ဈေးရောင်း သင်္ချာ
myanmar·@domelay·
0.000 HBDဈေးရောင်း သင်္ချာ
တစ်ခါက ရွှေကူ ဈေးတွင် ဖြစ်သည် ။ ကျွှန်တော် လိမ္မောသီးဝယ်သွားဖို့ အကြံဖြစ်သည်နှင့် ဈေးမေးသည် ။ " အမေကြီး လိမ္မောသီး ဘယ်ဈေးရောင်းလဲခင်ဗျာ " ဆိုတော့ " တစ်လုံးကိုနှစ်ရာ ငါးရာဖိုးကို သုံးလုံး " တဲ့ ဒါနဲ့ ကျွှန်တော်လဲ " တစ်ထောင်ဖိုး ယူမယ်ဆိုပြီး တစ်ထောင်ပေးကာ ခြောက်လုံးကောက်ထည့်တာပေါ့ ။ အဲ့ဒီမှာဘဲ ပျာပျာသလဲ တားဆီးခံလိုက်ရတယ် ။ " တစ်ထောင်ဖိုးကို ငါးလုံးလေ နင့်ဟာ ခြောက်လုံး ဖြစ်နေတယ် " ဟိုက် ဘယ်လိုဖြစ်ပါလိမ့် ။ " ငါးရာဖိုး သုံးလုံး ဆို တစ်ထောင်ဖိုးဆိုတော့ ခြောက်လုံးရမှာပေါ့ " ဆိုတော့ " မရပါဘူး တစ်လုံးနှစ်ရာရောင်းတာ နှစ်ငါးလီ တစ်ဆယ် ငါးလုံးဘဲ " တဲ့ ဂွတော့ကျပြီ ။ သူ့တွက်ပုံကလည်း တစ်မျိုးလေးဆန်းနေသား ။ ဒါနဲ့ ကိုယ်လဲ ဘယ်ရမလဲ " ဒါဆိုငါးရာဖိုးဘဲ ယူမယ်ဗျာ " " အေးအေး " သုံးလုံးရလိုက်တယ် ။ နည်းနည်းဟုတ်လာပြီ ငါးရာလဲ ပြန်အမ်းလာတယ် ဒါနဲ့ " နောက်ထပ် ငါးရာဖိုး တစ်ထုပ် ထပ်ထုပ်ပေးခဲ့ပါ " အဆင်ပြေတယ်ဗျာ နောက်ထပ် သုံးလုံး ပြန်ထုတ်ပေးခဲ့တယ် ။ ကျွှတ်ကျွှတ်အိပ် တစ်အိပ်တောင် အပို ရခဲ့သေးတယ် ။ လူပါ နည်းနည်း အူကြောင်ကြောင်ဖြစ်သွားတယ် ငါးရာ နှစ်ခါဝယ်မှ ခြောက်လုံး ရသကိုး ။  နောက်တစ်ခုက ထိုတစ်ခုလိုပါဘဲ သင်္ချာပညာရှင်တစ်ယောက် ဈေးဝယ်သတဲ့ ။ သူလာဝယ်တာက နေကြာစေ့ဖြစ်သည် ။ အပေါ်တွင် ဆိုခဲ့သည့်အတိုင်း တစ်ဘူး သုံးရာပေးရသည် ။ သို့သော် နှစ်ဘူးယူသော် ခြောက်မဖြစ် ငါးရာသာဖြစ်သည် ။ သူတော်တော်စဉ်းစားသည် ။ သူသင်ထားသကဲ့သို့ အပေါင်းအနှုတ် အမြောက်အစား ပုံသေနည်းအတိုင်းမဟုတ် ။ သူနှစ်ဘူးကို ငါးရာနှင့် ရလိုက်သည် ။ သို့သော် ထိုနှစ်ဘူးတင် မဟုတ်သေး လက်တစ်ဆုတ်ပါ အပိုရလိုက်သေးသည် ။ ထိုသင်္ချာပညာရှင် ပြောသည်မှာ'' ငါ သင်္ချာကို ပြန်လေ့လာရဦးမှာပါလား '' တဲ့ ။  တစ်ခါတစ်ရန် အပြင်လောက ဆက်ဆံရေးတွင် ပုံသေနည်းများအတိုင်လုပ်နေ၍ မဖြစ်ပေ ။ လက်တွေ့ဆိုသည်မှာလဲ စာတွေ့ထက် ထိရောက်နိုင်စွမ်းရှိသည် ။ အဖန်ဖန် အလီလီ ပြုလုက်ခြင်းဖြင့် ကျွှမ်းကျင်မှုကိုရရှိသည် ။ ကျွှန်တော်တို့ကျောင်းမှာ ဆယ် ဂဏန်းလောက်ကို လက်ချိုးတွက်နေချိန် အပြင်တစ်နေရာတွင် ရွှယ်သူတစ်ယောက်မှာ ဗန်းကလေးဖြင့်ဈေးလည်ရောင်းပြီး ရောင်းရငွေကို အလွတ်တွက်နိုင်နေလေပြီ ။ သို့သော် ဆက်လက်လေ့လာမှုဆိုရာတွင်လည်း ကွာခြားမှုရှိလာသဖြင့် အပြင်တွင်ဈေးရောင်းသူမှာ သူ့ဝမ်းရေး မိသားစုဝင်ငွေရရေးထက် ပိုမလေ့လာဖြစ်ကြသည်ကသာ အလွန်များပါသည် ။ ကိုမိုးဇော်ရဲ့ စာလေးဖတ်ပြီး သူဈေးဆစ်တာနဲ့ ပတ်သက်ပြီး ကျွှန်တော်လဲ ရေးမိရေးရာ ဈေးဆစ်လိုက်ပါတယ် အမှားလေးတွေလဲ ထောက်ပြကြပါဦးဗျာ ။ MSC . 9 <p style="text-align:right;">Photos credit; Google Image</p> <a href="https://www.steemit.com/@domelay ">Phyoe Thant Zin</a> @domelay (အတွေးမျှင်လေးများ)
👍 domelay, phyowaiaung, mueeya, foreverwithyou, twingyiwunmaung, legendaryjone, smiing11, glorialion, golden-myanmar, aggamun, hr1, busy.org, jamunawng, zawmyo, masterinnwa, alanzheng, htwegyi, mgmgaung, aungzawhtwe, camelot, curie, liberosist, meerkat, locikll, jasimg, cryptokrieg, anwenbaumeister, markangeltrueman, aboutyourbiz, hendrikdegrote, emanuellindqvist, slickhustler007, kushed, pharesim, kachinhenry, steemulator, coloringiship, gohba.handcrafts, nainghtookhant, thetlyar, zayarch, suhlaing, ayeayephyone, thithisann, khayae, pawchar, khinzarwin, ansoe, htetwaihin,