့ကိုမှ စိတ်မဆိုးပါ ။ ပို့မည့် မေတ္တာ ဆဲသံလေးများ ကြားရမလားလို့ သောသဆင်ရင်း ။ MSC . 9 <p style="text-align:right;">Photos credit; Google Image</p> <a href="https://www.steemit.com/@domelay ">Phyoe Thant Zin</a> @domelay (အတွေးမျှင်လေးများ)
👍 domelay, zinminhtet, pannthiri, aggamun, jupiter002, thatkozaw, mueeya, foreverwithyou, nyinyiwin, yethihakyaw, twingyiwunmaung, ayaechanm, phyowaiaung, yairthiha, thetlyar, ayemomo, ahtaroo, donjaun, virra-var, isacoin, bitcoinbutter, suhlaing, ansoe, pyaesone101, konyinyitun, kyawthuyein, shweyaungmyanmar, gunapeya, gelatofresco, kachinhenry, pyaesonekhinkhin, zinzin, zinmin2411, htetwaihin,