3 Points for Us

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
3 Points for Us
![](https://images.ecency.com/DQmdFC5GeDdsap8XSVyeGa7GF7Rcmi8VA3xNeBcRdohZMiQ/1707736905124.jpg)

EPL ပွဲစဉ် (၂၄) ကတော့ ပြီးသလောက် ရှိသွားခဲ့ပြီ ဖြစ်၏။ ခရစ်စတယ်ပဲလေ့နှင့် ချယ်လ်ဆီးတို့၏ ပွဲသာ ကျန်၏။ မြန်မာစံတော်ချိန် နက်ဖြန် မနက် ၂ နာရီခွဲတွင် အဆိုပါ ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ ဒီတပတ်က ပွဲကောင်းတွေ များသလို ပြောစရာတွေလည်း များ၏။ များလို့လည်း ခွဲခွဲပြီး ပြောနေရ၏။ ပြီးသော ပွဲစဉ်တွေတုန်းကဆို ပွဲတွေ အားလုံးပြီးမှ ပေါင်းပြော ပေါင်းရေးလို့ ရ‌၏။ ခုက ခွဲရေး ခွဲပြောမှရယ်။

ဒီတပတ် ဆိုင်ရာလိဂ်တွေမှာ ဦးဆောင်တဲ့အသင်းတွေ မပြောင်းမလဲ ရှိကြ၏။ စပိန်နှင့် ဂျာမန်မှာဆို အဆင့် (၁) အသင်းတွေက အဆင့် (၂) က အသင်းတွေကို (၅) မှတ်ထိကို ဖြတ်ပြီး ဦးဆောင်ထားကြပြီ ဖြစ်၏။ EPL မှာတော့ အဆင့် ၁၊ ၂၊ ၃ အသင်းတွေက အမှတ်ကွာဟချက် အနည်းစီဖြင့်သာ အပြိုင်အဆိုင် ဖြစ်နေခဲ့၏။

မနေ့က ယူနိုက်တက်တို့ အက်စတုန်ဗီလာကို အဝေးကွင်းမှာ အနိုင်ယူပြီး ဥရောပ ဝင်ခွင့် အိပ်မက်ကို ခိုင်မာသထက် ခိုင်မာလာအောင် အကောင်အထည် ဖော်လာနိုင်ပြီ ဖြစ်၏။ (၁-၁) ဖြစ်နေရာကနေမှ ပွဲချိန် ၈၅ မိနစ် အရောက်မှာမှ သွင်းယူခဲ့သည့် တော်မီနေး၏ ဂိုးကြောင့် သရေတမှတ် အစား၊ အနိုင် (၃) မှတ်ကို ရယူနိုင်ခဲ့၏။ ဗီလာတို့ အနေဖြင့် ယခုပွဲ ရှုံးနိမ့်မှုကြောင့် အဆင့် (၄) နေရာကို စပါးလက်သို့ အပ်လိုက်ရပြီး အဆင့် (၅) နေရာသို့ ဆင်းပေးလိုက်ရ၏။ 


![](https://images.ecency.com/DQmYvPzStqWpAMMMxu9KSVbETJQufb7rFe43CHtm49yYdS3/1707736905016.jpg)


ခုဆို ယူနိုက်တက်တို့ အဆင့် (၄) က စပါးနှင့် ၆ မှတ်၊ အဆင့် (၅) က အက်စတုန်ဗီလာနှင့် ၅ မှတ်ကွာ အနေအထား အဆင့် (၆) သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ 

ဒီနေ့ မနက် အစောက အာဖရိကဖလား ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစား၏။ အိုင်ဗရီကိုစ့်အသင်းက နိုက်ဂျီးရီးယားကို (၁-၂) ဂိုးဖြင့် အနိုင်ရပြီး ချန်ပီယံဆုကို အရယူသွားခဲ့၏။ နည်းပြကို ထုတ်ပယ် လိုက်ပြီးမှ ဖလားတွေဘာတွေ ထရသည့် အသင်းအဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့၏။ 

ဒီတပတ်ရဲ့ ရုပ်အပေါက်ဆုံး ပွဲကတော့ ဂျော်ဒန်နှင့် ကာတာတို့၏ အာရှဖလားဗိုလ်လုပွဲ ဖြစ်၏။ ပင်နယ်တီချည်း (၃) ဂိုးဖြင့် ကာတာတို့ အာရှဖလား ချန်ပီယံ နှစ်ထပ်ကွမ်း ဖြစ်သွားခဲ့၏။


![](https://images.ecency.com/DQmaLLTb7fgUp2ERdyhuf2AsCXtjpwuud7Roh4Kdxzto8Yz/fb_img_1707737089983.jpg)


_(Photo from Respective Team and Organization Facebook pages)_
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,