Child is... (Final Chapter)
myanmar·@donjaun·
0.000 HBDChild is... (Final Chapter)
 တူတော်မောင်ကတော့ ဆေးပတ်လည်အောင် တိုက်လိုက်နိုင်သဖြင့် တနင်္ဂနွေနေ့မှာ သက်သာလာ၏။ မဖျားတော့ပေ။ တူမလေးကတော့ ဆက်ဖျားနေသေး၏။ အင်္ဂလိပ်စာ သင်တန်းသို့ သွားလို့ ရသော်လည်း တူတော်မောင်က မသွားပေ။ ပျင်းသည့် နေရာမှာတော့ ဆရာကျ၏။ သူ့ အမေက ပို့မည် စဉ်းစားသော်လည်း ခဏနေ တူမလေးက နေမကောင်းဘဲနှင့် သွားချင်နေမည် ဆိုးသဖြင့် မပို့ဘဲ ထားလိုက်ရ၏။ ဒါတောင် တူမလေးက ငိုမဲ့မဲ့နှင့် ဖြစ်နေ၏။ ကျူရှင် မသွားရလို့တဲ့။ တူလေးနှင့် တူမလေးမှာ တူမလေးက စာကို ပိုပြီး စိတ်ဝင်စား၏။ တူတော်မောင်ကတော့ နည်းနည်း ပျင်း၏။ သူက စာကို စိတ်မ၀င်စားသူ ဖြစ်၏။ ဥာဏ်က ကောင်း၏။ သို့ပေမယ့် စာကို စိတ်မ၀င်စားတော့ စာလုပ်ချိန်တိုင်း သူ့အမေနှင့်သူ ရန် ဖြစ်ရလေ့ ရှိ၏။ အမေက အော် သားက ငိုနှင့် ဆူညံလို့နေတော့၏။ ယခု ဖျားနေလို့သာ ထိုအသံများကို မကြားရခြင်း ဖြစ်၏။ ကျူရှင်ကလည်း မသွားရဘူးကိုး။ ကျောင်းက တနလာင်္နေ့ပါ ပိတ်လို့ တော်သေးတော့၏။ တနင်္ဂနွေနေ့မှာပါ မသက်သာသဖြင့် တူမလေး ဆေးခန်းသွားဖို့ ဖြစ်လာ၏။ တနလာင်္နေ့မှာတော့ သူ့ကို ဆေးခန်း ပို့၏။ ယောက်ဖက အလုပ်တဖက်နှင့် မအားသဖြင့် ကျနော်ကပဲ ဆေးခန်း လိုက်ပို့ ရ၏။ သို့ပေမယ့် သိသည့် အတိုင်း ယခု ရက်ပိုင်းမှာက မိုးက မပြတ်ဘူးကိုး။ မိုးက ရွာပါလေရော။ သို့နှင့် ကားနှင့်သာ သွားဖို့ ပြင်ရတော့၏။ အသိ အငှားကား မောင်းသူကို ph ဆက်ပြီး လှမ်းခေါ်ရ၏။ တအောင့်နေတော့ ရောက်လာ၏။ အမက လိုက်မို့လည်း လိုက်ကူဦး ဆိုသဖြင့် လိုက်ကူပေးရ ပြန်၏။ တူမလေး ပြနေကြ ဆေးခန်းက အိပ်နှင့် နည်းနည်းလှမ်း၏။ ဈေးကလည်း ကြီး၏။ သူ တခါ တခါ ဖျားလို့ ဆေးခန်း သွားပြတိုင်း (၂) သောင်း နီးနီး ကုန်၏။ ဈေးကကြီးပေမယ့် သူနှင့် ထို ဆရာဝန်၊ ထိုဆေးက ကိုက်သည် လိုက်သည် ထင်၏။ ထိုဆေးခန်း သို့ သွားလိုက်ပြီးလျှင်တော့ သက်သာ သွားလေ့ ရှိ၏။ ထို့ကြောင့်ပဲ တူမလေး အဖေ (ကျနော့် ယောက်ဖ) က ပိုက်ဆံ ကုန်မှ သက်သာမှာ ဆိုပြီး ပြောလေ့ ရှိ၏။ ဟုတ်လည်း ဟုတ်နေသည်ကိုး။ ဘာပဲ ပြောပြော ဒီနေ့တော့ ကျောင်းမသွားရပေ။ သူ့ မောင် (ကျနော့်တူ) ကတော့ ကျောင်းသွားလိုက်ပြီ ဖြစ်၏။ သက်တော့ သက်သာ နေပြီ ဖြစ်ပေမယ့် အရှင်း မပျောက်သေးလို့ ကျောင်းမပို့သေးခြင်း ဖြစ်၏။ အိမ်မှာပဲ နားနား နေနေပေါ့။ ကလေးတွေ ဖျားလျှင် လူကြီး တွေ မဟုတ်ဘူးမလား။ လူကြီးတွေလိုလည်း ခံနိုင်ရည်က မရှိဘူးကိုး။ ဒါပေမယ့် ကလေးတွေမှာ ရှိတဲ့ ရောဂါကို ခုခံတိုက်ဖျက်သည့် စနစ်က လူကြီးတွေထက် ပိုပြီး ကောင်းသည် ဆို၏။ သူတို့ မြန်မြန် နေကောင်းဖို့ မျှော်လင့်ပါ၏။ နေကောင်းပါစေလို့လည်း ဆုတောင်းနေမိ၏။ # **Don Jaun** **MSC 31**
👍 donjaun, myintlwinsoe, ansoe, shwemon, nyinyiwin, fyrstikken, tinhlaingoo, lwanwai, suhlaing, sawlwin, billionairehein, aunggyi100, laissez-faire, golden.future, ratticus, uthantzin, sheinthu, domelay, camelot, curie, liberosist, aboutyourbiz, skycae, dashfit, zipporah, niouton, schroders, operahoser, jayna, joendegz, stahlberg, hansmast, didic, neumannsalva, misia1979, drmake, kylealex, gabrielatravels, ilovecryptopl, rhethypo, chickenmeat, javier.dejuan, psygambler, gmedley, locikll, mininthecity, zlatkamrs, annaabi, vact, gordon92, reizak, trang, eu-id, kenadis, maticpecovnik, onemedia, blewitt, bflanagin, pulleyhead, hendrikdegrote, lekang, allcapsonezero, eurodale, dokter-purnama, ambitiouslife, reverseacid, anwenbaumeister, zerotoone, tensor, revo, joshman, cryptononymous, wallyt, breakout101, tombstone, blueorgy, dearw, goblinknackers, dronegraphica, pvinny69, bluemaskman, neneandy, positiveninja, yaelg, idlejack, map0226, alfatron777, brendanweinhold, bernardwest, peaceandwar, thescubageek, cleiver, doifeellucky, wackou, iansart, warpedpoetic, mariusfebruary, alvin0617, felt.buzz, prapanth, buttcoins, sanderjansenart, urme33, jesse5th, bitcoinportugal, cryptofuwealth, herculean, chrisluke, longer, gpcx86, sumotori, poppie-schultz, jiujitsu, danaedwards, shinedojo, vegan.niinja, gracelbm, goodcontentbot, mammasitta, rival, massivevibration, bennettitalia, macoolette, eric-boucher, nicole-st, hhtb, yomismosoy, goodway, kafupraise, xanderslee, nwjordan, lk666, ivan-g, flatman, oghie, markko,