ဒီဂျစ်တယ် စုဗူး

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
ဒီဂျစ်တယ် စုဗူး
![uyhhhmzuxp.jpg](https://img.esteem.ws/uyhhhmzuxp.jpg)

ဒီကာလကြီးမှာ အိမ်က တူ၊ တူမလေးတွေ ပညာရေးနှင့် ပတ်သက်ပြီး အလှမ်းဝေးသွားမှာ စိုးရိမ် ရ၏။ ထို့ကြောင့် ရှိလို့ရယ် မဟုတ် ပေမယ့် ကုတ်ကပ်ဖဲ့ကာ online class လေး တခု ထားပေးထား၏။ English စာ သင်တန်း ဖြစ်၏။ ကလေးတွေက နှစ်တန်း တက်ရတော့မည် ဖြစ်၏။ ခုတော့ ငစစ်နှင့် ငဗစ်ကြောင့် (၂) နှစ်လောက် နစ်နာရပြီ ဖြစ်၏။ ကိုယ့် အိမ်က ကလေးတွေတင် မဟုတ် တနိုင်ငံလုံးက ကလေးများ၊ လူငယ်များ အားလုံး နစ်နာ ရ၏။ အချိန်တွေ ပုပ်ရ၏။ 

လူတစု အာဏာရူး၊ အာဏာမက်မှုက လူအမျယးကြီး ဒုက္ခ ရောက်ရ၏။ ထားပါ ဒါတွေက ကျနော်တို့ သိပြီးသား၊ ကြုံနေရတာတွေဆိုတော့ ထားတော့။ အစောက သင်ကြားရေး၊ ပညာရေးနှင့် ပတ်သက်ပြီး ဆက် ပြောပါရစေ။ တက်သိဘနားလည်သည့် ပညာရှင်တွေကတော့ English စာနှင့် Maths ကို အဆက် မပြတ်သွားစေရန် လေ့လာထားသင့်ကြောင်း အကြံပြုကြ၏။

ကျနော်လည်း အိမ်က ကလေးတွေကို ကိုယ် တတ်နိုင်သလောက်လေးတော့ လုပ်ပေးပါ၏။ ဒါပေမယ့် ကလေးငယ်တွေကို သင်ပေးရတာက လွယ်မယောင်နှင့် ခက်၏။ ပိုဆိုးတာက သူစိမ်း မဟုတ် ကိုယ့်သွေးသားရင်း ဆိုတော့ သာပြီး ခက်သေး၏။ အခြားသူတွေတော့ မသိ အိမ်က Fighters တွေနဲ့က ကျနော်က သူငယ်ချင်းပေါင်း ပေါင်းတာဆိုတော့ ထင်သလောက် မလွယ်လှပေ။ ဒါပေမယ့်လည်း ရသလောက်ပေါ့။ online class လေး ရှိနေလို့ တော်သေး၏။


![img_0.9404109995440785.jpg](https://images.ecency.com/DQmeJYEypFRF6goMut6UE8wZm1zZKbAbVNmmDw6K3GxRQR7/img_0.9404109995440785.jpg)


မိဘများကို အကြံပေးလို၏ ကျောင်းစာ အပြင် ပြင်ပ အကြောင်း အရာ ဗဟုသုတ များကိုပါ အလျဥ်းသင့်ရင် သင့်သလို ဖတ်မှတ် သင်ကြားပေးစေလို၏။ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ် အလိုက် သူတို့ကို အသိပညာတွေ မျှဝေပေး၊ သိရှိစေလို၏။

ဥပမာ ကျနော့်လို ဆိုလျှင် ကျနော် အထိုက်အလျောက် သိသည့် HIVE blockchain နှင့် ပတ်သက်ပြီး သူတို့ကို မျှဝေပေး ပြောပြပေး၏။ (၁၀) နှစ် မပြည့်သေးသဖြင့် တချို့ ခက်ခဲ တာတွေကို ချန်ပြီး သူတို့ နားလည် နိုင်လောက်သည့် အခြေခံ အကြောင်းချင်းရာများကို ပြောပြပေး၏။ သူတို့ အတွက် HIVE account လည်း ဖွင့်ထားပေး၏။ လောလောဆယ် ပိုစ့်တင် ဖို့  ကျနော့် အကူအညီ ယူရပေမယ့် တချိန်မှာ တော့ သူတို့ဟာ သူတို့ လုပ်နိုင်သွားပေလိမ့်မည်။ 

ထိုအချိန် သူတို့ ထံမှာ HIVE power လည်း အတော် အသင့် ရှိလောက်ပြီပေါ့လေ။ သူတို့ အတွက် Digital စုဗူး တခု အဖြစ်ပေါ့။ မိတ်ဆွေတို့ အနေဖြင့်လည်း ကိုယ့်သား၊ သမီး တူ၊ တူမ အတွက် တခုခု တော့ လုပ်ပေးနိုင်လျှင် လုပ်ထားပေးသင့်၏။ YouTube channel လုပ်ပေးတာမျိုး ဖြစ်ဖြစ်ပေါ့။ HIVE account လုပ်ပေးချင်တာမျိုး ဆိုလျှင်လည်း ကျနော် ရှိပါတယ်ဟု ပြောလိုက်ပါရစေ။

စာကြွင်း ။ ။ တူလေး၊ တူမလေး အတွက် နေ့စဥ် ပိုစ့်တင်တာက မခက်ပေ။ သူတို့ ဆွဲထားသည့် ပုံလေးတွေကို ဓာတ်ပုံ ရိုက်ပြီး တရက်တပုံ တင်သွားပေးလိုက်ရုံသာ။
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,